မိုးရွာခြင်းအနုပညာ (၇).....
စောင့်နေသော အဝေးပြေးလမ်းမများကို ရွာချလိုက်သည်
အိတ်တစ်လုံး.. ကိုယ်တစ်ခုနှင့်.. မျှော်လင့်ချက်တစ်လိပ်..
တိတ်တိတ်ပုန်း ဗွက်များသည် သူတလူငါတမင်း ခုမှ ထလာကြ၏
မြေသင်းနံ့ ရှူနေရသည်ကိုက ယားကျိကျိဖြစ်သည်
စောင့်နေသည့်အရာ လာမည်လော
မိုးတိတ်မည်လော
တစ်ခုမျှဖြစ်မလာလည်း ရပါသည်
အရာရာတိုင်းသည် တခါတရံ ရုပ်ဆိုးတတ်ကြသည်သာ။(Craton)
No comments:
Post a Comment