Thursday, 4 June 2009

Emotional Shift

ဘ၀ ဆန်လာတဲ့ ငါ့စိတ်ကူးတွေကြောင့် ပန်းနုရောင်အိပ်မက်တို့ အရောင်ပြောင်းသွားခဲ့ပေါ့... လက်တွေ့ဆန်လွန်းတဲ့ ငါ့ဘ၀ထဲ မျှော်လင့်ခြင်းစည်းချက်တွေကို ရိုက်ချိုးပစ်ခဲ့တာ အေးစက်လာတဲ့ အချိန်ကာလတစ်ခုပေါ့.. ငါမရေမရာပိုင်ဆိုင်ခဲ့ဖူးသလိုရှိတဲ့ မင်းရဲ့ အကြင်နာတွေကိုေ၀၀ါးစေခဲ့တာ ... ခုတော့... ငါ့ရင်ခုန်သံတွေ အိပ်တန်းတက်သွားတဲ့ ဆည်းဆာတစ်ခုလို တိုးတိတ်ရပ်တန့်လို့.... ငါ့မှတ်ဥာဏ်ထဲမှာ အမြတ်တနိုးသိမ်းထားမိခဲ့တဲ့ မင်းဆီကအမှတ်တရတွေ ပျက်ပြယ်သွားခဲ့ရင်တောင်.. ငါ့ရင်ဘတ်ထဲမှာ မင်းရှိခဲ့ဖူးတာ... အသေချာပါ... တစ်ချိန်မှာ .... အရာအားလုံး.. ပြောင်းလဲသွားခဲ့ရင်လဲ... ငါလေ..မင်းကို ချစ်ခဲ့ဖူးတာ... အိပ်မက်မဟုတ်နိုင်ပါဘူး....။ ။ HNS (TG)

1 comment:

အနှိုင်းမဲ့ said...

ဟူးးးး
မောလိုက်တာ
ကွန်နက်ရှင်မကောင်းတဲ့ကြားကနေဒီကဗျာကိုပြန်ရှာလိုက်ရတာ..ဖတ်ချင်တဲ့စာကြောင်းလေးတစ်ကြောင်းရှိလို့..
တစ်ပါတည်းး မန့်ခဲ့တယ်..HN