Tuesday, 14 March 2017

Kota Bharu ခရီးစဉ်.....(၃)





အိမ်ရှင်သူငယ်ချင်းကျွေးတဲ့ မနက်စာမုန့်ဟင်းခါး ဗူးသီးကြော်က ရှယ်ကောင်းတာ အိမ်မှာကိုယ့်ဘာသာကို မုန့်နှစ်စပ်ပြီး ကြော်တာ ... ပဲကြော်ကတော့ လွိုင်ကော်ကပဲကြော်တဲ့...။ သူငယ်ချင်းက လွိုင်ကော်ဇာတိမို့ နောက်နှစ်သူပြန်လာရင် လွိုင်ကော်လိုက်လည်ဖို့ပါ ဘိုကင်လုပ်ထားကြပြီ...။ လွိုင်ကော်က ကယားဝက်အူချောင်းနာမည်ကြီးဆိုပဲ ကျွန်မတော့ အဲဒါကိုကြားဖူးနေတော့ စိတ်ဝင်စားနေတာ..။ အသားထဲကို ငရုတ်သီးနဲ့ တခြားဟင်းခတ်ရွက်တွေဘာတွေ ထည့်ထားတဲ့..ရှမ်းဝက်အူချောင်းနဲ့ ခပ်ဆင်ဆင်တူပါတယ်..။


ဖဘစကားနဲ့ခေါ်ရင် မွင်းဂါး





ကျွန်မတို့မနက်စာစားပြီးတော့ ထိုင်းနယ်စပ်ဈေးသွားတဲ့လမ်းပေါ်မှာရှိတဲ့ ထိုင်းဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနှစ်ကျောင်းဝင်ပြီးဘုရားဖူးခဲ့သေးတယ်...။ပြီးတော့မှ ဈေးဝယ်ထွက်ကြတာ...။





ဘုန်းကြီးကျောင်းထဲက ပန်းတွေ တွေ့တာမြင်တာ အကုန်ရိုက်






မရဘူး ကင်မရာမပါပေမယ့် ၀ါသနာကိုတော့ တားမရဘူး ခိခိ












သူငယ်ချင်းကိုးကွယ်တဲ့ ဘုန်းဘုန်းကြီး ခုတော့ ပျံလွန်တော်မူသွားခဲ့ပြီ


A P P L E ပန်းသီး


ထိုင်းဈေးက အိမ်သုံးမီးဖိုချောင်ပစ္စည်းတွေ ၀ယ်လို့ကောင်းမှကောင်း


ဖန်ကြွေ ရေသန့်အိုးကြီးတွေကြိုက်လိုက်တာ မသယ်နိုင်လို့ မ၀ယ်ဖြစ်


ပလပ်စတစ်ရေသန့်ဗူးလေးတွေကလည်း ချစ်စရာ


ကော်ဖီပန်းကန်းနဲ့ ထမင်စားပန်းကန်တွေ ဒီဇိုင်မျိုးစုံ

















ထိုင်းဈေးကပြန်လာတော့ ကားထဲမှာပစ္စည်းအပြည့် ဂိတ်ဖြတ်တော့ အခွန်ကောက်မှာစိုးလို့ ပစ္စည်းတွေကို အောက်ထဲ ဖိသိပ်ထည့်ထားရသေး..။ ပစ္စည်းတွေ ကားအပြည့်နဲ့ဆို သူတို့က ရောင်းဖို့အတွက် ထင်ပြီး အခွန်ကောက်တတ်တယ်တဲ့..။


ဗိုက်ဆာဆာနဲ့ ဒီတဲအိမ်လေးထဲက ခေါက်ဆွဲဝင်စားကြတယ်
ဒီနယ်မှာ သူက နာမည်ကြီးတဲ့


 ဆိုင်ရှေ့မှာ ချိတ်ဆွဲထားတဲ့ ငှက်လှောင်အိမ်တွေ 














ခေါက်ဆွဲက ၀က်သားနဲ့မို့လို့ ၀က်သားမစားတဲ့သူငယ်ချင်းတစ်ယောက်အတွက် ထမင်းသုပ်...။ သူငယ်ချင်းက မစားနိုင်လို့ တလုတ်မြည်းကြည့်တာ ဆန်လုံးကမကောင်းရတဲ့ကြားသူတို့ထမင်းသုပ်က ဆီမပါပြားမပါ ခြောက်ကပ်ကပ် အပြင် ဖက်ဖိုင်ရွက်နံ့က တော်တော်ဆိုးဆိုးပဲ အပေါ်က ဖြူးထားတဲ့ အမှုန့်တွေက ငါးပြုတ်ကြော်အမှုန့်လေးတွေတဲ့..။ ကိုယ်တွေဆီမှာ ပုစွန်ခြောက်မှုန့်သုံးသလိုနေမှာ..။



