ခရီးစဉ်အရ day 4 တကယ်တမ်း လည်ရတဲ့နေ့အရတော့ တတိယနေ့ ဟနွိုင်းကနေ ည ဆယ့်တစ်နာရီကျော်မှ လေယာဉ်စီးပြီး ဒါနန်းကိုသွားရတာ တစ်နာရီခွဲကျော်မှရောက်တော့ ဟိုတယ်ကိုကားထပ်စီး ဟိုတယ်ရောက် Check In ဝင်ပြီး ဝူဟန်အတွက် ဖျားနာသလားဘာလား အတွက် ကျန်းမာရေးစစ်ဆေးချက် စာရွက်ဖြည့်ရသေးတယ် ရေမိုးချိုးပြီး အိပ်ယာဝင်တော့ မနက်သုံးနာရီထိုးနေပြီ....။ မနက်ကျ ၇နာရီကို မနက်စာစား ရှစ်နာရီထိုးတာနဲ့ ကားနဲ့ Ba Na Hill ကိုတက်ဖို့ တောင်ခြေကို တစ်နာရီလောက်မောင်းရတယ်....။ Ba Na Hill ဆိုတာ တချိန်က ငှက်ပျောတောကြီး ငှက်ပျောပင်တွေတစ်တောင်လုံးပေါက်လို့ Banana Hill လို့ခေါ်တာ ခုတော့ banana ကနေ Ba Na hill ဖြစ်သွားတာ....။
ဒါနန်းမှာ ကျွန်မတို့တည်းတဲ့ Kay Da Nang Hotel ကမနက်စာ
ဗီယက်နမ်မှာ ဟိုတယ်မနက်စာကျွေးတဲ့ထဲ Ham ကတော့ Xo...Xooo Good ပဲ
Salad နဲ့ France Baguette နဲ့ဆိုတော့ ပြည့်စုံပြီလေ
တောင်ပေါ်တက်ဖို့ ဓါတ်လုံးစီးဖို့စောင့်ရမယ့်နေရာလေးပေါ့
ဓါတ်လုံးက အားလုံးလေးလိုင်းရှိတယ် တစ်ခုကို ဆယ့်တစ်ယောက်ဆန့်တယ်
ရာသီဉတုသာယာနေရင်တွေ့နိုင်မယ့် လှပသာယာသော ရွှေလက်တံတား (ဂူဂယ်ကပြန်ယူထားတာ)
ကိုယ်တွေရောက်တော့ အဲလို မြူနှင်းတွေပိတ်ကာစီးနေတဲ့ ရွှေလက်တံတား
ဓါတ်လုံးစီးပြီး တောင်ပေါ်မရောက်ခင် လမ်းတစ်ဝက်မှာရှိတဲ့ ရွှေလက်တံတားနဲ့ ထိုင်တော်မူဘုရားဆီအရင်ရောက်ပါတယ်....။ ရွှေလက်တံတားပေါ်ဖြတ်ပြီး ကျူးလစ်ပန်းတွေ မျိုးစုံနေအောင်စိုက်ထားတဲ့ ပန်းခင်းတွေရှိတဲ့ ပန်းခြံထဲ လျှောက်လည် ဓါတ်ပုံတွေရိုက်ကြပေါ့....။
နှမ်းကပ်မုန့်လုံးကြီးကြော် ဂိုက်က တောင်ပေါ်ကျ အမျိုးပေါင်း ၈၀ကျော်ပါတဲ့ အင်တာနေရှင်နယ် ဘူဖေးကျွေးမယ်ဆိုတော့ ထမင်းမစားနိုင်မှာစိုးလို့ ဒီမုန့်ကို ဝယ်မစားလိုက်ဘူး
ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ကြတာကတော့ အရှေ့တိုင်းသားတွေပဲ
