Tuesday, 11 April 2017

ဗီယက်နမ်ခရီးစဉ်.....(2)

Bye Bye Thein Tung  Hotel

ဒုတိယနေ့မှာ ဟိုတယ်မနက်စာစားပြီး check out ပထမဆုံး စစ်သမိုင်းပြတိုက်ကိုသွားတယ်...။ အဲဒီကနေမှ ဟိုချီမင်းစီးတီးကနေ အရှေ့မြောက်ဖက်ကမ်းခြေမှာရှိတဲ့ Phan Thiet ကိုဆက်သွားကြတယ်...။ အဲကိုမရောက်ခင် Tacu Mountain ပေါ်မှာရှိတဲ့ လျောင်းတော်မူဘုရားကို သွားဖူးခဲ့ကြပါတယ်..။


Starbucks coffee မြင်သာမြင်ရမကြင်ရ


 စစ်သမိုင်းပြတိုက်ထဲက ရဟတ်ယာဉ်နဲ့တင့်ကား


 စစ်သမိုင်းပြတိုက်







 စစ်သမိုင်းပြတိုက်က ဓါတုဗုံးဒဏ်သင့် မသန်မစွမ်းမျိုးဆက်တွေလုပ်ရောင်းတဲ့ လက်မှုပစ္စည်းလေးတွေ








 ဒီကြောင်ရုပ်ကလေးဝယ်ခဲ့တယ်း)


 စစ်သမိုင်းပြတိုက်က ကာဖီဆိုင်ကလေး သောက်ချင်လိုက်တာ မသောက်ခဲ့ရ


 ဟိုချီမင်းစီးတီးမှာ ကော်ဖီဆိုင်တွေမှိုလိုပေါက်...


 လျောင်းတော်မူဘုရားမရောက်ခင် လမ်းမှာ ကိုသန့်စင်နဲ့ဝင်တွေ့တော့ 
ခနနားတဲ့နေရာက သစ်သီးဆိုင်ကလေး



ရောက်ပါပြီလျောင်းတော်မူဘုရားတောင်ခြေကို



မိုးပျံ Cable  စီးဖို့ ကားလေးခနစီးသွားရသေးတယ်...



 ကေဘယ်မစီးခင် စက္ကူပန်းလေးလှလို့ရိုက်



 ကေဘယ်တစ်ခုကိုခြောက်ယောက်ဆန့်တယ်



 မီးမီးကြိုက်ကြိုက် ငှက်ပျောခြောက်ထုပ်တွေ



 တောင်ပေါ်မတက်ခင် အမှတ်ရပစ္စည်းဆိုင်



တောင်ပေါ်မတက်ခင် ထမင်းအရင်ကျွေးပါတယ်... ဆန်သိပ်မကောင်းမာလို့မစားနိုင်ကြ



 လျောင်းတော်မူဘုရားတောင်ပေါ်မတက်ခင်မုဒ်ဦး



 သိပ်လှပြီးသပ္ပါယ်တဲ့ ဘုံခုနှစ်ဆင့်ကျောင်း







 သဘာဝအတိုင်းရှိနေတဲ့ကျောက်ကိုထွင်းထားတဲ့ အမ်းကုန်းဘိုးဘိုးကြီး



 နှစ်ရှည်ပင်ကြီးတွေ





မူလက ဒီလောက်ကိုယ်ထည်တော်မကြီးသေးတဲ့ လျောင်းတော်မူဘုရားကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်မှ မဟာယန ဘုန်းတော်ကြီးတပါးက ပြန်လည်ပြုပြင်မွန်းမံထားတဲ့ လျောင်းတော်မူပါ..။ သက်တမ်းနှစ်သုံးရာကျော်ရှိပါပြီ..။ ဗီယက်နမ်မှာ ထေရ၀ါဒဗုဒ္ဓဘာသာက ၂၀% ပဲရှိပြီး ကျန်တာက ကက်သရစ်ကိုးကွယ်သူ မဟာယနနဲ့ ဘိုးဘွားပဲကန်တော့တဲ့ ဘာသာမဲ့တွေများပါတယ်တဲ့..။