 ရှောက်လက်ဖက်ရည်အေး သူက ဘာစားစား စားပြီးရင် မပါမဖြစ်ပေါ့


 ကျွန်မကတော့ ခေါက်ဆွဲဆိုဘယ်လိုပုံစံဖြစ်ဖြစ် အကုန်ကြိုက်တော့ ကွက်စတိပေါ့ ..။ ဆီချက်ခေါက်ဆွဲပါပဲ သူက အရွက်လေးထည့်ထားတယ် ငရုတ်ချဉ်နဲ့တွဲစားရတာပိုကောင်းတယ် ဟင်းရည်ချိုချိုလေးနဲ့..။



 



ငယ်တုန်းက အိမ်မှာ ခေါက်ဆွဲသွားဝယ်လို့ လူကြီးတွေခိုင်းရင် ဒါမျိုးချိုင့်နဲ့သွားဝယ်ရတယ်..။ အရင်တုန်းကတော့ ခုလို အရောင်နဲ့မဟုတ်ဘူးပေါ့..။ အဲဒါလေးတွေ ကြိုက်လို့ နှစ်မျိုးတောင်ဝယ်ခဲ့တယ် အဖုံးပါတာရယ် ရိုးရိုးချိုင့်ရယ်။



 မုန့်စကြာင်္လုပ်တာတစ်ခုနဲ့တခြား မီးဖိုချောင်သုံး ဇွန်းခရင်းယောင်းမတွေနဲ့ cookies  cutter တွေဝယ်ခဲ့တယ်



 ဖယောင်းတိုင်မီးအိမ်ကလေး











 


ညနေကျတော့ ကမ်းခြေသွားလည်ကြတယ်..။ တကယ်တမ်းက တစ်ညအိပ် ကမ်းခြေခရီးတစ်ခုစီစဉ်ထားခဲ့တာ..။ နောက်တော့ ဈေးဝယ်ဖို့ပဲ စိတ်များနေကြတဲ့ သူငယ်ချင်းတွေက မဲများသွားလို့ ကမ်းခြေ အစီစဉ်ကိုဖြတ်လိုက်ပြီး KB မြို့စွန်မှာရှိတဲ့ ကမ်းခြေကိုပဲ လေညင်းသွားခံလိုက်ကြတယ်..။





တောင်တရုတ်ပင်လယ်...။ လှိုင်းကြမ်းတယ် ကမ်းခြေနက်တယ်...။ ရေဆင်းကူးဖို့ လှိုင်းစီးဖို့က ရေလှိုင်းကို ကြည့်တာနဲ့တင် ကြောက်စရာ  ...။



 သူများတွေက ဓါတ်ပုံတွေရိုက် ကျွန်မက ခရုပိစိကွေးလေးတွေကောက်




 





 





လေညှင်းခံပြီး ကမ်းခြေစပ်နားက ဆိုင်မှာထိုင်ပြီး အုန်းရည်သောက်ကြတယ်...။ အုန်းရည်ရောင်းတဲ့ဆိုင်က ကလေးလေး ဓါတ်ပုံရိုက်မယ်နော်လို့ ဖုန်းကင်မရာကိုချိန်လိုက်တာနဲ့ သူက အဲလို လက်နှစ်ချောင်းထောင်ပြတယ် ချစ်စရာ...။


ရောက်လေရာအရပ်မှာ ချစ်စရာကောင်းတဲ့ကလေးလေးတွေနဲ့ ဓါတ်ပုံအတူရိုက်ချင်ရတာကလဲ အမော...

အပိုင်း(၄) မျှော်....း)


မိုးငွေ့

Wednesday, 8 March 2017

Kota Bharu ခရီးစဉ်.....(၂)

သူငယ်ချင်းအိမ်က ရေခဲသေတ္တာမှာ ကပ်ထားတာ သဘောကျလို့ရိုက်လာတာ





ဒါက ညက KL ကနေ KB ကိုရောက်ပြီး ရေမိုးချိုး ထမင်းဝိုင်းမှာ စကားထိုင်ပြောရင်း သူငယ်ချင်းအိမ်ရှင်က ဧည့်ခံတဲ့ ကော်ဖီနဲ့ ဒူးရင်းသီး Tart မုန့်


ဒီတပို့စ်ကတော့ အစားအသောက်တွေများမယ်...။ ကျွန်မက အချက်အပြုတ် အစားအသောက် ၀ါသနာပါတော့ ရောက်လေရာအရပ်မှာ wet market ကိုတော့ ရောက်အောင်သွားတယ်..။ ခုလည်း KB ကိုရောက်ပြီး နောက်တစ်နေ့မနက်မှာပဲ သူငယ်ချင်းက သူ့သမီးလေး ကျောင်းလိုက်ပို့ရင်း ရှမ်းခေါက်ဆွဲချက်ကျွေးမှာမို့ ဈေးထဲ ခေါက်ဆွဲဖတ်နဲ့ လိုတဲ့ အသီးအရွက်တွေ သွားဝယ်မယ်ဆိုလို့ ညကတည်းက လိုက်ခဲ့မယ်လို့ ကြိုတင် ဘိုကင်ထားခဲ့တာ..။ ကျန်တဲ့ သူငယ်ချင်းတွေအားလုံးက ခရီးပန်းပြီး အိပ်ကြတာ ကျွန်မတစ်ယောက်ထဲ ငါးနာရီခွဲကတည်းက နိုးပြီး အိမ်ရှင်သူငယ်ချင်းနဲ့ သမီးလေးကျောင်းလိုက်ပို့ ပြီးတော့ ပန်းခြံလေးထဲမှာ မိုးမလင်းခင်ထိ လမ်းလျှောက်ကြသေးတယ်..။ လမ်းလျှောက်ရင်း ဒီပန်းခြံလေးထဲက အပင်တွေအကြောင်းပြောဖြစ်ကြတယ်..။ ဒေါ်ခင်နှင်းယုစာအုပ်ထဲမှာ အမြဲပါတတ်တဲ့ ပုန်းညက်တို့ ခွာညိုတို့ ကရမက်ပန်းတို့ ဆိတ်ဖလူးပန်းတို့...။ မလေးမှာ နေက မနက် ၇နာရီခွဲမှထွက်တာ...။  ဈေးထဲစ၀င်တော့ ကျွန်မတို့ဆီကလိုပဲ တောဈေးသယ်လေးတွေ အောက်မှာထိုင်ရောင်းနေကြတာ..။ အစကတော့ ကျွန်မ ကင်မရာယူလာမလို့ပါပဲ..မလေးမှာ ခါးပိုက်နှိုက်ပေါတယ် နိုင်ငံရေးမကောင်းဘူးနဲ့ သတိထားဖို့ ပြောကြတော့ ကင်မရာမယူလာဖြစ်တော့တာ..။ ဒါနဲ့ ဖုန်းနဲ့ပဲပုံတွေရိုက်လိုက်ရတယ် နည်းနည်းတော့ သီးခံကြည့်ကြပါနော်..။



အ၀ိုင်းလေးနဲ့အထုပ်တွေက ကြသံကာတွေ


ခြံထွက်သီးနှံတွေနဲ့ကြံသကာတွေ


ကြက်သွန်ဖြူအနုကို အပင်လိုက် အချဉ်စိမ်ထားတဲ့အထုပ်


အသီးရွက်စိမ်းစိမ်းစိုစိုတွေ


 ကျွန်မတို့ဆီမှာတောင် အဲလို ကြက်သွန်နီဥအစီးလိုက်တွေမရှိဘူး သူတို့ဈေးလေးက သိပ်သဘာဝဆန်တယ်


