အလင်းတန်းတစ်ခု......
အဖြူရောင်အလင်းတန်းလေးတစ်ခု...ကိုယ့်ရှေ့ကနေ...ဟိုးးး အဝေးကြီး အဝေးကြီးကိုလွင့်သွားခဲ့တယ်....။ ကိုယ့်ရဲ့ အပြုအမူအပြောအဆိုတစ်ခုကြောင့်ပေါ့......။ အလင်းတန်းရဲ့လွင့်စင်သွားမှုအရှိန်တန်ပြန် မီးလျှံတွေက ကိုယ့်ကိုချက်ချင်းပြန်လာဟတ်တယ်....။ ကျွမ်းလောင်ပြီးသား နှလုံးသားတစ်ခုအတွက် ပြာမှုန်ဖြစ်သွားတော့ရော ဘာများထူးခြားလာဦးမလဲကွယ်....။
ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းဟာ မင်းအတွက် မင်းသိက္ခာကိုအကြီးအကျယ်ထိခိုက်သွားမယ့်စကားဖြစ်မှန်းမသိဖြစ်သွားခဲ့တယ်...မှန်တယ်...။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်စေတနာက အဲလိုရည်ရွယ်ချက်မျိုးမရှိရိုးအမှန်ပါ....။ ကိုယ့်ကို...မင်းစိတ်နာသွားပြီလား....။ မုန်းသွားပြီလား....ဟင် အိန်ဂျယ်....။ ကိုယ်တော်တော်မကောင်းတဲ့ မိန်းမတစ်ယောက်ပဲနော်.....။ ကိုယ်ကစာရေးပဲကောင်းတာ အပြောအဆိုမှာတော့ တဖက်ကမ်းခတ်လောက်အောင် ညံ့ပါတယ်...။
ကိုယ်တစ်ညလုံးမင်းရဲ့ပေါက်ကွဲသံစဉ်တွေကို ဘာမှပြန်မပြောဘဲ နားထောင်ခဲ့တယ်...။ မင်းရင်ထဲက ခံစားချက်ခပ်ပြင်းပြင်းရှရှစကားလုံးတချို့တွေက ဖုန်းလိုင်းကတစ်ဆင့် ကိုယ့်ခန္ဓာတစ်ခုလုံးကို ဓါးသွားလိုပဲမွှန်းရှသွားခဲ့တယ်...။
ရပါတယ်....မင်းဆီက အကောင်းအဆိုး ကိုယ်ဘာမှမျှော်လင့်ထားတဲ့သူမဟုတ်တာမို့... မင်းရဲ့တုန့်ပြန်မှုတိုင်းဟာ တခါတရံနူးညံ့နေတဲ့အခါရှိမယ် တခါတရံပြင်းထန်တဲ့အခါရှိမယ်... အရာအားလုံးကို လက်ခံနိုင်စွမ်း ကိုယ့်မှာအပြည့်ရှိပါတယ်.....။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့စိတ်စေတနာ ချစ်ခြင်းတရားတွေက အမြဲဖြူစင်နေလို့ပါပဲ....။
ကိုယ့်ဆီကို မင်းဘယ်တော့မှမလာတော့ဘူးတဲ့လား........။ ကိုယ်အမြဲတွေးကြောက်နေမိခဲ့တဲ့ နှုတ်ဆက်မှုမျိုးနဲ့ ကိုယ့်ကိုတကယ်ထားသွားပြီလား....။ ဟင့်အင်း ...ကိုယ်မင်းနဲ့ဆုံချင်သေးတယ် စကားတွေအများကြီးပြောချင်သေးတယ်....မင်းရဲ့အခက်အခဲတွေကို တွဲကူဖေးမချင်သေးတယ်... ကိုယ့်ကိုလက်ခံပေးပါ အိန်ဂျယ်...။
မိုးငွေ့
8 comments:
အားမငယ်ပါနဲ့ ဆုံမျာပေါ့
အဲလိုနှုတ်ဆက်မှုမျိုးအနော်လဲကြောက်တယ်။ လက်ခံပေးမှာပါ ချစ်ခြင်းတွေကဖြူစင်နေတာပဲမမ။
ဒီပို့စ်လေးကို ဖတ်နေရင်းနဲ့း ဆိုဒ်ဘားက ‘ယနေ့ပြောချင်တာ’ ဆိုတဲ့ အောက်မှာ ဟိုတလောက ‘ပျော်နေတယ်ထင်တာပဲ’ ကနေ အခု မဲ့နေတဲ့ စမိုင်းလီကလေးး( ရောက်နေတာ သတိထား မိတယ်...၊
စိတ်မကောင်း မဖြစ်ပါနဲ့ မမိုးရေ..၊ ပြန် အဆင်ပြေမှာပါ။
အိန်ဂျယ်ပြန်လာမှာပါ မမမိုးငွက်ရယ်
ချစ်တဲ့ သာမီး
ဂျာရစ်
ဒီစကားတွေ သူသိနိုင်အောင်သာ ပြောပေးလိုက်ပါ။ မိုးငွေ့ဆီကနေ အိန်ဂျယ်လေးက ထွက်ပြေးသွားမှာ မဟုတ်ပါဘူး။
ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်
ကဲပါကွယ်...စိတ်ဆိုးတုန်းခဏ သူပြောလိုက်မှာနေမှာပါ။
စိတ်ပြေသွားတော့လည်း ပြန်လာမှာပေါ့နော်.....
အိန်ဂျယ်လေးရေ..မြန်မြန်လာပါကွယ်..
ဒီမှာ မမမိုးငွေ့ကလွမ်းနေတယ်...:)
jas လဲအဲလိုပဲသိလားမိုးငွေ့ရေ
Post a Comment