တောင်ပေါ်ကပြန်ဆင်း မောမောနဲ့ ရေခဲချောင်းဝယ်စား


လေ့လာရေးလာတဲ့ ကျောင်းသားကလေးတွေ


 သူတို့ကလေးတွေကို ဦးစားပေး.. သူတို့စီးပြီးမှာ ကိုယ်တွေစီးပြီး တောင်အောက်ပြန်ဆင်း



 တောင်အောက်နားက အမှတ်တရပစ္စည်းဆိုင်














Red Sand တို့ White Sand တို့ရှိတဲ့နေရာကိုအသွား Phan theit  ကမ်းခြေတလျှောက် အဲနေရာလေးက မုန်တိုင်းခိုအငူလို့ခေါ်သတဲ့....။ ဒီနေရာလေးမှာ သဲသောင်တွေက အီဂျစ်ပြည်မှာရှိတဲ့ သဲကန္တာရလိုဖြစ်နေတာ အရင်က ဘယ်သူမှမသိခဲ့ဘူး..။ လွန်ခဲ့တဲ့နှစ်များက နေကြပ်ဒါကို ဒီနေရာလေးက အနီးကပ်ဆုံးမြင်ရမယ်ဆိုပြီး တကမ္ဘာလုံးမှာရှိတဲ့ သိပ္ပံပညာရှင်တွေရောက်လာပြီး ရှာတွေ့သွားလို့ ခုဆို ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတစ်ခုဖြစ်နေပါပြီတဲ့..။ အဲသဲသောင်ပြင်ပေါ်ကိုတက်ဖို့ ဂျစ်ကားငှားရတယ်..တစ်စီးကို ခြောက်သိန်းတဲ့..။ ကျွန်မတို့မိသားစုလေးယောက်နဲ့ ညားခါစလင်မယားနှစ်ယောက်ပေါင်းပြီး ငှားလိုက်ကြတယ်..။



ဂျစ်ကားမောင်းသမားကလည်း ကြမ်းမှကြမ်း အေးလေ သဲတွေနစ်နေတဲ့ဘီးကိုရုန်းပြီးမောင်းရတာကိုး တခါတလေ ဒရစ်တွေဘာတွေဆွဲလိုက်သေးတာ..အဲ


 တွေ့လားသိပ်လှတဲ့ သဲသောင်ပြင်ကြီး White Sand










  အမြင့်ဆုံးနေရာကိုတက်သွားလေ လေတွေက တဟူးဟူတိုက်လေပဲ








 


 အမြင့်ဆုံးသောင်ပြင်ပေါ်မှာ ဓါတ်ပုံတွေရိုက်ကြပြီး  ရေစပ်နားမှာ နေမ၀င်ခင်ဓါတ်ပုံစုရိုက်လိုက်ကြသေး.. ပုံများကို ဖဘသုံးသူများ tango and Trek လို့ရိုက်ပြီး သွားကြည့်လို့ရပါတယ်