အနောက်တိုင်းသားတွေကတော့ အကြောက်အရွံ့မရှိ ဘာမှမကာကွယ်ကြ
ခုတော့ နိုင်ငံတော်တော်များများကို ပျံ့နေပြီ လက်ခဏခဏဆေးပေးကြပါလို့ သတိပေးလိုက်ပါရစေနော်
ခုတော့ နိုင်ငံတော်တော်များများကို ပျံ့နေပြီ လက်ခဏခဏဆေးပေးကြပါလို့ သတိပေးလိုက်ပါရစေနော်
ဂေါ်ဖီပန်းပွင့်အလှပန်းတွေလှလိုက်တာ
ဒီလိုပန်းပွင့်လှလှတွေ ရှုခင်းလှလှတွေတွေ့ရင် ကျွန်မရဲ့ဓါတ်ပုံဆရာကို သိပ်သတိရတာပဲ
ပြီးတော့ ခုချိန်ထိ တိုးတက်မလာသေးတဲ့ ကိုယ့်ရိုက်ချက်ကို ကိုယ်အားမလိုအားမရတွေဖြစ်
တရုတ်လိုရွှေကြွက်နှစ်ဆိုတော့ နေရာတိုင်းမှာ ချစ်စရာကြွက်ရုပ်ကလေးတွေနဲ့ ဗီယက်နမ်တွေဟာ တရုတ်ကို မုန်းတယ်ဆိုပေမယ့်လည်း သူတို့ရဲ့ ဓလေ့ထုံးတမ်းတွေ အကုန်နီးပါးက တရုတ်လိုပဲ နှစ်သစ်ကူးတာ လကန်တော့တာကအစ
ကျွန်မတို့ကို International Buffet ကျွေးတဲ့ဆိုင်လေး
မိချောင်းပေါက်အသားတောင်ပါသေးတယ် အဲနေ့က ဗိုက်ဆာဆာနဲ့ ဓါတ်ပုံရိုက်ဖို့မေ့
ကြွက်မိသားစု
ဒန်းစင်းလေဒီပန်းလေးသိပ်လှတာပဲ
ကိုးရီးယားက အိုပါးတွေအများဆုံး လာလည်ကြတယ်
အရှည်ဆုံး ကိုယ်ဘာသာကိုမောင်းရတဲ့ Coaster စီးချင်တာ နှင်းတွေအရမ်းကျနေလို့ ပိတ်ထားတယ်
Credit to MMHK
Credit to MMHK
နှင်းမှုန်တွေအောက်မှာ Starbucks က ကာဖီတစ်ခွက်နဲ့ (Credit to MMHK)
ဒီပုံလေးကိုရိုက်ပေးတဲ့ MMHK ကို ကျေးဇူးတင်ပါတယ်....။ ဒီခရီးစဉ်မှာ သူများကိုပဲ ကိုယ်ကရိုက်ပေးတာများတယ်....။ ကိုယ်တိုင်ဓါတ်ပုံရိုက်ခံရတာ အသက်ကြီးလာတော့ ယုံကြည်မှုနည်းလာတယ်....။ ကိုယ်တိုင် ပဲထုတ်ပြီး အရိုက်ခံဖို့ စိတ်ကူးမရှိခဲ့ပေမယ် MMHK က အနောက်က ရဲတိုက်နဲ့မိုက်တယ် အစ်မရိုက်ပါလား ကျွန်တော်ရိုက်ပေးမယ်လို့ အရင်ပြောလို့...။ တကယ်က အဲကောင်လေး သူ့ပြန်ရိုက်ပေးဖို့ ကိုယ့်အရင်ကမ်းလှမ်းတာ....။ EDM ခေတ်ချာတိတ်လေးတစ်ယောက်က အစ်မဆိုတော့လဲ အစ်မပေါ့ Lol !!!
