ကိုယ်အိမ်မပြန်ချင်သေးဘူး.........ညရဲ့ဆောင်းဦးလေပြေတချို့ကို ရှူရှိုက်ခွင့်တစ်ခဏလေးတော့ ရပါရစေ......။ ပြီးတော့ သံစဉ်ခပ်ပါးပါးလေးတွေနဲ့ ကိုယ်မဝေးကွာချင်သေးဘူး....။ တစုံတရာရဲ့ ဆွဲငင်သိမ်းနှုတ်မှုကို ခံစားမိနေတယ်...။ ဒါပေမယ့် ဒါဟာ အတွေးသက်သက်ပါပဲ...။ စိတ်ထဲကိုနွမ်းလျမှုတစ်ခု ဖြတ်ပြေးသွားတယ်...။
ထွက်သက်နွေးနွေးတစ်ခု.... စိုရဲလက်နေတဲ့ နှုတ်ခမ်းတစ်စုံ... ရီဝေနေတဲ့ မျက်လုံးနဲ့ မက်မွန်သီးရောင်ပါးပြင်တွေ...ပြီးတော့ ကိုယ့်လက်ဖမိုးပေါ်ကျရောက်လာတဲ့ လက်ချောင်းတွေရဲ့ ထိတွေ့မှုက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်အရွယ်လောက်ကဆိုရင် တော်တော်လေးကို ရင်ခုန်ညွှတ်နူးဖွယ်ကောင်းခဲ့မှာပါ.....။
သူဟာ...ကိုယ့်အတွက် တစ်သက်စာရေးမကုန်တဲ့ အက်ဆေးလှလှတစ်ပုဒ်လား.....။ လူတွေရိုးအီသွားမှာကို ကိုယ်ကြောက်နေမိခဲ့တဲ့ သူ့အကြောင်းတချို့ကို ကိုယ်အချိန်ကြာကြာတစ်ခုမှ ရေးဖို့စဉ်းစားထားခဲ့မိပေမယ့် သူကိုယ်တိုင်က ကိုယ့်ကို စာတွေအရေးကျဲသွားပြီနော်လို့မှတ်ချက်ချလိုက်တာဟာ... တည်ငြိမ်ချင်ဟန်ဆောင်နေတဲ့ ကိုယ့်နှလုံးသားကို လှုပ်နှိုးလိုက်သလိုပါပဲ...။
သူ့ခံစားမှုခါးခါး သူ့ဘဝခါးခါးတွေကို အတွင်းကျကျကိုယ်မဖတ်ချင်ခဲ့ဘူးဆိုတာ.... ကိုယ့်ရဲ့အက်ဆေးလှလှမှာတော့ ကိုယ့်ရဲ့ စကားလုံးတွေကိုမြင်ပြီး သူ့ဘဝလေးရင်ခုန်ကြည်နူးမှုတချို့စိမ့်ဝင်နေစေချင်ခဲ့တာကြောင့်ပါ...။ ကိုယ့်နှလုံးသားနဲ့ခံစားချရေးခဲ့တဲ့စာတွေဟာ သူ့အတွက် အားတစ်ခုဖြစ်စေချင်ခဲ့တာပါ....။
ညက အေးစက်တိတ်ဆိတ်နေတယ်လို့ထင်ရပေမယ့်.... လမ်းမီးအလင်းပျပျတွေနဲ့ မောင်းနှင်နေတဲ့
ကားတစ်စီးစနှစ်စီးစကြောင့် ကိုယ်နဲ့ဆန့်ကျင်စွာ အသက်ဝင်သေးနေကြောင်း သိသာနေတယ်...။ မျက်နှာကိုလာရိုက်ခတ်တဲ့ လေအေးတချို့ကိုခံယူရင်း နိုဝင်ဘာရဲ့ အေးစိမ့်မှုအငွေ့အသက်ကိုရသွားသလို တပြိုင်နက်ထဲ ရင်ထဲက အပူငွေ့တချို့ကနေရာယူသွားတယ်....။
Good Night!!! My dear......