 ဖြူဖွေးမှုန်မွနေတဲ့ သဲပွင့်တွေကို အိမ်မှာ ပုလင်းထဲအလှထည့်ထားဖို့ ယူခဲ့သေးတယ်



 သဲသောင်ပြင်မွမွလေးပေါ်အားပါးတရထိုင်ချပြီးနေ၀င်ချိန်လေးကြည့်ရတာ စိတ်ချမ်းသာစရာ










သဲဖြူကိုပဲရောက်ပြီးသဲနီကိုတော့ နောက်နေ့မနက်မှာသွားကြပါတယ်..ခုတော့ ညမိုးချုပ်ပြီဆိုတော့ ဟိုတယ်ကို Check In ၀င်ကြတယ်..။ ကမ်းခြေဟိုတယ် အဆင့်မြင့် ရေကူးကန်ပါတယ်..။ ရေကူးဝတ်စုံမပါခဲ့လို့ reception မှာ ရေကူးဝတ်စုံရောင်းလားလို့သွားမေးတော့ ဒီတိုင်း တီရှပ်နဲ့ ဘောင်းဘီတိုနဲ့ကူးလည်းရပါတယ်တဲ့..။ ဘယ်နေမလဲ ချက်ချင်း အ၀တ်လဲပြီး ဆင်းကူးကြတာ..။ ရေကူးတတ်သူ ခြောက်ယောက်ခုနှစ်ယောက်လောက်ပဲ ကူးကြတာပါ မိုးမှောင်နေပေမယ့် မီးမှိန်လေးနဲ့ ရေကူးကန်ထဲ ပက်လက်ကူး ကြယ်တွေလတွေကြည့် မိုက်တယ်..။








ညစာကတော့ ပင်လယ်စာမျိုးစုံ..။ တလောက ပင်လယ်စာနဲ့မတည့်လို့တဲ့ လက်တစ်ဖက်ယောင်ပြီး ယားယံတာ ဆေးသောက်လိုက်ရတယ် ..။ ခုလည်း ပင်လယ်စာတွေချည်းပဲ စားမှာပဲ စားမှာပဲ..ပြီးတော့ ဆေးသောက်လိုက်တယ်..။ တော်သေးတယ် ဘာမှမဖြစ်လို့..။


တခါတလေမှပါတတ်တဲ့ ကြက်သား .. 15မိနစ်ကြက်အကောင်လိုက်ပြုတ် အချဉ်နဲ့တို့စား



ထမင်းဝိုင်းတိုင်း သူမပါမဖြစ် လဖက်စိမ်းရည်အအေး


 ကမာကိုပေါင်းထားတာ မြေပဲနဲ့ကြက်သွန်ဖြူ ကြက်သွန်မိတ်တွေပါတယ် ကျွန်မတို့ဝိုင်းက ပင်လယ်စာစားသူနည်းလို့ ကိုယ်တွေပဲ စပါယ်ရှယ်ဆွဲကြ



 ဂုံးချဉ်စပ်ချက် အောက်က မီးဖိုနဲ့


ပင်လယ်စာအရွက်သုပ်


ဝက်နံရိုးမြေအိုးပေါင်း



သက်သတ်လွတ်ကော်ပြန့်ကြော်


စားသောက်ပြီးတော့ ကမ်းခြေနားလမ်းလျှောက် လေတွေအရမ်းတိုက်လို့ အောက်ကိုတောင်မဆင်းခဲ့




ကျွန်မတို့အခန်းရှေ့က လျှောက်လမ်းတဖက်တချက် မသိရင် သရဲကားထဲကအတိုင်းပဲ ထိတ်လန့်စရာ






 မိုးလင်းပြီ... ကျွန်မတို့မခန်းရှေ့နားက ပန်းအိုးကလေး


မနက်မိုးအုံ့တော့ အလင်းရောင်မကောင်း


မီးခိုးရောင်းတိမ်တိုက်တွေကြားတိုးဝှေ့ထွက်လာတော့မယ့် နေမင်းကြီး



ကျွန်မတို့ဆီကလိုပဲ ကမ်းခြေဈေးသယ်တွေ မတူတာကတော့ ကမ်းခြေမှာ ရေကူးတဲ့သူမရှိတာပဲ





စူပါမနက်စာတွေတယ်ခင်းရာကို ရောက်ရှိလို့လာပါပြီ ဗီယက်နမ်တောင်ပေါ်ကာဖီကတော့ ကောင်းမှကောင်း ချိုခါးဆိမ့်မွှေး ...။ တခါသောက်စာထည့်ထားပြီးသား ရေခဲတုံးတွေထည့်ရုံပဲ..။ အပူသောက်ချင်သူတွေက ရေနွေးထည့်..။