လက်ပတ်ကြိုးအနီလေးကဘာလဲသိကြလား
အစက စတားဘာ့ကော်ဖီခွက်လေးလှရင်ဝယ်မလို့ပဲ ဒီဇိုင်းမကြိုက်လို့မဝယ်ဖြစ်လိုက်ပါ
တောင်ပေါ် ပြင်သစ်ရွာလေးတွေမှာ စားစရာဆိုင်အစုံ လက်ဆောင်ပစ္စည်းဆိုင်အစုံပဲ
ဒီစက်ရုပ်ထဲမှာ လူရှိတယ် အရမ်းမိုက်တယ် သူနဲ့ဓါတ်ပုံတွဲရိုက်တဲ့သူအများဆုံး
ကလေးတွေဆို သိပ်ကြိုက်ကြတာ သူ့အနားကမခွာချင်
ဒီပုံက သူ့ကိုလှမ်းရိုက်တော့ ကိုယ့်ဆီ လမ်းလျှောက်လာနေတာ
တောင်ပေါ်ကအပြန် ရွှေလက်တံတားထပ်ဝင်သေးတယ်
နှင်းတွေတော်တော်ပါးသွားပြီ
မနှစ်က Tango နဲ့ ချင်းတောင် ခေါနူးဆုမ် သွားတာ မတွေ့လိုက်ရတဲ့ တိမ်ပင်လယ်
ခုမှတကယ်မြင်ဖူးသွားတာ
ဘယ်လောက်တောင်လှနေလဲ
ဂူဂယ်လ်က ပြန်ယူကြည့်တာ ဗီယက်နမ်တွေက သူတို့ကိုလာတိုက်တဲ့ ပြင်သစ်ကို မုန်းလို့ အဲတုန်းက ဒီတောင်ပေါ်မှာ ပြင်သစ်တွေဆောက်ခဲ့တဲ့ နားနေစခန်းကို အကုန်မီးရှို့ဖျက်စီးပစ်လိုက်ပြီး ခုမှ ခရီးသွားဆွဲဆောင်မှုအဖြစ်အဲပုံစံတွေပြန်ဆောက် မပြီးသေးတဲ့ ဆောက်လက်စအဆောက်အအုံတွေလည်း အများကြီးတွေ့ခဲ့ရတယ်....။
ဒါနန်းကို ရန်ကုန်နဲ့ဒါရိုက်လေယာဉ်ရှိရင်သိပ်ကောင်းမှာပဲလို့ တွေးမိ....။ နောက်တစ်ခေါက်လောက်ထပ်သွား Ba Na Hill မှာပဲတည်းပြီး နှစ်ည သုံးညလောက်စိတ်ရှိလက်ရှိ လည်ချင်သေးတယ်လေ...။ tour နဲ့သွားတာက အချိန်နဲ့သွား အချိန်နဲ့စားတော့ သိပ်မအေးဆေးဘူး ....။ ဗီယက်နမ်ဆို ဒါနန်းနဲ့ ဒါးလက်မြို့ကိုတော့ သိပ်ကြိုက်တယ်...။
ခုနောက်ပိုင်း ခရီးသွားပို့စ်တွေရေးရမှာ သိပ်ပျင်းနေသလိုပဲ အလုပ်များနေတာလဲပါပါတယ်....။ ဟိုရက်ပိုင်းကမှ လိုင်းပေါ်မှာ ကဗျာဆရာနဲ့စကားပြောဖြစ်ရင်း ဗီယက်နမ်သွားလည်ဖြစ်သေးတယ်ဆိုတာကို ပြောပြမိတော့ သူက ပို့စ်တင်ထားတာမတွေ့ပါဘူးတဲ့... ရေးမှမရေးရသေးတာလေလို့....။ ပုံတွေရွေးရတာနဲ့ ကျွန်မရဲ့မလှမပလက်ရာတွေကို တင်ပေးရမှာလည်း အားနာလို့ပါ....။ ဒါနဲ့ အားနာနာနဲ့ပဲ အများကြီးတင်ပေးလိုက်ပါတယ်။
မိုးငွေ့
1 comment:
မရောက်ဖူးတဲ့ နေရာဒေသတွေအတွက် မြင်ရသိရတာ ကျေနပ်စရာပေါ့။
အစစ ဂရုစိုက်နော်။ သတိရတယ်။
ချစ်သော
WT
Post a Comment