ဆရာမဂျူး စာအုပ်အသစ်မထွက်တာကြာပေါ့....။ ဒီစာအုပ်လေးကို Ariel Thuta ရဲ့ Instagram မှာ (အောက်ကပုံ)တင်ထားတာတွေ့တော့မှ ဟာ.... ဆရာမဂျူး စာအုပ်အသစ်ထွက်တာပဲ ဆိုပြီး ဝမ်းသာအားရနဲ့ အဲဒီနေ့က ဦးထွန်းလင်းခြံလမ်းရောက်တော့ စာပေလောက၊ အင်း၀ အဲဆိုင်တွေမှာသွားရှာတာ စာအုပ်ကုန်နေတယ်ချည်းပဲ ဖြေလွှတ်ကြတယ်..။ ဒါနဲ့ လှည်းတန်းစင်တာက စီးတီးမတ်ကိုထပ်ရောက်တော့ စီးတီးမတ်စာအုပ်အသစ်တန်းက စာအုပ်စင်ပေါ်မှာ အများကြီးတွေ့လိုက်လို့ ဝမ်းသာအားရနဲ့ဝယ်လာခဲ့တယ်...။
ဆရာမဂျူးရဲ့ စတိုင်လ်အတိုင်း စာအုပ်တစ်အုပ်မှာ အသိပညာအတတ်ပညာတစ်ခုခု အသေးစိပ် ထည့်သွင်းရေးသားလေ့ရှိတာ ခုတစ်အုပ်မှာတော့ ရက်ကန်းပညာကို ဇာတ်လမ်းဖွဲ့ပြီး ရေးထားတာဖြစ်ပါတယ်...။ ခြုံလွှာဆိုတော့ စိတ်ထဲ ခြုံလွှာတဘက်တစ်ထည်လို့ပဲထင်ထားတာ ...။ ဒါပေမယ့် ဒီစာအုပ်ထဲမှာ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းကောင်းနဲ့ မြဝတီဆိုတဲ့ရွာလေးတစ်ခုက ရက်ကန်းသမလေး ရှင်လွန်းမယ်ရဲ့ အနုပညာမြောက်လှတဲ့ ပန်းချီကားတချပ်လို့ထင်ရတဲ့ အရောင်အသွေး မျိုးစုံကို ကစားပြီး ရက်လုပ်ထားတဲ့ သုံးဖက်မြင်ဒီဇိုင်းတွေနဲ့ မင်္ဂလာခြုံစောင်အကြောင်းကို အခြေခံပြီး ရေးထားတာပါ...။ ဒီစာအုပ်ထဲက ခြုံစောင်လေးတွေရဲ့ အမည်တွေကတော့ “ရွှေစံပယ်ခြုံလွှာ” “မိုးစက်သက်တံခြုံလွှာ” နဲ့ “မြသားယမုံခြုံလွှာ” တို့ပဲဖြစ်တယ်...။
Ariel Thuta ရဲ့ Instagram ကပုံကိုယူပါတယ်
ဧရီရယ်သူရဲ့ ပုံလေးထဲက စာအုပ်ကိုသတိမထားမိခင်မှာ ပါတိတ်စားပွဲခင်းလေးကို အရင်မြင်တာပါ...။ မနှစ်က ကျွန်မ မလေးသွားတုန်းက နက်ပြာအောက်ခံနဲ့ အပွင့်အခက်တွေပါတဲ့ ပါတိတ် စားပွဲခင်းလေးတစ်ထည်ဝယ်ခဲ့သေးတယ်...။ သူက စတုရန်းကျတော့ ရှည်မျောမျောထမင်းစားပွဲ တစ်ခုထက် ဧည့်ခန်းထဲက coffee table အတွက်ပဲ သင့်လျော်တယ်...။ ခု ဧရီရယ်သူ တင်ထားတဲ့ ပုံထဲကတော့ ကော်ဖီဆိုင်တစ်ဆိုင်က စားပွဲခင်းလည်းဖြစ်နိုင်တယ်...။ အဖြူခံလေးမို့အပေတော့မခံဘူး ဒါပေမယ့် အပွင့်အခက်တွေနဲ့ အရောင်စပ်ထားတာလေး သိပ်လှတယ်...။ ပြောလက်စနဲ့ ကြော်ငြာဝင်လိုက်ဦးမယ် အခုကျွန်မ အွန်လိုင်းဈေးရောင်းနေတယ်... မလေးက သူငယ်ချင်းနဲ့ချိတ်ပြီး ဟိုက ပစ္စည်းလေးတွေကို ပေ့ချ်မထောင်ရသေးလို့ လောလောဆယ်သူငယ်ချင်းက သူ့ဖဘအကောင့်မှာ ဒီတိုင်းရောင်းနေတယ်...။ မလေးရှားပါတိတ် ဇင်းမယ်ဆင်ပါတိတ် အောဂဲနစ်ပန်းပွင့်လက်ဖက်ခြောက် ဖန်ခရားအိုး၊ လက်ဖက်ခြောက်နှပ်ဖန်ခွက်၊ ချွေးပုတ်ထုတ်ရေချိုးဆေး အဲဒါတွေရောင်းတယ်...။ အမှာရှိတာတွေကိုပဲ ဝယ်ပြီးရောင်းပါတယ်...။ ပစ္စည်းတွေကတော့ တခေါက်နဲ့တခေါက် မတူအောင်လုပ်ထားပါတယ်။ ပါတိတ်လုံချည်တွေနဲ့ ခရားအိုးတွေ ပန်းခြောက်တွေက နှစ်ခေါက်လောက် ရောင်းထားပြီးပြီဆိုတော့ ဒီတခေါက် ပိုက်ဆံအိတ်တွေနဲ့ ပါတိတ်ဆင်ပဝါလေးတွေ ပို့မယ်ပြောတယ် အဲဒါလေးတွေ ပို့စ်လာတင်ဦးမယ်နော်..။
ဒါလေးတွေက ဆိုင်တွေမှာနမူနာပြဖို့လက်ကျန်လေးတွေ လိုချင်သူများကိုရောင်းပေးပါတယ်နော်.. ကော်မန့်မှာမှာလို့ရပါတယ်ရှင့် ...။ ပါတိတ်တကွင်းထဲလုံချည် 18000/- ပါ...။ အဆင်လေးနဲ့အရောင်လေးတွေက သိပ်လှပြီးဆန်းပါတယ် ရန်ကုန်မှာဒီလိုအဆင်မျိုး လုံးဝမရနိုင်တာကို အာမခံပါတယ်....:)
မိုးငွေ့
1 comment:
မျက်စိအရသာလံစားခဲ့တယ်သာမီးရေ
Post a Comment