အချိန်တန်ရင် ခွဲခွာကြရမယ့်သူတွေဆိုပေမယ့်လည်း အကြိမ်ကြိမ်နှုတ်ဆက်မှုတွေမှာ ဘယ်တစ်ချိန်ဟာ နောက်ဆုံးဖြစ်လာမလဲဆိုတာ တွေးကြောက်မိနေတယ်..။
မိုးငွေ့
11 comments:
အမုန်းမီးလျှံတွေလာဟတ်ခံနေရလားမမရယ်။
အကြိမ်ကြိမ်နှုတ်ဆက်မှုတွေမှာ ဘယ်တစ်ကြိမ်ကနောက်ဆုံးဖြစ်မလဲဆိုတာတော့………….
အချိန်တန်ရင် ခွဲခွာကြရမယ့်သူတွေဆိုပေမယ့်လည်း အကြိမ်ကြိမ်နှုတ်ဆက်မှုတွေမှာ ဘယ်တစ်ချိန်ဟာ နောက်ဆုံးဖြစ်လာမလဲဆိုတာ တွေးကြောက်မိနေတယ်......တစ်ကယ်ပါမီးမီးရေ
ကျေးဇူးလဲအရမ်းတင်မိတယ်....
ရဲထွန်းဇော်ကိုလဲကျေးဇူးတင်ပါတယ် သိမ်းထားတယ် ဘာမှ
မစားရသေးဘူး နောက်ရက်မှ ဖဘ မှာဖွရအုန်းမယ်
ချစ်တဲ့ jasmine
ကောင်းလိုက်တာဗျာ....
ပိုစ့်ကိုဖတ်ပြီးတော့ ရင်ထဲမှာတင်ကျန်နေခဲ့တာ မွတ်သိပ်ချင်းတွေလား ဒါမှမဟုတ် စိုးရိမ်ချင်းတွေလား ဆိုတာ ခွဲမရနိုင်ခဲ့ပေမယ့်လို့ စိတ်တွေကတော့ လွင့်ဝဲသွားတယ်။
လွမ်းစရာကောင်းလှတဲ့ နိုဝင်ဘာညလေး.....၊ခုနောက်ပိုင်း
အိန်ဂျယ်အက်ဆေးတွေကို ကျွန်တော့်နှလုံးသားက ထဲထဲ
ဝင်ဝင် လိုက်ခံစားဖြစ်နေတယ်....၊အရင်လို နောက်ပြောင်
ဖို့ စကားလုံးတွေ ဆွံအ ခဲ့ရ.....။
ဒါလေးလဲကောင်းတယ်မ....ရေးထားတာလေးတွေ..
စကားလုံးသုံးထားတာလေးတွေကြိုက်တယ်...
ဒါထက် မတို့ဘာလို့မဆုံနိုင်ရတာလဲကွယ်..
အဲဒါ ညလေးသိပ်သိချင်တဲ့ အဖြေပါပဲ..
ချစ်တဲ့...မိုးနတ်
နောက်တနေ့မှာဆုံဆည်းဖို့အတွက်
ဒီကနေ့ မှာနှုတ်ဆက်တာဘဲ
ဖြစ်မှာပါစေလို့ဆုတောင်းပေးတယ်အမ
ု့
ရေးတတ်သူများဘယ်လိုရေးရေးကောင်းနေတာပဲ ။အားကျထှာ
.... ဘုရား ဘုရား ... ဘယ်တစ်ချိန်က နောက်ဆုံးဖြစ် နေမလဲ ... အဲ့လို .. မဖြစ်ပါစေနဲ့  ... ။
အေးလေ ... ဖြစ်တက်တာပဲ .... ။
အာာာာာာာာာာာာာာာာာာားးးးးးးးးးးးးးးးးးးးးးး
ဖြစ်ပါဘူး .... ဖြစ်ရဘူး .... ။ ဟာ .....ဟင် ....
အက်ဆေးရေးတဲ့နေရာမှာတော့ မမက နံပါတ်တစ် ^_^
အမ မိုးငွေ့ရေ .. ရင်ထဲမှာ ဘယ်လိုဖြစ်သွားမှန်း မသိဘူးး((
ဒီကနေ့ တွေ့ဆုံခြင်းဟာ နောက်ဆုံးပါလို့ ဘယ်သူပြောနိုင်မှာလဲ မိုးငွေ့ရေ။
လောကလူသားအားလုံး နှုတ်ဆက်ချိန်မရပဲ ခွဲခွာရစမြဲပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment