Friday, 14 October 2011

ကြောင်တစ်ကောင်ကိုချစ်မိခြင်း

ရုပ်ကိုကပေစောင်းစောင်းနဲ့ ဂိုက်ပေးကလဲ ကြမ်းသေး



ခေါင်းစဉ်ကိုမြင်ပြီး ကြောင်ဂိုဏ်းအဖွဲ့က မင်းသားချောများ ခေါင်ရောအမြီးရော ထောင်မလာကြပါနဲ့...။ တကယ့်ကြောင်အစစ်တစ်ကောင်အကြောင်းပြောချင်တာပါ...။

ကြောင်တစ်ကောင် တညောင်ညောင်အော်သံကြားလို့ ဘယ်ကနေဘယ်လို အိမ်ထဲရောက်နေမှန်းမသိ.... အ၀ါမဲစပ်ကျားပေမယ့် အဖြူကပိုများတယ်...။ ခန္ဓာကိုယ်က တုတ်တုတ်ခိုင်ခိုင်.....။ ဒုက္ခပဲ ကိုယ်က အကောင်တွေကိုမချစ်တတ်... ဒီတော့ ဒီကြောင်ကိုပြန်ထွက်သွားအောင်ဘယ်လိုလုပ်ရပါ့...။ ကိုင်လဲမကိုင်ရဲ...။ ငယ်ငယ်တုန်းက အဖွားအိမ်မှာ ကြောင်တွေအများကြီးမွေးဖူးတယ် အဲဒီကြောင်တွေက ကုတ်တတ်တော့ သူတို့ကို မချီရဲဘူး..။ ကိုယ်ကလဲ အကောင်ပလောင်တွေ မကြိုက်တတ်တော့ ကြောင်ဆိုတာလဲချစ်ရကောင်းမှန်း မသိခဲ့ပါဘူး...။ အင်း...ဆက်ပါဦးမယ်...အဲဒါနဲ့ သူအော်နေပုံက ဗိုက်ဆာလို့နေလိမ့်မယ်ဆိုပြီး.. .နောက်ဖေးကိုခေါ်ပြီး ထမင်းကျွေးလိုက်ပါတယ်...။ ကိုယ်က အကောင်တွေမကြိုက်ဘူးဆိုပေမယ့်လည်း ကြင်နာတတ်ပါသေးတယ်....။

အိမ်မှာက ငါးသိပ်မစားတော့ ရှိတဲ့ဟင်းနဲ့ကျွေးလိုက်တာ ကိုတော်ချောကြောင်က မစားဘူးတော့...။ အဲဒါနဲ့ ပုဇွန်ခြောက်လေးထောင်းပြီး ထမင်းနဲ့နယ်ကျွေးမှ စားရှာတယ်...။ ကောင်းကြိုက်တတ်တာများ.....။ ဒီကြောင်ကလေးပြန်သွားမလားနဲ့စောင့်ကြည့်နေတာ....ဘယ်မှလည်းမပြန်ဘဲနဲ့ သူ့ကိုထမင်းကျွေးတဲ့ကိုယ့်နားပဲ အ၀ဲလည်လည်ကပ်နေတော့တာ...။ ကြောင်တို့ထုံးစံ ပွတ်တီးပွတ်သပ်ကလဲလုပ်သေးတယ်...။ ဘယ်အိမ်ကကြောင်မှန်းမသိတော့လဲ ဘယ်ပို့လို့ပို့ရမှန်းမသိပေါ့...။ အဲဒါနဲ့ ညဘက်သူအိပ်ဖို့ ဧည့်ခန်းက ဆိုဖာမှာ ခင်းပေးလိုက်တယ်....။ ညဘက် ကိုယ်တို့ တီဗီကြည့်ရင်သူကလဲ လိုက်ကြည့်ပေါ့...။ ဖြူဖြူတုတ်တုတ်နဲ့မို့ သူ့ကိုလောလောဆယ် ဖြူတုတ်လို့ နာမည်ပေးလိုက်တယ်...။ သူကဥာဏ်တော့ကောင်းသား သူ့နာမည်ကိုတစ်ခါ နှစ်ခါခေါ်တာနဲ့ မှတ်မိတယ်..။ ဒီလိုနဲ့ ဖြူတုတ်လည်း ကိုယ်တို့အိမ်မှာ သုံးလေးရက်ကြာသွားတယ်...။ နောက်နေ့တွေသူ့ကို အိမ်မှာ ငါးဘတ်မွှေစပါးလင်နံ့မွှေးမွှေးလေးနဲ့ ချက်ထားတာကို ထမင်းနဲ့နယ်ကျွေးတော့ စားလိုက်တာများ အားပါးတရနဲ့..။ အင်း...ကြောင်တို့ထုံးစံ ငါးဆို ဘာလာလာဆိုသလိုပဲ စားပါ့...။ ပလာတူးငါးကြော်ကျွေးလိုက်... ငါးပါးနီကျွေးလိုက်နဲ့ သူက အိမ်မှာဇိမ်ကျနေတာ။

နောက်တော့ တိုက်ပိုင်ရှင်ကပြောတယ် ဟိုဘက်တိုက်က ကြောင်တစ်ကောင် ပျောက်နေလို့တဲ့ အဲဒါတွေ့မိလားဆိုတော့မှ ဖြူတုတ်လေးဖြစ်နေတယ်...။ မူပိုင်ရှင်မမပြန်လာခေါ်သွားမှ.... အိမ်မှာ တစ်ပတ်နီးပါးနေသွားတဲ့ ကြောင်ကလေးအပေါ် သံယောဇဉ်တွယ်နေမိမှန်း မသိသိတော့မယ်...။ ဖြူတုတ်လေးမရှိတော့တဲ့ နေ့တွေမှာ ဟာတာတာနဲ့ နေရတာတမျိုးလိုနေတယ်....။ အခါတိုင်းသူက အနားမှာ လာပွတ်သပ်နေတာကိုး...။ သူကအချွဲအနွဲ့လည်းတော်တယ်....။ အဲဒါကြောင့်သူ့ကိုချစ်သွားတာဖြစ်မယ်....။ ဒါပေမယ့် သူ့ကိုတော့ပေါင်ပေါ်မှာ တစ်ခါမှပွေ့မတင်ထားဖူးဘူး...။ အင်း...တိရိစ္ဆာန်မွေးရင်အဲလိုပဲ သံယောဇဉ်ဖြစ်တတ်ကြတယ်ပြောတာ... ကိုယ်ကတစ်ခါမှမမွေးဖူးတော့ မသိဘူး ...။ ခုဖြူတုတ်ခဏတဖြုတ်ကလေး လာနေသွားတာတောင် ဒီလိုဖြစ်နေပြီ...။ ငယ်တုန်းကတည်းကများမွေးထားမိရင် ပိုဆိုးမယ်နော်...။ ကြောင်ဂိုဏ်းက ကိုညိမ်းနိုင်တော့ ကြောင်ပို့စ်စရေးနေပြီပြောတယ်...။ သူ့ပို့စ်မတင်ခင် ကိုယ့်ကြောင်ပို့စ်အရင် တင်ပလိုက်တယ်...။

မိုးငွေ့

16 comments:

rose said...

Very cute cat... I want to keep cat at home but unfortunately ChiChit is allergic to cats :((

ညီလင်းသစ် said...

ကြောင်က ဖြူတုတ်ဆိုတဲ့ နာမည်နဲ့ လိုက်တယ်၊ ကြောင် မချစ်တတ်တဲ့ မမိုးငွေ့က ကြောင်အပေါ်တော့ အတော် ကြင်နာတာပဲဗျ၊ အစားကောင်းတွေ စားနေရတဲ့ ကြောင်.. ပိုင်ရှင် လာခေါ်တော့ နောက်ဆံ တငင်ငင်နဲ့ လိုက်သွားရမယ် ထင်တယ်နော်..။း)

မဒမ်ကိုး said...

အိမ်မှာကြောင် ၁၅ ကောင်မွေးပြီး ကြောင်တောမှာမျောဖူးပါရဲ့ မိုးငွေ့ရေ ..

ခုတော့လဲတိုက်ဘေးမှာ သခင်မဲ့နေတဲ့ ကြောင်လေးတွေ ချစ်ရင်းနဲ့ပဲး)

စံပယ်ချို said...

မိုးငွေ့ကအကောင်တွေကိုမချစ်တတ်လို့ပါ
တစ်ကယ်ချစ်ကြည့်လိုက်နော်....သူတို့လေးတွေက
အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်.သခင်မျက်နှာကိုကြည့်
ပြီးအရိပ်အကဲလဲဖမ်းတတ်တယ်....
သခင်ကပျော်နေရင်သူတို့ကသိတယ် သူတို့လဲဖလန်းဖလန်းထလေရဲ့ သခင်ဒေါသထွက်နေရင်
ထောင့်လေးမှာကပ်ပြီး ပေကလပ်ပေကလပ်နဲ့
သခင်မျက်နှာကိုခိုးကြည့်တတ်ကြတယ်
အဲတာခွေးနဲ့ကြောင်ပါပဲ

Anonymous said...

