Saturday, 2 July 2011

ပဲပုပ်ထမင်းသုပ်၊ ငါးချဉ်သုပ်နဲ့ ထိုင်ဝမ်မုန်ညင်းကြော်


ဒီနေ့ ထမင်းသုပ်လုပ်စားတယ်.... အဟဲ...အမှန်တော့ ရုံးကပြန်လာတာ ဟင်းမချက်ချင်တာနဲ့ လွယ်လွယ် ထမင်းသုပ်လုပ်စားလိုက်တာပါ....။ ကြက်သွန်ဖြူဆီချက်နဲ့ ပဲပုပ်ထောင်းပြီးသားအမှုန့်ကအဆင်သင့်မို့... ဇလုံထဲကို ထမင်းပူပူထည့် ဆီချက် ပဲပုပ်မှုန့် ငရုတ်သီးကြော် ဆား အချိုမှုန့်နဲ့ သံပုရာသီးညှစ် လက်အိတ်စွပ်ပြီး အားပါးတရနယ်... ပုံစံခွက်လေးနဲ့ စားမယ့် ပန်းကန်ပြားပေါ်မှောက်ထည့်လိုက်တယ်...။ အပေါ်မှာ နံနံပင်အုပ် ယိုးဒယားငပိထောင်း တို့စရာတွေနဲ့ ဂွယ်ရှယ်ပဲဗျို့....။



အဲ.......ရေခဲသေတ္တာထဲမှာ ငါးချဉ်တစ်ထုပ်တွေ့တာနဲ့ အထုပ်ကလေးဖြေ...အတုံးကလေးတွေလှီး ကြက်သွန်နီပါးပါးလှီးထည့် နံနံပင် ငရုတ်သီးစိမ်းထည့် ပဲဆီဆမ်းပြီး သုပ်လိုက်တယ်....။


ထိုင်ဝမ်းမုန်ညင်းစိမ်းကို ပဲငံပြာရည်အကြည်နဲ့ကြော်ထားတာ


မိုးငွေ့

7 comments:

mstint said...

မြန်လည်းမြန် အရသာလည်း ကောင်းတဲ့ ပဲပုပ်ထမင်းသုပ်လေးကို ငါးချဉ်သုပ်နဲ့ တွဲဖက်စာရတာ ထမင်းမြိန်မှာ အမှန်ပဲကွယ်။ ထိုင်ဝမ်မုန်ညင်းကြော်လေးကလည်း စားချင်စဖွယ်း)

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလိုလေးတွေ စားရရင် ဟင်းမပါလဲ ပိုပြီး မြိန်သလိုဘဲနော်။
မမိုးလက်ရာက တကယ်ကောင်းမှာ သေချာပြီးသားပါ

သဒ္ဓါလှိုင်း said...

ငါးချဉ်သုပ်ကြိုက်တယ်။
မမိုးလက်ရာ စားချင်လိုက်တာနော်။။။
ချစ်တဲ့
သဒ္ဓါ

Angelhlaing(May everybody be happy and healthy! said...

ဟင့်နော် ..စားချင်ပါတယ် အမျိုးမျိုး လုပ်ပြတယ်
တော်တော်ဆိုးတဲ့ မမ...:):)

ညိမ်းနိုင် said...

ဗိုက်ဆာသွားတယ်ဗျိုး....

ချစ်ခြင်းအလင်္ကာ said...

ထမင်းစားမကောင်းလို့ပန်ကန်ကိုင်ရင်း
လျှောက်သွားလိုက်တာ
မမိုးထမင်းတွေမြင်ပြီး.ကစ်သွားပါတယ်..
ကျေးဇူးပါ..
ခင်တဲ့
ချစ်ခြင်းအလကာင်္

မအိမ်သူ said...

ထမင်းသုပ်ကလေးကြည့်ပြီး ပဲပုပ်နံ့လေးတောင်မွှေးလာသလိုဘဲ။ ထမင်းသုပ် ငါးပိတို့စရာ ငါးချဉ်သုပ် မုန်ညင်းကြော်လေးနဲ့ ရှယ်ဘဲ ကောင်းလိုက်တာ အကုန်လုံးအကြိုက်တွေချည့်ဘဲ။ (^_^)