Saturday, 3 November 2012

လှောင်ပိတ်ထားသော နှလုံးသားတစ်ခု.....





လှောင်ပိတ်ထားတယ်ဆိုတာ...ကိုယ့်ဘာသာကိုယ်လှောင်ပိတ်ထားတာ...
လှောင်ပိတ်ခံထားရတာမဟုတ်ဘူး.....။

ဘယ်သူတစ်ဦးတစ်ယောက်ကြောင့်ရယ်လို့ အပြစ်တင်လိုစိတ်မရှိပါဘူး...။ ဘာရယ်မဟုတ် ဒီပုလင်းလေးထဲက နှလုံးသားနီရဲရဲလေးတစ်လုံးကိုမြင်တော့ ခံစားမိသွားလို့ ထွက်ပေါ်လာတဲ့ စကားလုံးတချို့ရယ်ပါ....။

တချိန်က...ခုလို ဖန်ပုလင်းလေးထဲကို တစ်ဦးတစ်ယောက်ကိုလှောင်ပိတ်ထားမယ်လို့ ပြောခဲ့ဖူးတယ်...။
ကံလိုက်လာတယ်လို့ပဲဆိုမလား.....။ ကိုယ့်ရေးချခဲ့ဖူးတဲ့ စာတချို့ကနေ...ခုလိုပုလင်းလေးထဲ ကိုယ်တိုင်ပဲ နှလုံးသားလေးတစ်ခုကိုပိတ်လှောင်လိုက်တယ်....။ ပိတ်လှောင်ထားတာ ကိုယ့်အတွက်ပိုသက်သာမယ်ထင်လို့ပါ....။ လွတ်လပ်စွာပွင့်သွားတော့ရော...ကိုယ့်အတွက် ဘာများထူးလာမှာတဲ့လည်းကွယ်...။ ခုလို တိတ်တဆိတ်ကလေးနေနေတာကပိုကောင်းလိမ့်မယ်...။ ဟုတ်တယ် အထူးသဖြင့် မင်းအတွက်ပိုကောင်းလိမ့်မယ်...။

တခါတခါ ကိုယ်တွေးမိတယ်... ကိုယ့်ရဲ့ စကားလုံးတွေကို မြင်တိုင်း မင်းအတွက် အနှောက်အယှက်တစုံတရာဖြစ်နေစေခဲ့ပြီလားလို့.....။ ကိုယ့်အတွေးသက်သက်ပါ...။ မင်းသဘောထားကို ပွင့်လင်းစွာကိုယ်သိမြင်ပိုင်ခွင့်မှမရှိဘဲ....။

ပုလင်းလေးထဲနေရတာ မွန်းကျပ်မနေဘူးလားလို့မမေးနဲ့.... ။ ရပါတယ် အပြင်မှာနေလဲမွှန်းကျပ်မယ့်အတူတူတော့ ပုလင်းလေးထဲမှာနေတာပိုကောင်းပါတယ်...။
ကိုယ်နေသားကျနေပါပြီလေ.... ကိုယ်နေသားတကျနေတတ်နေပါပြီ....။


မိုးငွေ့

5 comments:

ညိမ်းနိုင် said...

ကျွန်တော်လည်း လှောင်ပိတ်ထားလိုက်တယ်ဗျ......
ဘီဘီသောက်ချင်စိတ်တွေကိုပြောပါတယ်..... :P

လွင်ပြင်လှိုင်းငယ် said...

လွင်ပြင်ကတော့ စပိုချယ်နှလုံးသားပုလင်ထဲမှာ
အမြဲလှောင်ပိတ်ခံချင်တယ်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မွန်းကျပ်မှုတွေနဲ့ ကို မနှစ်သက်ပေမယ့် မြတ်မြတ်နိုးနိုး ဖက်တွယ်နေမိတဲ့ စိတ်တစ်ခုရဲ့နောက်မှာ မျှော်လင့်ချက် ပါးပါး မျှင်မျှင်ကလေး ရှိနေပါသေးတယ် .. ပုလင်းထဲက နှလုံးသားလေးတစ်ခုကို မြင်ပြီး နှလုံးသားတစ်ခုထဲက မြတ်နိုးခြင်းကို ရုတ်တရက် ရရှိလိုက်တယ်

Yoemyaykya said...

အရမ်းချစ်မိသွားတဲ့အခါ ချစ်တဲ့သူကိုလှောင်ပိတ်ထားချင်တာပဲမမရဲ့။ ကိုယ်ချစ်နေကြောင်းသိအောင်ဖွင့်ထုတ်ပီးမှ ခံစားချက်ကိုပြန်သိုဝှက်ထားတာကိုပိုကြိုက်တယ်။

မိုးဇက် said...

ဒါလေးဖတ်မိတော့ ရေဗ္ဗက္ကာဝင်းဆိုထားတဲ့ အိန်ဂျယ်ဆိုတဲ့ သီချင်းလေးကိုသွားသတိရမိတယ်
အဲဒါနှင့်ထက်လျှက် ကိုပါပုလင်းထဲမွန်းမွန်းပိတ်ပိတ် ခံစားမိသွားတယ် .......း))