ခုတလော ဟိုနားကလည်းတန်ဖိုးနည်းမြေကွက်တွေရလို့ လျှောက်လွှာတွေတင်ကြပြန်ပြီ ဒီနားက တန်ဖိုးနည်းအိမ်ယာတွေအတွက် လျှောက်ကြပြန်ပြီနဲ့...။ ကိုယ်တွေက စိတ်ဝင်စားပါရဲ့ အဲလိုလည်းသွားမတိုးနိုင် သွားတိုးဖို့အချိန်မပေးနိုင်နဲ့လေ...။ တကယ်စိတ်ဝင်စားပါတယ် ခုချိန်မှာ မြေကလေးတစ်ကွက်လောက်လိုချင်နေတယ်...နေဖို့မဟုတ်ဘူး သီးပင်စားပင်လေးစိုက်ဖို့ နို့စားနွားလေးတစ်ကောင်နှစ်ကောင်လောက်မွေးမလားလို့ စိတ်ကူးတာပါ...။ သိပ္ပံခေတ်ကနေ စိုက်ပျိုးရေး ခေတ် ၊ မွေးမြူရေးခေတ်များပြန်ဦးတည်မလား မပြောတတ်...။
လောလောဆယ်တော့ အသီးအရွက်တွေဝယ်စားရတာ ဓါတ်မြေသြဇာဖျန်း ပိုးသတ်ဆေး ဖျန်းတတ်ကြလွန်းလို့ (အဲဒီဆေးတွေကြောင့် အစာအဆိပ်ဖြစ်ပြီးသေတဲ့သူတွေလဲ ခဏခဏကြားနေရတယ်) သဘာဝအလျှောက်စိုက်တဲ့ အော်ဂဲနစ်ဆိုတာကြီးက ခေတ်စားနေသကိုး...။ ဒါကလည်း လူအနည်းစုလောက်သာသိကြ ဝယ်စားနိုင်ကြတဲ့ တန်ဖိုးကြီး အစားအသောက် စာရင်းဝင်တွေပါ...။ နှပ်မမှန်တဲ့ ဆင်းရဲချို့တဲ့သူတွေ အတွက်တော့ ဘာဆေးဖျန်းဖျန်း ပေါက်ချင်တဲ့နေရာကပေါက်ပေါက် ပါးစပ်ထဲဝင် ဝမ်းဝရင်ပြီးရော မဟုတ်လား..။ အိမ်မှာ ကိုက်လန်ရွက်ဝယ်စားပါတယ် ဆေးဖျန်းတာများလို့ပဲနေမယ် တရေပြုတ်ပြီး ပြန်ကြော်တောင် အနံ့က မပျောက်ချင်ဘူး အဲလောက်ဆိုးတာ...။
ရန်ကုန် ဓမ္မစေတီလမ်းပေါ်က အီတလီစာတွေကို အဓိကထားရောင်းတဲ့ Sharky ဆိုတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်..။ ဒီဆိုင်ရဲ့စတင်ဖြစ်ပေါ်လာပုံနဲ့ ရည်ရွယ်ချက်တွေကို Food Magazine ထဲမှာ ပိုင်ရှင် ဦးရဲထွဋ်ဝင်း ကိုယ်တိုင် အင်တာဗျူးတာ ဖတ်ခဲ့ရဖူးတယ်...။ သူက နိုင်ငံခြားကပြန်လာတော့ ဒီမှာ မြေဝယ် စိုက်ပျိုးရေးကိုအရင်စလုပ်တာ... သူ့မိဘများကတောင် နိုင်ငံခြားပြန်က လယ်သမားပြန်ဖြစ်နေတယ်လို့ပြောတာခံရတာ မမှုဘဲ သူ့ရည်မှန်းချက်အတိုင်းလုပ်လာခဲ့တာ ခုဆိုရင် သူ့ဆိုင်ကလေးက လူသိတော်တော်များနေပြီ..။ ဒီဆိုင်ကထွက်သမျှစားသောက်စရာတွေရဲ့ ကုန်ကြမ်းသည် သူကိုယ်တိုင် သူ့ခြံမြေမှာစိုက်ပျိုးယူတယ် မွေးမြူယူတယ်...။ ဝက်အူချောင်းအမျိုးမျိုးအတွက်ရော အမဲသားနို့ ဆလပ်သုပ်ထဲထည့်ရမယ့် အရွက်တွေကအစ ခြံထဲမှာ ကိုယ့်ဘာသာကိုယ်စိုက်တယ်...။ အဲဒါလေးဖတ်ပြီး ကိုယ်အရမ်းကိုသဘောကျနေတာ...