Thursday, 22 November 2012

မိန်းကလေးတစ်ယောက်အသည်းကွဲနေသည်.....























ခေါင်းစဉ်ကိုဖတ်ပြီး ဖြူဖြူကျော်သိန်းသီချင်းလို့တော့ထင်သွားကြမှာပဲ.......။

တကယ်တော့ မိန်းကလေးတစ်ယောက်အသည်းကွဲနေတာပါ.....။ အစကတည်းက ဒဏ်ရာပရပွနဲ့ အသဲတစ်ခု ထပ်ပြီးကွဲအက်သွားတာဟာ အဆန်းတော့မဟုတ်ပေမယ့်...နာကျင်ရတဲ့ ဒဏ်ကတော့ ပိုပိုနက်လာတယ်လို့ ကိုယ်ထင်တယ်.....။

လောကကြီးကို မထီမဲ့မြင်ပြု...နှုတ်ခမ်းကိုတစ်ချက်ကိုက် မဲ့ရွဲ့ပြီး ကောင်းကင်ကိုမော့ကြည့်တော့ ..အခါတိုင်းလိုပဲ ကြယ်ပွင့်ကလေးတွေကပြုံးပြနေကြတယ်...။ ပါးပြင်ပေါ်က လက်ခနဲလှိမ့်ဆင်းလာတဲ့ မျက်ရည်ကြည်တွေကို လက်ဖမိုးနဲ့ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်မိတယ်...။ အဲဒီညတုန်းက အမှောင်ထုကိုခွင်းလို့ လင်းလက်သွားတဲ့ မင်းအပြုံးဖြူဖြူတစ်ပွင့်ဟာ.... ကိုယ့်အတွက် နောက်ဆုံးလက်ဆောင်လို့တော့ မပြောလိုက်ပါနဲ့....။

ကိုယ့်ရဲ့စကားတစ်ခွန်းကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်က ခုတော့ ကိုယ့်ဘယ်ဖက်ရင်အုံကို စူးစူးနစ်နစ်နာကျင်အောင်ပြုစားလိုက်ပြီ....။

သူ့ကို မြင်နေကျနေရာမှာမတွေ့ရတော့ဘူး.....။ သူကိုယ့်ကို အပြီးရှောင်ပုန်းလိုက်ပြီလား.....။ တစ်သက်လုံးကိုယ်ယောင်ဖျောက်ပစ်လိုက်တော့မှာလား....။

တခါတခါကျရင် ကိုယ်ဟာ အချစ်ကျိန်စာသင့်နေတာများလားလို့တောင် ကိုယ့်ကိုယ်ကိုသံသယဖြစ်မိတယ်.....။ 

နေလို့မကောင်းဘူး....။ ရင်ထဲမှာပူပူလောင်လောင်နဲ့....။ တခုခုစားနေရင်းနေရာကထပြီး ဗီဒိုတွေလျှောက်ဖွင့်ကြည့်မိတယ်...။ လုပ်နေတာတစ်ခု အတွေးကတခြား အဲလို ကယောင်ခြောက်ချားဖြစ်နေတယ်...။ ကျန်းးး ရင်မကျပ်သေးပါလားလို့ ဆရာကြီးစကားနဲ့ပြောလို့ရတယ်...။
ညီမတစ်ယောက်ကပြောတယ်...မယုံပါဘူး အဲမျက်နှာကိုလာကြည့်ဦးမယ်တဲ့....။ ကိုယ့်မျက်နှာမှာ ကိုယ့်ခံစားချက်တွေကိုဝှက်တတ်နေတာကြာပြီကွယ့်...လာကြည့်လဲ တွေ့မှာမဟုတ်ဘူးလို့...။

မင်းကို ဖုန်းဆက်ပြီးတခုခုပြောသင့်သလား....ကိုယ်မဆက်ချင်ဘူးဆိုတာက ကိုယ့်ရဲ့အပြောအဆိုတွေကို ကိုယ်မယုံကြည်လို့ပါ ...။ ပြီးတော့ မင်းအတွက်နဲ့မိန်းကလေးတစ်ယောက်အသည်းကွဲနေတာ မင်းမယုံမှာစိုးလို့ပါ....။ ကျေးဇူးပြုပြီး ဆိုင်းလန့်ရီတာအဖြစ်နဲ့တိတ်တိတ်ကလေးလာဖတ်ပေးပါ ရပါတယ်..။ ကိုယ့်ရေးချထားတဲ့ မင်းနဲ့ပတ်သက်တဲ့ စကားလုံးတိုင်း စကားလုံးတိုင်းဟာ..မင်းအပေါ်ထားတဲ့ အကြင်နာတွေနဲ့ ထပ်တူညီမျှနေပါတယ်ဆိုတာ နားလည်ပေးပါ အိန်ဂျယ်......။

ကျန်းးး ရင်မကျပ်သေးပါလား = ကြည့်စမ်း မရင့်ကျက်သေးပါလား







Bonus......မိန်းကလေးတစ်ယောက်အသည်းကွဲနေတယ်


မိုးငွေ့

16 comments:

စံပယ္ခ်ိဳ said...

မိုးငွေ့ရေ တကယ်အသဲမကွဲပါဘူးနော်...
ချွေးမတော်ဖို့ သားရှာနေတာလေ
အဲတာမှယောက်ခမတော်လို့ရတာပေါ့နော်...
ချစ်တဲ့ jas

လရိပ်အိမ် said...

အသည်းက ခဏခဏကွဲရလွန်းပေမဲ့ ခံနိုင်ရည်ရှိအောင်ကြိုးစားနေဆဲပါဘဲ။

ညိမ်းနိုင် said...

