ဂူဂယ်လ်မှယူသည်
တိုက်တိုက်ဆိုင်ဆိုင် သူမနဲ့ဆက်နွယ်ပတ်သက်နေတဲ့ ယောကျာ်းသုံးယောက်ဟာ
ကြသပတေးသားတွေ ချည်းတဲ့......
ပထမကြယ်.....
သူမရဲ့ ပထမဦးဆုံးကြယ်ကတော့... သူမနဲ့ ၀ါသနာမတူ စရိုက်မတူ အကြိုက်မတူပေမယ့် သူမလုပ်ချင်တာတွေကို အားပေးဖေးမတတ်သူတစ်ယောက်...။ လက်တွေ့ကျကျနဲ့ အတွေးအခေါ်ကောင်းပြီး လူကြီးဆန်သူ သူမကို လိုအပ်ရင်ပဲ့ကိုင်လမ်းပြပေးတတ်သူ...။ အတွေးအခေါ်အယူအဆမတူပေမယ့် သူမကိုလမ်းမှန်အောင် အမြဲခေါ်ဆောင်ပေးသူ သူမအမှားတွေကို အမှန်ဖြစ်အောင်ညှိယူပေးတတ်သူ..။ သူမကို တူမတူအောင်ချစ်တတ်လွန်းသူ ၀န်တိုတတ်လွန်းသူ...။ တခါတခါကျ သူ့အချစ်တွေရဲ့ အုပ်မိုးမှုက သူမကို မွန်းကျပ်စေတယ်လို့ ထင်ရလောက်အောင် ချစ်တတ်သူ...။
ဒုတိယကြယ်.....
သူမရဲ့ ဒုတိယကြယ်လေးကတော့... သူမနဲ့ ၀ါသနာတူတယ်ပြောရမလား မတူဘူးပြောပဲရမလား...။ သူမချစ်တဲ့ ဂီတကို သူချစ်တယ် သူမကဗျာတွေကိုသူချစ်တယ် ...။ သို့ပေမယ် ကြယ်ကလေးက သူမလို အနုပညာသမားတော့မဟုတ်ပြန်...။ သည်ကြယ်ကလေးကတော့ သူမကို ဂျစ်တစ်တစ်နိုင်တဲ့ သူတစ်ယောက် လူဆိုးကလေးတစ်ယောက်...။ အိမ်တစ်အိမ်မှာ သားဆိုးလေးတွေကို ချစ်တတ်တဲ့မိဘတွေလိုပဲ ဒုတိယကြယ်ကလေးကို သူမကသိပ်ချစ်ရသူ စွဲလန်းရသူဖြစ်တယ်...။ တခါတလေ သူဖျော်တိုက်တဲ့ ကော်ဖီခါးခါးတစ်ခွက်ကိုသောက်သုံးပြီး သူဆိုပြတဲ့သီချင်းတွေကို သူမက ငေးမောပျော်ရွှင်ရသူဖြစ်တယ်...။
တတိယကြယ်.....
တကယ်တော့ တတိယကြယ်ကလေးဟာ သူမကို စွန့်လွှတ်ခြင်းများနဲ့ ချစ်တတ်နိုင်လွန်းသူလို့ပြောလို့ရတယ်...။ သူမဆီက ဘာတုန့်ပြန်မှု ဘာမျှော်လင့်ချက်မှမရယူလိုပဲ သူမကို ချစ်သူဖြစ်တယ်....။ တတိယကြယ်နဲ့သူမဆုံဖြစ်ပုံက သမာရိုးကျဆန်တယ်လို့ပြောလို့မရနိုင်သလို သူမဆီကို ခပ်ငြိမ့်ငြိမ့်လေးစီးဝင်လာတဲ့ အသံတိတ်ရေတံခွန်လေးနဲ့တူတယ်...။ ဒုတိယကြယ်လေးကြောင့် သူမအသည်းကွဲနေတဲ့အချိန်မှာ သူမကိုအားပေးနှစ်သိမ့်ဖို့ ဘုရားသခင်ကဖန်ဆင်းပေးလိုက်တဲ့ ပန်းသီးတစ်လုံးလည်းဖြစ်တယ်...။ သူမကိုဘယ်တော့မှ မကောင်းမပြောတတ် အမြဲတမ်းကောင်းမွန်သောစကားနဲ့ သူမကှိုနှစ်သိမ့်မှုတွေအပြည့်အ၀ပေးသူ...။ သူမဆိုးသမျှကို ခေါင်းငုံ့ခံတတ်သူ...။ သြော်ပြီးတော့ သူက သူမလိုပဲ ကဗျာတွေကိုချစ်တတ်သူတစ်ယောက်..။ သူမအတွက် မြောက်များစွာသော ကဗျာလှလှတွေကို သီကုံးစပ်ဆိုတတ်သူပေါ့...။
@@@@@
သူမကတော့ ဘုရားရောက်တိုင်း ကြာသပတေးဒေါင့်မှာ ပန်းလှူဖြစ်တယ် ...။ သူမချစ်သော ကြယ်ကလေးတွေအတွက်ပေါ့......။ တတိယကြယ်လေးချစ်တဲ့ နှင်းဆီဖြူဖြူတွေကပ်လှူရင်း ကြယ်ကလေးတွေအတွက် ဆုမွန်ကောင်းတောင်းပေးရင်းပေါ့...။
သင်တို့ရော.....
- သူမကို မျက်နှာများတတ်သူလို့ထင်လား???
- ကြယ်လေးသုံးယောက်မှာ ဘယ်ကြယ်ကလေးက သူမကိုအချစ်ဆုံးလဲ???
- သူမကရော ဘယ်ကြယ်ကလေးကို အချစ်ဆုံးလဲ???
- နောက်ဆုံးမှာ သူမရဲ့လက်တွဲဖော်အဖြစ် ဘယ်ကြယ်ကလေးကိုရွေးချယ်လိုက်သလဲ???
အပန်းမကြီးဘူးဆို မေးခွန်းလေးတွေကို ကော်မန့်မှာ ဖြေသွားပေးပါနော်...း)
မိုးငွေ့
15 comments:
ဇာတ်လိုက်ကတော့ တတိယကြယ်ပါပဲကွယ် :D
၁- ကြယ်ရှင်အစစ်အမှန်မရောက်သရွေ့ရွေးချယ်ခွင့်ရှိတာ မျက်နှာများတာမှမဟုတ်တာ ။
၂- တတိယကြယ်ကအချစ်ဆုံး
၃- တတိယကြယ်ကိုအချစ်ဆုံး
၎-တတိယကြယ်ကလက်တွဲဖော်
မိန်းကလေးတစ်ယောက်ရဲ့ဘ၀မှာအနည်းဆုံးကြယ်စင်သုံးပွင့်ကတော့ရှိတတ်တာပါပဲလို့ကြားဖူးပါတယ် မရယ်..
ကိုယ့်ကိုစိုးမိုးတဲ့သူ ၊ ကိုယ်ကတွယ်တာတဲ့သူ နဲ့ ကိုယ့်ကိုချစ်တဲ့သူတဲ့.....း)
တစ်စုံတစ်ယောက်ရဲ့ကောင်းကင်မှာ ထွန်းလင်းနေတဲ့ ကြာသပတေးကြယ်လေး
ဆုမြတ်
ကြယ်ကလေးတွေချစ်စရာ အပြာရောင်ကောင်းကင်မှာ သူတို့ကို တစ်လုံးချင်း ပြုံးရင်းကြည့်နေပါ...