ခေါက်ဆွဲကြော် ထမင်းကြော် ကောက်ညှင်းပေါင်း ကော်ပြန့်ကြော် ဆလပ်သုတ် 





 ဗီယက်နမ် pho ခေါက်ဆွဲပါ အဆင်သင့်ပြင်ပြီး စားမယ်ဆိုရင် အရိုးပြုတ်ရည်ကိုခပ်ထည့်ပေးမယ့်သူရှိတယ်



 သစ်သီးမျိုးစုံလင်



 
စားသောက်ကြပြီး ဟိုတယ်ကနေ ချက်အောက် သဲနီသောင်ပြင်ကိုဆက်ခဲ့ကြတယ်..။ သဲနီက သဲဖြူသောင်လို့သိပ်မလှ မမြင့် လူများ သဲဘုတ်ပြားစီးတဲ့သူတွေနဲ့ ရှုပ်ထွေးလို့ အရှေ့နားကားလမ်းမဘေးက အုန်းရည်ဆိုင်လေးမှာ အုန်ရည်သောက် ပြီးတော့ သဲဖြူသဲနီအမှတ်တရ ပန်းချီပုလင်းတစ်လုံးဝယ်ခဲ့တယ်...။


နောက်အပိုင်းဆက်မျှော်ပါဦးနော်...း)


မိုးငွေ့

Thursday, 6 April 2017

ဗီယက်နမ်ခရီးစဉ်.....(1)


 
 Me and My sis Honey's PP



ဗီယက်နမ်ခရီးစဉ်အကြောင်းကိုမရေးခင် ခရီးစဉ်ဖြစ်ပေါ်လာရတဲ့ အကြောင်းနဲ့ ကျွန်မတို့ကို စေတနာအပြည့်အ၀ ကူညီဖေးမပို့ဆောင်ပေးခဲ့ကြတဲ့ Tango and Trek ခရီးသွားလုပ်ငန်းအကြောင်းလေးကို အရင်ပြောပြချင်ပါတယ်..။ Tango ခရီးသွား ကုမ္ပဏီရဲ့ ပဲ့ကိုင်ရှင်ကတော့ တခြားသူမဟုတ်ပါဘူး.. ကျွန်မနဲ့ မွေးနေ့ မွေးလတူပြီး ကျွန်မထက်ဆယ်နှစ်ငယ်တဲ့ ညီမလေးခေါင်ခေါင်ပါပဲ...။ သူ ဒီခရီးသွားလုပ်ငန်းကိုစလုပ်တာ သူအိမ်ထောင်မကျခင် လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်းကပါ..။ အဲဒီတုန်းက သူ့ခရီးသွားလုပ်ငန်းလေးကို စဖွင့်တော့ လုပ်ဖော်ကိုင်ဖက် သုံးလေးငါးယောက်နဲ့စခဲ့တာ 16လမ်းမှာ သူဖွင့်ပွဲ အလှူလုပ်တော့ သွားစားခဲ့ရသေးတယ်...။ ခေါင်ခေါင်နဲ့ကျွန်မက 2009 2010 ဖဘတွေစသုံးတုန်းကတည်းက  ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းလည်းဟုတ် ကျွန်မရဲ့ ညီမလေးလည်းဟုတ်ပါရဲ့..။ အဲချိန်တုန်းက ကျွန်မရဲ့ ဖဘမှာ မွေးနေ့တူတဲ့ မောင်နှမတွေ လေးငါးယောက်လောက်ရှိတယ်...။ ကျွန်မမှတ်မိသလောက် ခေါင်ခေါင်၊ ကိုကြီး ကိုအောင်သာငယ်၊ တင်ထက်ဗိုလ် နဲ့ နောက်ထပ်ညီမလေးတစ်ယောက်ရှိသေးတယ် သူ့နာမည်ကို မမှတ်မိတော့တာ...။ ဖဘမသုံးဖြစ်တော့တဲ့ နောက်ပိုင်းတော့ ညီမလေး တင်ထက်ဗိုလ်တစ်ယောက်ကိုပဲ Instagram မှာတွေ့ဖြစ်တယ်...။ 