တစ်ခုခုပြောလိုက်ပေါ့ မမိုးရဲ့....ခုလိုဒဲ့ကြီးတော့ အတဲကွဲ
နေတယ် သွားမပြောနဲ့လေ...၊နေကောင်းလား...၊ဘာတွေ
လုပ်နေလဲ....၊သတိရလို့ဖုံးဆက်လိုက်တာ....၊တို့ကို
ကောက်နေတုန်းပဲလားဟင်....ဘာညာပြောလိုက်....
ကောက်နေတုန်းပဲလားလို့ပြော၊စိတ်ဆိုးနေတုန်းပဲလား
လို့သွားမပြောနဲ့၊ယောင်္ကျားလေးတွေက ကောက်တယ်
ပြောရင်မခံချင်ဘူး၊ဒီတော့ အဲ့စကားလုံးနဲ့ဆွပေးလိုက်
:p

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ခုလောက်ဆို ဖတ်ပြီးနေရောပေါ့ကွယ် ..၊
ဘယ်လောက် စိတ်ဆိုးဆိုး ကိုယ်ထင်မပြရုံပဲရှိပြီး တိတ်တိတ်ကလေး မိုးငွေ့ရဲ့ခံစားချက်တွေကို လာဖတ်ရင်း သူ.. သိနေလောက်ပါပြီ

လွင်ပြင်လှိုင်းငယ် said...

အော် ...အချစ် အချစ်....
ရင်ခုန်မှု့တွေပါသလို ကြေကွဲမှု့တွေလဲပါတာပါပဲနော်

အလင်းသစ် said...

ကျန်..ကျန်... တကယ်ကို ရင်မကျတ်သေးပါလား....

မိုးနတ်ကြယ်စင် said...

မရင့်ကျက်သေးတာတော့ မပြောနဲ့..
အချစ်နဲ့ ပတ်သက်ရင် ရင့်ကျက်ပြီဆိုတာများရှိလို့လား
မရယ်..တကယ်စဉ်းစားကြည့်လေ..မဖြစ်နိုင်လေပဲ
တခြားအရာတွေမှာ အတွေ့အကြုံများလေ ရင့်ကျက်လေ
ဆိုပေမဲ့...အချစ်နဲ့ပတ်သက်လာရင်တော့......:(

သူကြီးမင်း (တုံးဖလား) said...

ပြန်ညှိယူကြလေ။ ထပ်ပြီး အသဲကွဲမခံနဲ့တော့။
ကွဲပါများရင် မကောင်းဘူး။

Candy said...

ကိုယ့်ခံစားချက်တွေ ၀ှက်ထားတာ ကြာပြီ... လာကြည့်လည်း တွေ့မှာမဟုတ်ဘူးတဲ့... :) :)

နောက်ထပ် အိန်ဂျယ်စာစုလေးပေါ့နော် :D

ညီရဲသစ် said...

အစ်မတော်က အတဲကွဲတာကို အတဲကွဲတယ်လို့ ဒဲ့ကြီး သွားမပြောနဲ့ ဆိုတော့ ဘယ်လို ပြောရမှာလဲ... မသိရင်ဘဲ တူက ဆရာမကြီး ကျနေတာဘဲနော် မမိုး... ဟီ ဟိ...
ကောင်မလေးက ရင်မကျပ်သေးလို့ မကောက်ပါနဲ့ လို့ အိန်ဂျယ်ကို တွေ့ ရင် ပြောလိုက်ပါ့မယ်လေ...

မဒီခ said...

လာဖတ်သွားပါတယ် ...

Ngu Wah said...

ထပ်တူထပ်မျှပါပဲ.........
ဒဏ်ရာဗရဗွနဲ့အသည်း နောက်တစ်ကြိမ်ထပ်ကွဲတော့လည်း မထူးဆန်းတော့ပါဘူးလေ....

Unknown said...

မင်းငိုနေသေးသလား....မိုးငွေ့....
သူငယ်ချင်းကပြောတယ် အသဲကွဲရင် လျှက်ဆားနဲ့သံပုရာသီး စားပါတဲ့ ...မရပါဘူးကွာ..
နောက်တစ်ယောက်ကတော့ နောက်တမျိုး ဂျွန်းထိုးပါတဲ့။

Unknown said...

မင်းငိုနေသေးသလား..မိုးငွေ့..
သူငယ်ချင်းကပြောတယ်..အသဲကွဲရင် သံပုရာသီးနဲ့လျှက်ဆား တွဲပြီးစားပါတဲ့..
နောက်တနည်းက ဂျွန်းထိုးပါတဲ့းးးးးး
နောက်တမျိုးကြတော့ ဒုတ်ကောက်နဲ့ လမ်းလျှေက်ပါတဲ့....
နန်းသုံးဆေးကတော့ ငရုပ်သီးစပ်စပ် ဒူးထောက်ပြီးစားတဲ့။။
ငါလည်း မင်းလိုအသဲကွဲဌါန တစ်ခုလောက်ဖွင့်ရင်ကောင်းထင်တယ် ငါအသဲကွဲတာရက်ပေါင်း ၃၈၀ကျော်ပြီ။

Yoemyaykya said...

ဟိုရက်ကဒီပို့စ်လေးကို ကြည့်ရုံပဲကြည့်ခဲ့တာ။ဒီနေ့သေသေချာချာလာဖတ်တယ်မမ။ အသဲကွဲနေလားမမ။ မကွဲနဲ့တော့တိတ်တိတ်။

မာယာဖြူ said...