အကြံပေးတာ မဟုတ်ဘူးနော ဒေါ်မိုးငွေ့...ဆရာငြိမ်းရဲ့ သီချင်းဆိုကြည့်တာ...း)
တတိယကြယ်လေး ကြိုက်တဲ့ နှင်းဆီဖြူနဲ့ ဘုရားလှူတယ်ဆိုတော့...လက်တွဲဖော်ဟာလည်း :)
တတိယကြယ်လေး နှစ်သက်တဲ့ နှင်းဆီပန်းဖြူဖြူလေးကို ဘုရားလှူတယ်ဆိုတော့... ဖူးစာရှင်ဟာလည်း <>
မမိုးရေ Adora ဘဝမှာလဲ အချစ်ဆုံးသူငယ်ချင်းကစပြီး အီစီကလီလုပ်မိသူအလည် ကြိုက်မိသူအဆုံး အားလုံးကြာသာပတေးပဲ။
၁. မျက်နှာများတတ်သူလို့  မထင်ပါ..
၂.သူမကို အချစ်ဆုံးက ပထမကြယ်လို့  ထင်ပါတယ်...
၃.သူမ အချစ်ဆုံးက ဒုတိယကြယ်လို့  ထင်ပါတယ်...
၃.နောက်ဆုံးမှာ သူမရဲ့  လက်တွဲဖော်အဖြစ် တတိယကြယ်ကို ရွေးချယ်လိုက်တယ်လို့  ထင်ပါတယ်..
ဒါတော့ တရားလွန်တာပေါ့ နော် ။
အခုမှ သီတင်းက ကျွတ်မို့ပဲ ရှိသေးတယ်
လာပြီးတော့ ရွေးချယ်ခိုင်းနေဘီ :P ။
၁) မိန်းကလေးတိုင်း အဲ့လိုတန်းစီပြီး ရွေးချယ်ခွင့်ရှိတယ်လို့ ထင်တယ်။ ဒါကို မျက်နှာများတယ်လို့ နာမည်တပ်မယ်ဆိုလည်း အင်း.. များတယ်ပေါ့ :D
၂)တတိယကြယ်
၃)ဒုတိယကြယ်လို့ ထင်ရပေမယ့် တတိယကြယ်များ ဖြစ်နေမလား???
၎)တတိယကြယ်
^_^
တတိယကြယ်လေးကို ရွေးချယ်လိုက်တာပဲ။ မချစ်ဘဲနဲ့တော့ သူကြိုက်တဲ့နှင်းဆီဖြူတွေလှူပြီး ဘုရားမှာ တောင်းဆုပြုပေးမှာ မဟုတ်ဘူးမမ။
အဲ မျက်နှာများတယ်လို့ မထင်ဘူး
ကြယ်သုံးကြယ်လုံး သူမကို ချစ်လိမ့်မယ်။ ချစ်ပုံချစ်နည်းချင်းမတူကြတာပဲမမ။
သူမချစ်တာက တတိယကြယ်ပဲ။ တကယ်လို့ ပထမကြယ်ကိုသာ ချစ်ရင် ဒုတိယကြယ်ရှိလာမှာမဟုတ်ဘူး။ အဲလိုပဲ ဒုတိယကို တကယ်နှစ်နှစ်ကာကာချစ်ရင်လဲ တတိယကြယ်ဆိုတဲ့ တစ်ယောက်ပေါ်လာမှာ မဟုတ်ဘူး။ ဒါ့ကြောင့် တတိယကြယ်ကို အချစ်ဆုံးလို့ ပြောချင်ပါတယ်။
(1)အပြိုင်မဟုတ်တဲ့အတွက် မျက်နှာများတယ်လို့မထင်
ပါဘူး
(2)အင်း....နဲနဲခက်တယ်....၊သူတို့စံနှုန်း၊သူတို့
ခံယူချက်နဲ့သူတို့ ချစ်ကြတာပါပဲ။ဘေးအမြင်မှာဆိုရင်
နံပတ်၃ ပေါ့
(3)နံပတ်၂ ပဲ...မလွဲဘူး....အဲ့ဒါ အိန်ဂျယ်လေ။
(4)ဒီမေးခွန်းက ငါးအသေနဲ့ငါးအရှင် ဘယ်
ငါးအလေးချိန်ပိုစီးသလဲဆိုတဲ့မေးခွန်းလိုပဲထင်တယ် :P
အနားမှာရှိနေတဲ့ ကြယ်လေးက အချစ်ဆုံး ဘဲပေါ့ အမရယ်..
ကွန်မန့်တွေ ဖတ်အပြီး ကိုယ့်စိတ်နဲ့ထပ်တူကျတဲ့ ကွန်မန့်လေးတွေ့သွားတယ်။
၁. မျက်နှာများတတ်သူလို့  မထင်ပါ..
၂.သူမကို အချစ်ဆုံးက ပထမကြယ်လို့  ထင်ပါတယ်...
၃.သူမ အချစ်ဆုံးက ဒုတိယကြယ်လို့  ထင်ပါတယ်...
နောက်ဆုံးမှာ သူမရဲ့  လက်တွဲဖော်အဖြစ် တတိယကြယ်ကို ရွေးချယ်လိုက်တယ်လို့  ထင်ပါတယ်..
ကဲ..သူမ ဘယ်က ကွန်မန့်ကို ကူးယူလိုက်ပါသလဲ.. ဖြေကြည့်ပါ.. :D
မြသွေးနီ
၁ ) အလိုလို ဖြစ်ခဲ့တာတွေ အတွက် ထင်စရာ မရှိပါ ။
၂ ) တတိယ တစ်ယောက် လို့ ထင်ပါ၏ ။
၃ ) ဒုတိယ တစ်ယောက် လို့ ထင်ပါ၏ ။
၎ ) ကိုယ် ချစ်တဲ့သူ ကို ပိုင်ဆိုင်ဖို့ ဆို ဒုတိယ တစ်ယောက် ကို ရွေးချယ်သင့်ပြီးတော့ ... ကိုယ့် ကို ချစ်တဲ့သူ ရဲ့ ဂရုစိုက်မှုတွေ နဲ့ ငြိမ်းချမ်းစွာ နေထိုင်ဖို့ ဆိုရင်တော့ တတိယ တစ်ယောက် ကို ရွေးချယ်သင့်တယ် ထင်မိပါကြောင်း ... ။ :)
၁- ရွေးချယ်ခွင့်ဆိုမိန်းကလေးတိုင်းမှာရှိတာပဲနော့ အပြိုင်မှမဟုတ်တာ..
မျက်နှာများတာဟုတ်ပါဘူး :)
၂-တတိယကြယ်လို့ထင်တာပဲ.ဒါပေမယ့် တချို့လူတွေကသူတို့ချစ်တာကို
ထုတ်မပြတတ်ကြပြန်ဘူး
၃-တတိယကြယ်.ဘုရားမှာလှူတာသူကြိုက်တတ်တဲ့နှင်းဆီဖြူလေးတွေဆိုတော့ ^_^
၎-တတိယကြယ်..အဖြေကနောက်ဆုံးမှာပါသွားပြီထင်တာပဲ :P
@Ahthu
(၁) ကြယ်တစ်လုံးချင်း တွေ့ခဲ့တာဆိုရင် သူမ မျက်နှာမများပါ။
(၂) တတိယကြယ်က သူမကို အချစ်ဆုံး ( အမှန်တော့ ပထမကြယ် နဲ့ တတိယကြယ်ကို ပြောဖို့စဉ်းစားရခက်နေတယ် ၊ ပထမကြယ်က မွန်းကျပ်အောင် ချစ်တတ်တယ်ဆိုလို့) ။ ကြယ် ၂ လုံးလုံးလို့ပြောခွင့်ရှိမလား?
(၃) သူမက ဒုတိယကြယ်ကို အချစ်ဆုံး။
(၄) သူမ ရွေးချယ်လိုက်တာ တတိယကြယ်။
Post a Comment