အသက်ကိုတဝကြီးရှူသွင်းလိုက်တယ်.... ရင်ထဲက တင်းကြပ်မှုတွေ ဖြေလျော့သွားမလားဆိုတဲ့ အတွေးနဲ့ပေါ့......
မျက်ဝန်းမှာလည်း မျက်ရည်ကြည်တွေအိုင်ထွန်းစပြုလို့....။ နိုးးး ကိုယ်ဘာကို ဝမ်းနည်းရမလဲ အဓိပ္ပါယ်မရှိတာ.....။ လည်ချောင်းထဲက ခံစားချက်ခါးခါးတချို့ကို ကြိတ်မှိတ်မျိုချပစ်လိုက်တယ်...။
သူ့နဲ့တွေ့တော့ ခုတလော မမစာတွေသိပ်မရေးတော့ဘူးနော်...တဲ့..။ သူကိုယ့်စာတွေနဲ့အဆက်မပြတ်သေးဘူးဆိုတဲ့သဘောလား...။ သူပေါက်ကွဲချင်တယ် သီချင်းဆိုချင်တယ်ဆိုလို့ ကိုယ်သူခေါ်တဲ့နောက်ပါသွားခဲ့တာ...။ ကိုယ်ကတော့ နားထောင်သူသက်သက်ပေါ့...။ သူသီချင်းဆိုတော့ ကိုယ်က သူနဲ့ တစ်နေရာကျော် ဒေါင့်လေးမှာ ဒူးတုတ်ပြီး ထိုင်နေလိုက်တယ်...။ နဖူးမှာ ချွေးစို့နေတဲ့ ပါးပြင်မှာ ပန်းသွေးရောင်ကြွနေတဲ့သူ့ကို ဘေးနားက ကိုယ်တိတ်တဆိတ်ထိုင်ကြည့်နေခဲ့မိတယ်....။
ကိုယ်စိတ်ညစ်ရင်အမြဲနားလည်အားပေးနေကျသူ့ကို တလှည့်ပြန်အားပေးခွင့်ရတာ ဝမ်းသာစရာမဟုတ်လား...။ ဘာကြောင့်စိတ်ထဲတခုခုဖြစ်နေခဲ့သလဲ...။ ဟင့်အင်း... သူ့ရဲ့ ရွေးချယ်မှု သူ့ရဲ့စိတ်ချမ်းသာသာမှုအားလုံးဟာ ကိုယ်နဲ့ထပ်တူညီမျှရမှာချည်းပဲလေ...။ အဲလိုပဲ သူစိတ်ညစ်တဲ့အခါလည်း ကိုယ်က ဘယ်အခြေနေမျိုးမှာဖြစ်ဖြစ် မျှဝေခံစားပေးတတ်ရမယ်...။
“မမ စိတ်ညစ်နေပြီ မဟုတ်လား” ဆိုပြီး သီချင်းတစ်ပုဒ်ပြီး သွားတိုင်း ကိုယ့်ဖက်လှည့်ပြီး သူက အားနာနေတတ်သေးတယ်...။ “ကျွန်တော်ဟာ လူဆိုးတစ်ယောက်ဆိုတာ မမယုံပြီမဟုတ်လား”တဲ့။
သူ့ကိုယ်သူူ လူဆိုးတစ်ယောက်မဖြစ်ဖြစ်အောင် သတ်မှတ်နေတာကို ကိုယ်ဘယ်လိုပဲ့ပြင်ရမှာပါလိမ့်..။
ဘာတွေစိတ်ညစ်နေတာလဲ ကိုယ့်ကိုပြောပြစေချင်တယ် ကိုယ်နားထောင်ပေးချင်တယ်...။ ဒါပေမယ့် သူက ပြောရမယ်ဆိုအရှည်ကြီးပဲဆိုပြီး သံစဉ်တွေနဲ့ဖေါက်ခွဲပစ်လိုက်တယ်....။