 ဂေါ်ဖီထုပ်ပေါက်စနလေးတွေ


 ကောက်ညှင်းထုပ်လေးတွေ


 ဇလုံထဲက ကောက်ညှင်းကစော်ထုပ်


 ငါးအူချောင်းတဲ့


 မုန့်ဆီကြော်လိုမုန့်မျိုးတွေ


 ဘာမုန့်လဲမသိ ရိုက်သာရိုက်လိုက်တယ်


 မုန့်အချိုလေးတွေ စုံပလုံစေ့



 မလေးအုန်းနို့ခေါက်ဆွဲ



 ပိန်းဥပြုတ်



 သီဟိုဠ်ရွက်နုလေးတွေ



ဂုံးလှော်တဲ့






သာခွေယိုင်နဲ့ အုန်းနို့အချိုပွဲတွေ






ဒညင်းသီးဆားစိမ် ဘဲဥဆားစိမ်တွေ


ဒညင်းသီးဆားစိမ်အောက်က အနှစ်က ဒူးရင်းသီးငါးပိထောင်းနှစ်တွေ




စေျးကပြန်ရောက်တော့ အိမ်ရှင်သူငယ်ချင်းချက်ကျွေးတဲ့ ရှမ်းခေါက်ဆွဲစားကြ








 ဈေးက၀ယ်ခဲ့တဲ့ ကောက်ညှင်းကစော် စားကောင်းတယ် 








  



နေ့လည်ဖက် KB မြို့ထဲက Pacific Shopping Mall ကိုအရင်သွားကြတယ် သူငယ်ချင်းအိမ်ရဲ့ လမ်းထိပ်မှာပဲ သိပ်မဝေးဘူး။ အဲက သကြားလုံးလေးတွေဝယ်လာတယ် သူက ဂရမ်နဲ့ရောင်းတာ...။ ပြီးတော့ ဈေးပတ်ပြီး ခြေညောင်းဆန့်တုန်း ဒူးရင်းရေခဲမုန့်ကိုတန်းစီစနစ်နဲ့ ၀ယ်စားခဲ့တယ်။ ရောက်တဲ့ ဆိုင်တိုင်း ပုံတွေပုံတွေ တဖျတ်ဖျတ်ရိုက်..။ ကျွန်မတို့ဆီမှာဆို အဲလိုဓါတ်ပုံရိုက်ရင်လာပြောမှာ သူတို့ဆီကတော့ တစ်ဆိုင်လုံးမှာ တခါတလေ ကောင်တာမှထိုင်တဲ့ Cashier တစ်ယောက်နှစ်ယောက်ပဲရှိတာ ဓါတ်ပုံရိုက်လည်းဘာမှမပြောဘူး အေးဆေးပဲ..။ အကြိုက်ဆုံးက အိမ်သုံးပစ္စည်းတွေ အလှဆင်ပစ္စည်းတွေရောင်းတဲ့ဆိုင်ပဲ အဲထဲကနေကိုမထွက်ချင်တော့တာ..။ ကျွန်မတို့ အဲနေ့က Mall နှစ်ခုရောက်ခဲ့တယ် နောက်တစ်ခုက Aeon Mall သူငယ်ချင်းအိမ်ကနေသွားရင် 10မိနစ်လောက်ပဲ နီးတယ်..။ ဖွင့်ထားတာသိပ်မကြာသေးဘူးပြောတယ် အကျယ်ကြီးပဲ Mall တစ်ခုလုံးတောင်မနှံ့ခဲ့ဘူး..။ KB မှာ ငါးရက်နေရတာ ဈေးဝယ်လို့တောင်အချိန်မလောက်ဘူး..။ ကျွန်မတို့က KL မှာတစ်ည KB မှာက ငါးည...။













































  Aeon Mall ထဲမှာ အဲဒီနေ့က ထိုင်းအစားစာပွဲတော်ရှိလို့ လက်ဖက်ရည်အေးနဲ့ ခေါက်မုန့်ဝယ်စားကြတယ်..



သူတို့အခေါ် Roti Tisu တဲ့ ခေါက်မုန့်လိုပါပဲ.. ထန်းလျက်ရည်အစား ချောကလက်ရည်ဆမ်းပေးတယ်...


Thai Ice Tea


 
Churros ကို ချောကလက် ကာရား နဲ့ vanilla Sauce မျိုးစုံကြိုက်တာဆမ်းစားလို့ရတယ် ပြီးတော့ ငုံးဥထည့်ထားတဲ့မုန့်အုပ်ကလေး


sushi ထမင်းလိတ်နဲ့ ဆာရှိမိတွေ


နေ့လည်စာကို ညနေလေးနာရီမှစားကြတယ်





ပုံတွေရိုက်လာတာတော့ အများကြီးပဲ မျက်စေ့နောက်မှာစိုးလို့ တချို့ကိုပဲရွေးတင်လိုက်တာ   နောက်အပိုင်းကို မျှော်ပါဦးလေ...း)


မိုးငွေ့