။ အဲဒီဆိုင်မှာ တစ်ခါ နှစ်ခါ သွားစားဖူးတယ် ဈေးကြီးတယ်။ ခြံထွက်ဟင်းသီးဟင်းရွက်စစ်စစ်တွေ နေကြာဆီ ဒါတွေသုံးတယ်...။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဟာရဖြစ်မယ့်အစား တစ်လုတ်အတွက် စားသုံးသူတွေကလည်း ကျေကျေနပ်နပ်ကြီးကိုပေးဝယ် စားသုံးကြတယ်လေ....။ ဒါပေမယ့် သူများနိုင်ငံမှာထက်စာရင် အမဲသားဘာဂါတစ်လုံးရဲ့တန်ဖိုးဟာ တော်တော်များပါတယ် တစ်လုံးကို 9500ကျပ် ကျတယ်ဗျ...။ အထဲက အသားကတော့ တော်တော်လေးနူးညံ့ပြီး အရသာရှိတာအမှန်ပဲ...။
ခုလည်း ပဲခူးဖြစ်ဖြစ် မှောဘီဘက်မှာဖြစ်ဖြစ်မြေလေး တစ်ကွက်လောက်များ ပိုင်ရင်ကောင်းမှာပဲတွေးကြည့်တာ..။ သိပ်လည်း ဈေးမများမယ့်မြေကွက်ကလေးကစတာပေါ့...။ (မှော်ဘီသားကညိမ်းကိုတော့ သတိရမိသား သူဝယ်မယ့် အကွက်သွားလုကောင်းမလားလို့) ဒါပေမယ့်လည်း ဒီနားမြေကွက်ပေါရင် ဟိုလူတွေက ဈေးကြီးပေးဝယ်လိုက်ကြပြီ ဟိုနားဆိုလည်း သူတို့ကဈေးကြီးပေးလိုက်ပြန်ပြီဆိုတော့ကာ ကိုယ်တွေလို အခြေခံစိတ်ကူးယဉ်လူတန်းစားအတွက် ကျန်တောင်ကျန်ဦးပ့ါမလားဗျာ...။ ဟူးးး...ဒါကိုယ့်ရဲ့ နောက်ဆုံးအရူးထနေတဲ့ စိတ်ကူးပါ....။ တောင်ကြီးဖက်မှာလဲ ဟိုပုန်းမှာ တစ်ကွက်ကို ဆယ့်ငါးသိန်းနဲ့ချပေးနေတယ် ဂရံတော့မပါဘူးပေါ့ အဲဒါစိတ်ဝင်စားလားလို့ မေးပေမယ့် ကိုယ်မမြင်ရတဲ့နေရာ ကိုယ်တိုင်လည်းမသွားနိုင်မယ့်နေရာကိုတော့ မဝယ်ထားချင်ဘူးလေ...။ ထောက်ကြံ့ဖက်မှာလည်း ဈေးထဲက ဟင်းရွက်ရောင်းတဲ့ အမတစ်ယောက်က သူ့ခြံလာလည်ပါဦးလို့ ခေါ်တာကြာလှပေါ့ လိုက်ကိုသွားမကြည့်ဖြစ်သေးတာ...။ ခြံထဲစိုက်ထားတဲ့ မုန်ညင်းဖူးခင်းတွေလှလွန်းလို့ ဓါတ်ပုံရိုက်ချင်လာရိုက်ပါလို့ခေါ်နေတာ...။ ဆောင်းဦးလိုအချိန်မျိုး မနက်ခပ်စောစောသွားရမှာ မြူတွေဝေ့ဆိုင်းနေမယ့် စိမ်းစိုစို အခင်းလေးမှာ ဘယ်လောက်နေချင့် စဖွယ်ကောင်းလိုက်မလဲလို့...။
ကလေးဘဝတုန်းကတော့ မီးဖိုချောင်ဟင်းစားပင်တွေကို အိမ်မှာမစိုက်ဖူးပေမယ့် အပင်ကြီးမျိုးတွေဖြစ်တဲ့ သရက်ပင်တို့ သံပယိုပင်တို့လိုမျိုးတော့စိုက်တယ်..။ အကောင်တွေဆို ကြက် ဘဲ ဝက်တွေမွေးတယ်...။ ညနေဆို ဝက်စာတွေကျွေးရတယ်...။ ဖွဲနုနဲ့ ပိန်းရိုးနဲ့ ဆန်ကွဲကျိုထားတဲ့ အစာတွေကို စားခွက်ထဲလောင်းထည့် ဝက်တွေတိုးကျိတ်ပြီး တအိအိနဲ့စားကြတာကိုကြည့်ရတာပျော်စရာ...။ ဘဲစာကျပြန်တော့လဲ ဖွဲနုနဲ့စားကွဲပဲဖျော်ပေးရတာ..(ခုခေတ်တွေလို နိုင်ငံခြားကလာတဲ့ ဓါတုပစ္စည်တွေနဲ့လုပ်တဲ့ အစာတွေဘာတွေဆိုတာ ကြားတောင်မကြားဖူးပါဘူး)...ပြီးတော့ သူတို့ဆော့ဖို့ ရေတွင်းနားမှာ ရေကန်သေးသေးသေးလေးဆောက်ပေးထားရသေးတယ်...။ ဒီလောက်ပါပဲ စိုက်ပျိုးရေးမွေးမြူရေးအတွေ့အကြုံကတော့...။
