Thursday, 6 October 2011

ဆားချက်ခြင်း.....

ဝက်အူချောင်းကြက်ဥထမင်းကြော်

ဗီယက်နမ်ကော်ပြန့်လိတ်ကြော်

မောင်တစ်ဝမ်းကွဲတစ်ယောက်ဗီယက်နမ်ကအပြန် လက်ဆောင်ဝယ်လာပေးတဲ့ ကော်ပြန့်ရွက်

အစာပလာတွေထည့်လိတ်ထားတဲ့ မကြော်ခင်ကော်ပြန့်လိတ်တွေ

ကော်ပြန့်ထဲထည့်ဖို့ မနယ်ခင် အစာပလာတွေ (နုတ်နုတ်စင်းထားတဲ့ ကြက်သား၊ မှိုခြောက်မျှင်မျှင်လေးညှပ်ထားတာ၊ ခရမ်းရောင်ဂေါ်ဖီ၊ ကြက်ဥနဲ့ ငရုတ်ကောင်းမှုန့်၊ ဟင်းခတ်မှုန့် )


ဗီယက်နမ်ကော်ပြန့်လုပ်နည်းကို ဒီမှာ တစ်ခါတင်ခဲ့ဖူးပြီးပါပြီ....။ ကျမအဖိုးက ဗီယက်နမ်ဆိုတော့ သူတို့ အစားအစာနဲ့ပတ်သက်ပြီး ကော်ပြန့်ကြော်နည်းကိုတော့ အိပ်စ်ပတ်ဖြစ်နေပြီ....။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အဖိုး ဗီယက်နမ်ပြန်လည်ပြီး အဲဒီကော်ပြန့်ရွက်ကြည်ကြည်လေးတွေပါလာတော့ အဖိုးကိုယ်တိုင်ဘယ်လို အစာထည့်ပြီး ကြော်ရမယ်ဆိုတာကို ပြထားတော့ အဲဒီကတည်းက လုပ်တတ်ထားတာ..။ အဖိုးဆီကရထားတဲ့ အမွေပေါ့လေ....။

အရင်တစ်ခေါက်ကတော့ တရုတ်တန်းက ကော်ပြန့်ရွက်နဲ့ပဲလုပ်တာ...။ အခုဗီယက်နမ်ကလာတဲ့ ကော်ပြန့်ရွက်ကတော့ ကြည်ပြီးပါးတယ် မာတယ်... ။ လိတ်ခါနီးကျ ရေလေးနည်းနည်းဆွတ်ပေးရတယ် အဲဒါမှ အစာထည့်ပြီး လိတ်လို့လွယ်ကူသွားတာ...။ အထဲက အစာကတော့ ထုံးစံအတိုင်းဆို ပဲပင်ပေါက် ပဲကြာဇံ အသား မှိုခြောက်နဲ့ ကြက်ဥတို့ထည့်ရတာပါ...။ ဒီတစ်ခါတော့ ခရမ်းရောင်ဂေါ်ဖီလေးရလာတာနဲ့ ပဲပင်ပေါက်အစားထည့်ကြည့်တာ...။ အဖိုးလုပ်တဲ့ကော်ပြန့်ဆို စားလိုက်ရင် အထဲက အသားကအိပြီး ငရုတ်ကောင်းနံ့မွှေးနေတာ..။ ကိုက်စားလိုက်ရင် နူးအိသွားရခြင်းကတော့ ကြက်ဥများများထည့်လို့ပါပဲ....။ ငရုတ်ကောင်းကတော့ ဗီယက်နမ်အစားအစာမှာ အဓိက ဟင်းခတ်တစ်မျိုးပါပဲ။

သူနဲ့တွဲဖက်စားရမယ့် အချဉ်ရည်ကို ဓါတ်ပုံမရိုက်လိုက်မိဘူး....။ အချဉ်ရည်လုပ်နည်းက ကြက်သွန်ဖြူနဲ့ ငရုတ်သီးနုတ်နုတ်စင်း ပုဇွန်ငံပြာရည်ထည့် သံပုရာသီးညှစ် သကြားနဲနဲထည့် အဲဒါပဲ...။ ဂျင်းကြိုက်တတ်ရင် ပါးပါး အချောင်းချောင်းလေးတွေလှီးထည့်လည်း စားကောင်းတယ်...။ ထမင်းကြော်နည်းတော့မပြောတော့ပါဘူး ရိုးစင်းပါတယ် လူတိုင်းကြော်စားတတ်တာလေးပါ...။


မိုးငွေ့

11 comments:

စံပယ်ချို said...

ဆားပဲချက်ချက်။
ငါးပဲချက်ချက်.....စားမှာပဲ

ဗီယက်နမ်ကော်ပြန့် အရမ်းကြိုက်တယ်
မအားလို့လုပ်မစားဖြစ်ဘူး....
နဲနဲလေးတော့စားသွားပါတယ်
ချစ်တဲ့ jasmine

ညီလင်းသစ် said...

အဲဒီလို ကော်ပြန့်တွေ ကျနော်တို့ ခဏခဏ ဝယ်စားဖြစ်တယ်၊ ဗီယက်နမ် စားသောက်ဆိုင်တွေ မှာဖြစ်ဖြစ်၊ ဗီယက်နမ်း take away ဆိုင်တွေမှာ ဖြစ်ဖြစ်၊ စားလို့ ကောင်းတယ်နော်...။

ကြယ်ရောင်မှတ်စု said...

အစ်မမိုးရေ...အားတုန်းလေး အဝတီးသွားတယ်...ဗိုက်ကိုကားလို့ :P

ခင်တဲ့(ဖိုးကြယ်)

Mon Petit Avatar said...

I have never had fried Vietnamese spring roll before, it looks delicious to me sis and thank you so much for your recipe.

ညီရဲသစ် said...

ကော်ပြန်လိတ်ကြော်လေးတွေ စားချင်စရာလေးတွေ...

mstint said...

ကော်ပြန့်လေးလုပ်တဲ့ ဟင်းရွက်ရောင်စုံလေးကို သဘောကျတယ် မိုးငွေ့ရေ။ ဗီယက်နမ်အစာက မြန်မာအစာနဲ့ ဆင်တူလား? ထိုင်းစာကျတော့ မြန်မာစာထက် အစပ်အားသာတယ်။
လောလောဆယ်တော့ ကော်ပြန့်လေးအားပေးသွားပြီး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

စားချင်စရာလေးတွေ မမ .တော်လိုက်တာနော်..:)

မဒမ်ကိုး said...

လုပ်ကြပါ လုပ်ကြပါ သူတို့လုပ်သမျှ နောက်ကလိုက်လိုက်လုပ်ကြည့်တာ ဖြစ်မှမဖြစ်တာကို
အဲဒီတော့ ကြည့်ပြီးပဲသွားရေကျတော့မယ် ..း)

ခင်တဲ့

မဒိုးကန်

Aunty Oo said...

မြင်ရုံနဲ.တင်စားချင်စရာမှို.အားပေးသွားပါတယ်။

blackroze said...

ပစ်ပစ်ကအမတို့လို့သေချာမချက်တတ်တော့
ဘလော့မှာတင်သမျှဘဲလိုက်သရေကျနေရတယ်..
အဟင့်...

rose of sharon said...

ဒါဆိုဗီယက်နမ်မှာ အမျိုးတွေရှိဦးမှာပေါ့... လာလည်ပါလား...