တကယ်ဆို ကိုယ်တို့နှစ်ယောက် တိတ်ဆိတ်အေးချမ်းတဲ့ ကော်ဖီဆိုင်တခုခုမှာ စကားတွေအများကြီး ပြောဖြစ်ဖို့ကောင်းတာ...။ သူ့ရင်ထဲက ခံစားချက်တွေပေါ့သွားအောင် ကိုယ် စကားတချို့နဲ့ဖြေသိမ့့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်...။ ကိုယ်ဝမ်းနည်းနေခဲ့တုန်းကလို ကိုယ်လက်ကို သူဆုတ်ကိုင်အားပေးခဲ့တဲ့အပြုအမူမျိုး သူ့ကိုလည်းကိုယ်ပြန်အားပေးချင်ခဲ့မိတယ်...။ သူ့ရဲ့ ခပ်ပေပေအပြုအမူတွေကို အားနာလို့ထင်ပါရဲ့ ခံစားချက်တစတလေမျှတောင် မဖွင့်ဟခဲ့ဘဲ ကိုယ့်ကို သူနှုတ်ဆက်အိမ်ပြန်သွားခဲ့တယ်....။
ကိုယ်အိမ်ပြန်ရောက်မရောက်ကိုစိတ်ပူလို့ ဖုန်းမက်ဆေ့ချ်လေးကို အိမ်ပြန်မရောက်မချင်း ဆက်တိုက်ပို့နေတော့တယ်...။ ကိုယ်အိပ်ယာဝင်သွားတဲ့အချိန်အထိ သူ့ရဲ့ ညအိပ်ယာဝင်နှုတ်ဆက်တဲ့ မက်ဆေ့ချ်လေးတစ်ခုကြောင့် ကိုယ့်နှုတ်ခမ်းတွေ တွန့်ကွေးသွားခဲ့ရတယ်...။
“ဂွတ်နိုက်...ဖလိုင်းကစ်..” တဲ့...။ အခါများစွာကလိုပဲ ကလေးဆန်တဲ့ သူ့ရဲ့နှုတ်ဆက်စကားလေးက ခုတစ်ကြိမ်မှာတော့ ကိုယ့်ရင်ထဲက တင်းကြပ်မှုကို အလိုလိုဖြေလျော့နိုင်ခဲ့တာဟာ ကိုယ့်ရဲ့တစ်ဖက်သတ် အတ္တပါးပါးတွေကြောင့်ဖြစ်မှာပါ...။
မိုးငွေ့
10 comments:
ယောင်္ကျားလေးတွေက မိန်းမတစ်ယောက်ကိုတော်ရုံနဲ့
သူ့ရင်ထဲက ခံစားချက်တွေကို ထုတ်မပြောတတ်ကြဘူးဗျ၊
သိလား မမိုး....
သူ့ကိုယ်သူ လူဆိုးတစ်ယောက်မဖြစ်ဖြစ်အောင် သတ်မှတ်နေတာကို ကိုယ်ဘယ်လိုပဲ့ပြင်ရမှာပါလိမ့်..။
အဲဒီစာကြောင်းလေး အရမ်းချစ်စရာ ကောင်းတယ်။ :)
မမနဲ့ မောင် ဇာတ်လမ်းလေးမို့ သဘောကျတယ် မိုးငွေ့ရေ ..
ခင်တဲ့
မြတ်
မိုးငွေ့ရေ
ခုလဲညရောက်တော့မယ်နော်
ဒါကြောင့်မို့ ဂွတ်နိုက်...ဖလိုင်းကစ်
ချစ်တဲ့ jasmine
အက်ဆေးကောင်းလေးကို ခံစားသွားပါတယ်နော်..
ခင်မင်နေတဲ့..မိုးနတ်ကြယ်စင်
မွန်းကြပ်မှုတွေနဲ့ ပါလားကွယ်
Good night ..Fly kiss တဲ့လား
မကြီးမိုးငွေ့ရယ်
ခံစားသွားတယ်။
ဟင်မမရင်ထဲမှာတင်းကြပ်နေလား။ မမကမတ်ဆေ့လေးတစ်စောင်ကြောင့်နှုတ်ခမ်းတွေတွန့်ကွေးသွားတယ်။ ချစ်သူကတော့ အနော့်ကိုတွေ့လို့ သူ့နှုတ်ခမ်းတွေတွန့်ကွေးသွားခဲ့ဖူးတယ်။
Good Morning Fly Kiss မမ မိုးငွေ့ ဟီးး.. ပိုစ့်လေးကြိုက်တယ်... :D
မတင်မကျဖြစ်ရတဲ့ စိတ်ခံစားမှုကို ပေးတဲ့ အက်ဆေးလေးပါပဲ မမိုး...၊ ပေါက်ကွဲတဲ့ သီချင်းတွေ အများကြီး နားထောင်ခဲ့ရမယ် ထင်တယ်နော်...။
Post a Comment