မသိပါဘူး အပျိုကြီးရယ် ... ဟင်း ဟင်း
ရင်တောင်တုန်သွားတယ် ချစ်စရာလေးပါ တကယ်ပြောတာ ..

Cameron said...

အမယ် ကိုရဲ.... လေသံကိုက ချစ်စရာလေးပါဆိုတာ ပုံထဲကကြောင်ကိုပြောတာလား ကိုယ့်ကိုယ်ကိုပြောတာလား... ကြော်ငြာလာမ၀င်နဲ့နော်..။

အမ်တီအန် said...

ဒီပို့စ်လေးဖတ်မိတော့ မီးညောင်ကို သတိရတယ်...။ http://www.myathwayni.com/?p=959 မှာသာ ဖတ်ကြည့်တော့ မိုးငွေ့လေးရေ..။

Crystal said...

ပုံထဲက ကြောင်လေးကို လိုချင်တယ် ... :)

မိုးယံ said...

ထင်တော့ ထင်သား...ဟိုကြောင်အဖွဲ့နဲ့တော့ မသတ်သက်လောက်ပါဘူးလို့.



ကြောင်ယံ

ညီရဲသစ် said...

ကြောင်ဆိုလို့ ငယ်ငယ်တုန်းက ဘေးအိမ်က ကြောင်က အိမ်မှာ လာမွေးလို့ တက်ကြည့်ရင်း ပြုတ်ကျတာလေး မှတ်မိသေးတယ်...
တချို့ ကြောင်လေးတွေ တော်တော် ချစ်ဖို့ ကောင်းတယ်...

ညိမ်းနိုင် said...

ဟုတ်ပါ့အစ်မရာ...ချစ်စရာလေးပါ....ဒါပုံထဲကကြောင်လေး
ပြောပါတယ်...၊ကြောင်ဂိုဏ်းက ခုမှစတုန်းရှိသေးအစ်မရေ၊
နောက်တပတ်လောက်မှနော်....:))

...အလင်းစက်များ said...

ကျနော်တောင် ကျနော့ ကြောင်ဖြူလေး ၂ ကောင်ကို သတိရသွားဘီဗျာ။ :(

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြောင်ကို ချစ်တယ်
မွေးလဲ မွေးခဲ့ဖူးတယ်
ဒါပေမဲ့ ကြောင်ပျောက်သွားတော့ စိတ်မကောင်းဖြစ်၊ ဝမ်းတွေနည်းလွန်းလို့ အိပ်မက်ထဲတောင် ကြောင်ကိုဘဲ မက်မိတာ
ပျောက်သွားပြီးတော့ လုံးဝကိုရှာမတွေ့တော့ဘူး
နည်းနည်းကြာတော့ အိပ်မက်ထဲမှာ ကြောင်က ကားတိုက်ခံရလို့ သေတာဆိုပြီး အိပ်မက်မက်တယ်
တကယ်ဘဲ ကားတိုက်ခံရလို့ ပြန်မလာတာလားတော့ မပြောတတ်ဘူး
ဒါပေမဲ့ အဲဒီကတည်းက ကြောင်ကို မမွေးဖြစ်တော့ဘူး

Angelhlaing(May everybody be happy and healthy! said...

ချစ်စရာ ကြောင်လေး...ကြည့်ပြိး သံယောဇဉ်အကြောင်း တွေးမိတယ်...မမ :):)

ဆူးသစ် said...

ကြောင်နဲ့ခွေးမှာ ခွေးကလူဒဏ်ခံတယ်လို့ ရှေးလူကြီးများ ပြောဖူးတယ်။ အိမ်မှာ နေမကောင်းသူရှိရင် ကြောင်က အိမ်ကထွက်သွားရော။ ခွေးက သူသေတဲ့အထိနေပေးတယ်။ လူမခိုက်အောင်ပေါ့။ သူကပဲ အစားဝင်သေပေးတယ်။ အဲဒါတကယ်ကြုံဖူးတယ်။ အိမ်မှာတော့ ကြောင်တွေမွေးခဲ့ဖူးတယ်။ အချစ်ဆုံးတစ်ကောင်ရှိတယ်။ မည်းကလေးတဲ့။ တစ်အိမ်လုံးချစ်တာ။ ခုတော့ မရှိတော့ပါဘူး။

ကိုတူး said...

ကြောင်ယောင်ဆောင်ပြီးလာခဲ့မယ် .. ခေါ်မှာလား .. :D