တကယ်တော့ ကျွန်မ Tour and traveling company နဲ့ ခရီးသွားချင်ခဲ့တာကြာပြီ...။ အကောင်အထည်မဖော်ဖြစ်သေးခဲ့တာ..။ သွားခဲ့ရင်လည်း ခေါင်တို့အဖွဲ့နဲ့ပဲသွားမယ်လို့ ဆုံးဖြတ်ထားပြီးသား..။ သူတို့ ကုမ္ပဏီသာ နေရာ သုံးလေးနေရာရောက်သွားတယ် ကိုယ်တွေက ခရီးမသွားဖြစ်သေး...။ ဒီနှစ်တော့ ကျွန်မအဒေါ်က သူ Sponsor ပေးမယ် တစ်မိသားစုလုံး သွားလည်ကြဆိုတာနဲ့ ကျွန်မ ဗီယက်နမ်ခရီးစဉ်ကို ဇန်န၀ါရီလကတည်းက ခေါင်တို့ Tangoနဲ့ ဖုန်းချိတ်ပြီး ကြိုတင် Booking လုပ်ထားခဲ့တာ...။ စရံပေးဖြစ်တဲ့အခါကျမှ ကိုယ်တိုင် သူတို့ရုံးခန်းကို ရောက်ဖြစ်တော့တယ်...။ ခေါင်နဲ့က မတွေ့တာ ဘယ်လောက်ကြာခဲ့ပြီလည်း...။ ခေါင်က ကျွန်မသူ့ရုံးခန်းထဲကို လည်းခြေချဝင်ရော သူ့နောက်မှီထိုင်ခုံကနေ ၀မ်းသာအားရပြေးထလာပြီး ကျွန်မခန္ဓာကိုယ်ကို ချီမပစ်လိုက်သေးတာ...ကြည့်စမ်း ကျွန်မ ဟိုချီမင်းရောက်မှ သူ့ တိုးဂိုက်မလေးပြောလို့သိရတာ ခေါင်က ကိုယ်လေးလက်ဝန်နဲ့တဲ့...။ 





ကျွန်မတို့ မိသားစုလေးယောက်စာလက်မှတ်ဝယ်ကြတယ် တစ်ယောက်ကို အပြီးအစီး USD.390 ကျတယ်..။ ခရီးစဉ်က ဟိုချီမင်း-ဒါးလက်-မွေနဲ လေးညအိပ် ငါးရက်ခရီး...။ ဗီယက်နမ်တောင်ပိုင်းပေါ့..။ ဗီယက်နမ်မြေပုံက ပိန်ရှည်သွယ်နဲ့ တောင်နဲမြောက်ကို ကီလိုမီတာအားဖြင့် 1650  နဲ့ ဧရိယာအားဖြင့် 127,881 စတုရန်းမိုင် ကျယ်ဝန်းပါတယ်..။ တောင်တရုတ်ပင်လယ်ရဲ့ အနောက်စူးစူးမှာတည်ရှိပါတယ်...။ ဗီယက်နမ်မြေပုံက ပိန်သွယ်မို့လို့ တောင်မြောက်ကမ်းရိုးတန်း တောက်လျှောက်မှာ တံငါလုပ်ငန်းတွေအဓိကလုပ်ကိုင်ကြတယ်...။ ပင်လယ်ထွက် အစားအစာတွေပေါများတယ် လတ်ဆတ်တယ်...။ ကျွန်မတို့သွားတဲ့ ခရီးလေးငါးရက်မှာ ပုစွန်နဲ့ ပြည်ကြီးငါးက ဟင်းပွဲတိုင်းမှာပါတယ်..။


 My luggage





ခရီးသွားရတာဝါသနာပါတော့ ခရီးဆောင်အိပ်ကောင်းကောင်းနဲ့ Luggage tag အရုပ်လှလှလေးတွေကို သိပ်သဘောကျတယ်...။ ကိုယ်ခရီးဆောင်သေတ္တာတွေ သူများနဲ့မရောအောင် အရင်ကဆို ဖြစ်သလို ပလပ်စတစ်ကြိုးတွေ ဖဲကြိုးတွေနဲ့ချည်ပြီး အမှတ်အသားလုပ်ကြတယ်မဟုတ်လား...။ ခုဆို Luggage tag အရုပ်ကလေးတွေမျိုးစုံ ဖန်စီအရောင်းဆိုင်တွေမှာ ၀ယ်လို့ရနိုင်ပါပြီ..။  Unicorn ရုပ်နဲ့က ကျွန်မသေတ္တာလေး ကျန်တဲ့ ညီမလေးနဲ့ အမေ့သေတ္တာက အသည်းပုံ tag လေးတွေက မင်္ဂလာဆောင်တစ်ခုက လက်ဆောင်ရထားတာ...။  အသွားကို ကီလိုမ၀ယ်ထားတော့ 7ကီလိုအလေးသာလက်ခံတဲ့ သေတ္တာအသေးတစ်လုံးစီပဲ သယ်လာကြတယ်..။ အားလုံးကျောပိုးအိတ်တစ်လုံးနဲ့ သေတ္တာကိုယ်စီ...။


ဒါက မောင်လေးရဲ့ Luggage သူ့ tag လည်းချစ်စရာလေး 





ကျွန်မတို့စီးတဲ့လေယာဉ်က ဘတ်ဂျတ်လိုင်း Veit Jet အနီရောင်လေယာဉ် ဘတ်ဂျတ်လိုင်းဆိုတော့ ရေကအစ ၀ယ်သောက်ရတယ်...။ လေယာဉ်က နေ့လည်တစ်နာရီထွက်မှာ ကွင်းချိန်းက မနက် ဆယ်နာရီကတည်းက ဆိုတော့ မနက်စာကို အ၀စားခဲ့ပေမယ့်လည်း နေ့လည်ကျတော့ ဗိုက်ဆာတာပဲလေ..။ ဘာလာတဲ့မုန့်တွေ ထုတ်စားတဲ့အပြင် လေယာဉ်ပေးမှာ မှာစားလိုက်သေးတယ် ...။ ခေါက်ဆွဲပြုတ်နဲ့ ဗီယက်နမ်ကောက်ညှင်းပေါင်းနဲ့အသားမှုန့်..။ ကောက်ညှင်းက USD.6 ၊ ခေါက်ဆွဲက USD.2 တဲ့...။ တစ်ဆယ်တန်ပေးတော့ ကျွန်မကို အဲလေယာဉ်မယ်က သူတို့ရဲ့နှစ်သောင်းတန်နှစ်ရွက်ကို အမ်းပေးတယ်...။ ပိုက်ဆံက စုတ်နေရော...USD.ပဲပြန်ယူမယ်ဆိုတော့ အကြွေမရှိဘူးတဲ့..။ သူတို့လေယာဉ်မယ်ဝတ်စုံက အနီရောင်စပို့စ်ရှပ်နဲ့ ဘောင်းဘီတိုအကွက်နဲ့...။ လေယာဉ်ကပဲ သိပ်မကောင်းတာလား လေယာဉ်မှူးက ပဲမောင်းတာ မညက်ညောလို့လားမသိ လေယာဉ်အတက်အဆင်း အပြင်ကို ကောင်းကင်ပေါ်မှာ ၀ဲနေချိန်တောင် လေယာဉ်က ခါရမ်းနေတာပဲ..။ ကျွန်မကတော့ လေယာဉ်ပေါ်ရောင်ခါးပတ်ပတ်ပြီးတာနဲ့ ဘုရားရှိခိုး မေတ္တာပို့တာလုပ်တယ် လေယာဉ်ခါတိုင်း သမ္ဗုတေရွတ်ပေါ့...။


