The Voice Myanmar season 3 Grand Final. Twan Pee from Team Kyar Pauk
ကျွန်မက သီချင်းကြိုက်သူဆိုတော့ တီဗီကလာတဲ့ သီချင်းဆိုပြိုင်ပွဲတွေထဲက The Voice ကိုအကြိုက်ဆုံးမို့ အဲစီစဉ်ကို အစအဆုံးနှစ်တိုင်းကြည့်ဖြစ်ခဲ့တာ ခုဆို The Voice Myanmar season 3 ရောက်ခဲ့ပြီ...။ ပြီးခဲ့တဲ့ season တွေက သီချင်းတွေနဲ့ ပြိုင်ပွဲဝင်တွေကိုလည်း အကြိုက်တွေရှိခဲ့ပါတယ်....။ ခုတော့ လောလောလတ်လတ်ပြီးသွားခဲ့တဲ့ season 3 Grand Final မှာယှဉ်ပြိုင်ခဲ့ကြတဲ့ Coaches လေးယောက်ထဲက ဆရာကျား(ကျားပေါက်)ရဲ့ အသင်းက တွမ်ပီးကို သဘောကျတယ် သီချင်းဆိုတဲ့စတိုင်လ်ရော သီချင်းရော အသံရောကြိုက်တယ်....။ အမှန်တိုင်းဝန်ခံရရင် သူဆိုသွားတဲ့ "အစိမ်းရောင်စာစု"ကို ကျားပေါက်သီချင်းပဲထင်ခဲ့တာ You Tube မှာရှာကြည့်တော့ မူရင်းအဆိုရှင်တွေက Modern Rock အဖွဲ့တစ်ခုဖြစ်တဲ့ Drive ဆိုတဲ့အဖွဲ့ကိုသွားတွေ့တော့ Joox မှာ သွားထပ်ရှာတယ်....။ အစိမ်းရောင်စာစု, နွံလမ်းဆုံနဲ့ သိုဝှက်ထားတဲ့ ကမ္ဘာဆိုတဲ့ အယ်လ်ဘမ်တွေထွက်ထားခဲ့တဲ့ ကျွန်မလုံးဝမသိသေးတဲ့ အဖွဲ့တစ်ဖွဲ့ကို ရှာဖွေတွေ့ရှိသွားခဲ့တယ်....။ သူတို့သီချင်းတွေလည်းမိုက်တယ်...။ သူတို့ကို The Voice Myanmar ကြည့်လို့သိခွင့်ရလိုက်တာပါ...။
ဒါနဲ့ Season 3 Winner က ကျွန်မတို့ ဘလော့ရွာမှာ တစ်ချိန်တုန်းက ၂၀၁၁ ကနေ ၂၀၁၄ ထိ စာတွေ ကဗျာတွေရေးဖူးခဲ့တဲ့ ဘလော့ဂါဟောင်းတစ်ယောက်ဖြစ်တဲ့ ပြည်မြို့သား "ကိုနွေဦးလေ"ပဲဖြစ်ပါတယ်....။ သူဆိုတာလည်းကြိုက်တယ် သူ့သီချင်းတွေပါ အောက်မှာတင်ပေးလိုက်မယ်နော်....။ သူ့ဘလော့က ကဗျာလေးတွေ သွားဖတ်ချင်ရင်တော့ nwayoolay.blogspot.com ကိုသွားလည်လို့ရပါတယ်....။ ပြိုင်ပွဲဝင်နာမည်ကတော့ N Oo L ဖြစ်ပါတယ်....။ ဘလော့ဂါတစ်ယောက်ခုလို အဆို Winner ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်....။
မိုးငွေ့
No comments:
Post a Comment