Thursday, 13 October 2011

ပုံပြောကောင်းသောအိန်ဂျယ်.......




အခါခါသေဖူးလဲ ပျဉ်ဖိုးနားမလည်သူပါ.......။

အဲလို....ကိုယ့်ကိုဝိုင်းပြီးအပြစ်တင်တော့လဲ ကိုယ်ခံရမှာပါ...။


မင်းဘယ်ဆီမှာလည်း အိန်ဂျယ်လို့ ခဏခဏတဖို့ မကွန်ကိုအားနာမိတယ်....။

ထားလိုက်ပါလေ....


နွယ်ကြိုးမျှင်နဲ့ ဒန်းလုပ်စီးနေတုန်း....အိန်ဂျယ်က ကိုယ့်ကို ကြိုးတစ်မျှင်လှမ်းတောင်းတယ်...။
ကိုယ်ကြိုးတစ်ချောင်းပေးလိုက်တယ်...။ အဲဒီကြိုးလေးနဲ့ ကိုယ့်ဆီကို လာခဲ့မယ်တဲ့....။

သီချင်းတူတူဆိုကြမယ်တဲ့...။


ပြီးတော့ ပျောက်ခြင်းမလှပျောက်သွားတယ် ဒီနေ့ထိပါဘဲ...။

အိန်ဂျယ်ပုံပြောသွားတယ်.........................။

ပျောက်ဆုံးနေသော အိန်ဂျယ်.....

ပုံပြောကောင်းသောအိန်ဂျယ်...........  


“ ပုံပြောမကောင်းပါဘူး

အားမှ မအားသေးတာ” 
ကိုယ်ယောင်ဖျောက်တတ်သောအိန်ဂျယ်......

“ဒါက မဖျောက်လည်း ပျောက်နေတာ

ကိုယ်ယောင်က
သူ့ရဲ့ ကိုယ်ပိုင် တန်ခိုးပဲ လေ
ဟဲဟဲ”

 မိုးငွေ့
 

10 comments:

မဒမ်ကိုး said...

တခါလောက်အိန်ဂျယ်နဲ့တွေ့ဖူးချင်လိုက်တာ ..း)

ပျော်ရွှင်ပါစေ

ခင်တဲ့
မဒိုးကန်

အမ်တီအန် said...

အိန်ဂျယ်လေးက ကိုယ်ယောင်ဖျောက်သွားတာနေမှာ..။

Thameesan said...

အိန်ဂျယ်က..အတော်ဆိုးတာပါလားကွယ်းP
ချစ်ခင်စွာဖြင့်

စံပယ်ချို said...

ဂျက်လဲတွေ့ဖူးချင်လိုက်တာနော်...
သီတင်းကျွတ်မှာပျော်ရွှင်ပါစေလို့
ချစ်တဲ့ jasmine

မေသိမ့်သိမ့် ကျော် said...

မိုးငွေ့ရေ

အိန်ဂျယ်လေးကို ပြန်တွေ့ပါစေနော်။ တတိုင်းနံဘေးကို ရောက်လာရင် မိုးငွေ့ပျော်သွားမှာနော်။ ပျော်ရွှင်ပါစေ နော်။

ခင်တဲ့
မေသိမ့်

ညီရဲသစ် said...

အိန်ဂျယ် အကြောင်းလေး ဖတ်သွားပါတယ် အစ်မ...

Anonymous said...

ဒီသိတင်းကျွတ်မတွေ့ခဲရင်တောင် နောက်နှစ်သီတင်းကျွတ်အမီတော့ မိုးငွေ့ရဲ့ အိန်ဂျယ်လေးကို ပြန်တွေ့ပါစေ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

blackroze said...

အမမဒိုးကန်ပြောသလိုဘဲ
မမိုးရဲ့ အိန်ဂျယ်ကိုတွေ့ဖူးချင်တယ်..

Angelhlaing(May everybody be happy and healthy! said...

ပျောက်သောသူရှာရင်တွေ့တဲ့ မမ :):) အမြန်ဆုံး အိန်ဂျယ်နဲ့ ဆုံတွေ့ပါစေလို့....

ဆူးသစ် said...

အိန်ဂျယ်ဆိုတာ ပုံပြောကောင်းလား။ မိုးငွေ့ရဲ့အိမ်ဂျယ်က နောက်တတ်တယ်ထင်ပါရဲ့။