ဒေါ်လာအကြွေပြန်မအမ်းနိုင်ရင် အသစ်နဲ့တော့ ပြန်လဲပေးလို့ပြောတော့ ခဏနေ ဒေါ်လာတစ်ကျပ်တန်နှစ်ရွက်နဲ့လာလဲပေးသွားတယ် ... 
တကယ်တော့ အဲနှစ်သောင်းတန်နှစ်ရွက်က မြန်မာငွေ 2500ကျပ်ပဲရှိတာ


 စီးဖူးခဲ့သမျှလေယာဉ်တွေမှာ လေယာဉ်မယ်တွေကို ဒီလို ဘောင်းဘီတိုဆင်တာ ပထမဆုံးတွေ့ဖူးခြင်းပဲ..


 ဗီယက်နမ်မှာ ပထမဆုံးသောက်ရတဲ့ရေသန့်


လေယာဉ်ဆိုက်တော့ ဟိုက ဗီယက်နမ်ဂိုက်က ဘတ်စ်ကားကြီးနဲ့လာကြိုတယ်..။ ဂိုက်က ကျွန်မတို့ဆီက အဆိုတော်သားစိုးနဲ့တစ်ရုပ်ထဲ...။ သူတို့ဆီက သောက်ရေသန့်က ပေါ့ရွှတ်ရွှတ်နဲ့သောက်မကောင်းဘူး..။


 


ဟိုချီမင်းစီးတီးကိုရောက်တော့..ညနေတော်တော်စောင်းနေပြီ။ အရင်ဦးဆုံးထမင်းမစားခင် မြို့ထဲက တောင်မြောက်ပြန်လည်ပေါင်းစည်းရေးနန်းတော်၊ ဗဟိုစာတိုက်ကြီးနဲ့ Notre Dame Cathedral ချခ်ျကျောင်းတို့ကို လိုက်ပို့တယ်..။ ဟိုချီမင်းကတော့ ဆိုင်ကယ်မြို့တော်ပါပဲ...။ ခေတ်သစ်နာမည်အနေနဲ့ ဟိုချီမင်းစီးတီးလို့ပြောင်းထားပေမယ့် တကယ့်နာမည်က Saigon City ပါ..။


 တောင်မြောက်ပြန်လည်ပေါင်းစည်းရေးနန်းတော်


 


Notre Dame Cathedral ချခ်ျကျောင်းကြီးကို 1880 ဧပြီလ (11)ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ပြီး အမြင့်ပေ 198ပေမြင့်ပါတယ်...။ ကျွန်မတို့ရောက်တော့ အထဲမှာ မင်္ဂလာဆောင်တစ်ခုဘုရားရှိခိုးသီချင်းဆိုနေကြလို့ ၀င်မကြည့်လိုက်ရဘူး..။


 ဒါက ချခ်ျကျောင်းရှေ့က လွတ်လပ်ရေးမတ်တိုင်အောက်နားမှာ ဗီယက်နမ်ဗီဇာဆိုပြီး သူတို့ကော်ပြန့်ရွက်နဲ့ အစာပလာတွေထည့် ငုံးဥလေးဖောက်ပြီး မီးကင်လိုက်တာ တစ်ခုကို ဒေါင်နှစ်သောင်းတဲ့..


 ဒါလည်း ဗီယက်နမ်ပီဇာနောက်တစ်သည်


 သူတို့ရဲ့ ဗဟိုစာတိုက်ကြီး... 
ကျွန်မတို့ ဗိုလ်အော်ကျော်လမ်းက စာတိုက်ကြီးရော နိုင်ငံခြားသားတွေလာရင် အဲလိုလိုက်ပြတဲ့အထဲပါလား












