ကိုယ့်စိတ်ကူးထဲမယ်တော့ ကိုယ့်ခြံထဲက အသီးပင်လေးတွေကိုစားလဲစား... သဘာဝဟင်းသီးဟင်းရွက် ခြံထွက်စစ်စစ်ဆိုပြီး ရပ်ကွက်ထဲကသူကိုလည်းမျှပေးချင်တဲ့စိတ်ရှိနေတယ်..။
နို့စားနွားကရမယ့် နို့ကို နို့နဲ့ပတ်သက်တဲ့မုန့်ပဲသရေစာတွေ ဒိန်ချဉ်တွေလုပ်မယ်....။ ကိုယ့်ပတ်ဝန်းကျင်နီးနား ကသူတွေအတွက် အဟာရဖြစ်မယ့် ကျန်းမာရေးကောင်းမွန်စေတဲ့ လတ်ဆတ်တဲ့ အစားအစာတွေကို မျှဝေချင်တဲ့ စေတနာရှိနေတယ်...။ ဒါပေမယ့်ကွယ် စိတ်ကူးထဲမယ်ပေါ့....။
OK... One day ပေါ့.... တစ်နေ့နေ့တော့ ကိုယ့်စိတ်ကူးလေးကို အကောင်ထည်ဖော်နိုင်မှာပါ...။
မိုးငွေ့
5 comments:
အောင်မလေး...မြေဈေးတွေတော့မမေးနဲ့....ခေါင်ခိုက်
နေတာပဲ....စိတ်ကုန်စရာ....၊ဒီကြားထဲ ဟိုခြံကသရဲ
ခြောက်သလေး၊ဒီခြံက ဒီလောက်မပေါက်ဘူးလေး၊ဒီ
အကွက်ကတော့ ပတ်ဝန်းကျင်မကောင်းဘူးလေး နဲ့
ဝိုင်းပြောကြတာနဲ့ ခုထိမဝယ်နိုင်သေး....ခြံတစ်ကွက်
ရှာနေတာကြာပေါ့...မမိုးရယ်....၊မမိုးလိုချင်ရှာပေးမယ်
လေ.......
လောလောဆယ် မြို့ထဲ မရောက်တရောက် လေးလွှာလောက်တောင်မှ ၃၀၀ နားကပ်နေပြီ... ဆိုက်ကား ထောင်စားရင် ကောင်းမလား စိတ်ကူးနေတာ... ဘုန်းကြီးကျောင်းမှာ ကပ်နေပြီးတော့... :P
မ ရေ...
ညလေးလဲ အော်ဂဲနစ်တွေ သိပ်ကြိုက်ပါတယ်
ဒါပေမဲ့ အဲ့အော်ဂဲနစ်တွေက ဘယ်လိုမှ ဆေးမလွတ်
တော့ အားကြီးစိတ်ပျက်မိတယ်...:((((
ဂျက်လဲတိုက်ခန်းတွေကိုဘယ်လိုမှ ဖီလင်မရှိဘူး
ငယ်ငယ်ထဲက မြေကြီးနဲ့ အနေနီးခဲ့သူဆိုတော့
မြေကြီးနဲ့ အိမ်လေးကိုပဲချစ်တယ်
ဟိုပုံးကို မသိဘူးနော် တောင်ကြီးမှာတော့ ဘယ်နေရာ
ဖြစ်ဖြစ် ၁၅ု သိန်းဆိုတာ မဟုတ်လောက်ဘူး
အလိမ်ခံနေရမှာစိုးလို့ တောင်ကြီးကွက်တွေက ရာကြော်တွေကြီးပဲနော် အေးသာယာ လူသူ အရောက်တဲ့နေရာတောင် သိန်း ၄၀-၅၀ ရှိနေတာလေ ချွေးမ အလိမ်ခံရရင်ယောက်ခမ
လဲစိတ်ညစ်ရမယ် ကြည့်လိုက်အုန်းနော်......
မြေကြီးက ရွှေသီးနေတဲ့ တို့များနိုင်ငံမှာ တို့တွေ လည်း နေစရာရှားပါး တို့နိုင်ငံကမြေ တို့မပိုင်ပါဖူးလေ
မောင်ဘကြိုင်
Post a Comment