အစားအသောက်တွေကတော့ရှယ်ကျွေးတာပါ...။ ဗီယက်နမ်ဟင်းစစ်စစ်တော့ ဟုတ်ပုံမရဘူး တရုတ်ဟင်းပဲဆိုပါစို့..။ အဖြူသည် အဆီအနှစ်မပါ ရေလုံပြုတ်ပေမယ့် တနေကုန်ထမင်းမစားထားတော့ ဗိုက်ဆာဆာနဲ့ ထမင်းနှစ်ပန်းကန်ဆီ ကုန်ကြတယ်...။ ကျွန်မတို့ကို Saigon မြစ်ထဲက သုံးထပ်သဘောင်္ပေါ်မှာ ဧည့်ခံပါတယ်..။





Saigon မြစ်ထဲမှာ ကျွန်မတို့ညစာစားတဲ့ သဘောင်္အပြင် ဒီလိုလှပတဲ့ သဘောင်္ကြီးတွေလည်းရှိတယ်...။ ထမင်းစားပြီးတော့ ဗီယက်နမ်မလေးတွေက Falcon စပိန်အက ကပြတယ်...။ ရှိသမျှသဘောင်္တွေက ဧည့်သည်တွေအပြည့်ပါပဲ..။ ကမ်းစပ်နားမှာ Tour bus တွေက ရပ်စရာနေရာတောင်မလောက်ဘူး...။ ကျွန်မတို့ ရန်ကုန်မြစ်ကြီးထဲမှာလည်း ခုလိုဖြစ်စေချင်လိုက်တာ..။














ကျွန်မတို့ ပထမဆုံးည Cruise ပေါ်မှာ ညစာစားပြီး ဟိုတယ်ကို Check In ၀င်ပါတယ် ဟိုတယ်နာမည်က Thein Tung Hotel တဲ့...။  ရုပ်ရှင်မင်းသားမြင့်မြတ်နဲ့တူတဲ့ ကျွန်မတို့ရဲ့ မြန်မာဂိုက်ကတော့ သိန်းတန်ဟိုတယ်လို့သာ မှတ်ထားလိုက်တဲ့...ဟ..ဟ..။ ဦးသိန်းတန်ကြီး ပေါ်ပြူလာဖြစ်ချက်ကတော့ အံ့မခန်းပါပဲ..။





တွေ့လား Tango က အဲလိုစေတနာကြီးတာပါ...ဧည့်သည်တွေကို နေရာကောင်းကောင်းပေးတည်းတယ် အစားကောင်းကောင်းကျွေးမွေးပြုစုတယ်..။ ဒါကြောင့် Tango ရဲ့ ချီးမွန်းသံက ပဲ့တင်ထပ်နေတာကိုး...။ ကိုယ့်ညီမ Tour မို့ ကိုယ်ကြွားလုံးထုတ်တာမဟုတ်ဘူးနော်..။








 သိန်းတန်ဟိုတယ်ရဲ့ မနက်စာများ





မနက်စာက ဘူဖေးကျွေးတယ် ထမင်းကြော် ခေါက်ဆွဲကြော်  ပေါင်မုန့်ထောပတ်ရတယ် ကြက်ဥကြော်ရတယ် ဖက်ထုပ်ပေါင်း ၀က်ပေါင်ခြောက်ကြော်တွေရတယ်။ အခေါက်တွေကို အပြင်ကနေထားပြီး အသားကို ငရုတ်ကောင်းနိုင်နိုင်နဲ့ဗီယက်နမ်ဟမ်လည်းပါတယ်..။ သစ်သီးဖျော်ရည်အပြင် သစ်သီးလတ်လတ်ဆတ်ဆတ်တွေကျွေးသေးတယ်...။ ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကြီးအစားစာထဲက ထိပ်ဆိုးဖြစ်တဲ့ Pho ခေါက်ဆွဲလည်းရတယ် ပထမနေ့က မစားလို့ပုံပြမရ... နောက်နေ့ မနက်စာများမှာ စောင့်မျှော်ကြည့်ရှုကြပါကုန်။



ကျွန်မက ဆန်ပြုတ်သရဲ

အပိုင်းဆက်များမျှော်ပါဦး...း)

မိုးငွေ့