Tuesday, 24 March 2020

Alert.......




မနေ့ည ၁၁နာရီ ၄၅မိနစ်မှာ အစိုးရက COVID 19 positive နှစ်ယောက်တွေ့ထားကြောင်း အတည်ပြုကြေငြာလိုက်တာနဲ့ ၂၄နာရီဖွင့်တဲ့ ဆိုင်တွေမှာ လူတွေကြိတ်ကြိတ်တိုး သူ့ထက်ငါလုဝယ်ကြတာ ပစ္စည်းတွေ တော်တော်ပြောင်သွားတယ်ဆိုပဲ...။ ကိုယ်တွေက အဲချိန် အိပ်မက်မက်နေပြီဆိုတော့ မသိလိုက်...။ မနက်မိုးလင်းမှ ချစ်ခင်ရတဲ့ bff တစ်ယောက် ညသန်းခေါင်းကတည်းက ပို့ထားတဲ့ မက်ဆေ့ကြောင့်သာသိလိုက်ရတာ..... ကျွန်မကို သတိတရနဲ့ ဂရုတစိုက် သတိပေးတဲ့အတွက် ဒီပို့စ်နဲ့အတူ ကျေးဇူးတင်ပါတယ်...။ ဘာဖြစ်လို့ အဲလို တခုခုဖြစ်တိုင်း လူတွေ ခေါက်ဆွဲခြောက်ထုပ်နဲ့ ဆပ်ပြာမှုန့်ထုပ်တွေကိုပဲ အသည်းသန်ဝယ်ကြတယ်ဆိုတာ နားမလည်ဘူး...။ တကယ် Lock down လုပ်လိုက်လို့ လိုအပ်တာက ဆန်နဲ့ အထားခံတဲ့ ကုန်ခြောက်တွေမဟုတ်လား ပြီးတော့ lock down ရင်လည်း အများဆုံး ၁၄ရက်ပေါ့  အဲဒါကို ဘာလို့ တကမ္ဘာစာလောက်ဝယ်နေကြတာတုန်း....။ မရှိတဲ့သူတွေ မဝယ်နိုင်တဲ့သူတွေကိုလည်း စာနာနားလည် ပေးကြပါဉီးလို့....။ ဆေးဆိုင်ဆိုတာ လူတွေတန်းစီနေတာပဲ.... လက်သန့်ဆေး အရက်ပျံ  ပိုးသတ်ဆေးရည် mask အဲဒါတွေ ဘာမှမရှိတော့ဘူး....။ လူကြီးတွေအတွက် သောက်နေကျဆေးတွေ မဖြစ်မနေသောက်ရမယ့်ဆေးတွေကိုတော့ ဆောင်ထားစေချင်ပါတယ်...။ 

လောလောဆယ် ရန်ကုန် အဝေးပြေးလမ်းမကြီး Toll Gate မှာ ကားတွေပိတ်နေတယ်တဲ့ သတင်းကြားတယ်...။ တချို့ ကုမ္ပဏီတွေ အလုပ်ပိတ် လစာကြိုပေး တချို့စက်ရုံတွေလည်းပိတ်ဆိုတော့အဆောင်နေ နယ်သမားတွေက အဆောင်မှာ လူပေါင်းစုံနဲ့ တရုန်းရုန်း ဝင်ထွက်နေတာကို ကြောက်လာကြတယ်...။ ကျန်းမာရေး ဗဟုသုတပြောပြလည်း နားမဝင်တဲ့သူကမဝင်ဘူး လက်ဆေးပါဆို မဆေးတဲ့သူရှိတယ်...။ အဲလိုတွေကြေုာင့် ကျွန်မတို့ရုံးက အဆောင်နေသူတချို့ အသံတွေထွက်လာတယ်...။ ရုံးမှာဒီနေ့အဲဒါတွေပဲဖြေရှင်းပေးနေရတာ...။ သူတို့ကို ပိတ်ရက်ရှည်အိမ်မပြန်ခင်မှာ ရုံးမှာ နေစရာတွေထားပေးမယ် ဒီကနေပဲရုံးတက် ဒီကနေပဲ အိမ်ပြန်ရမယ်လို့ စာထုတ်ရတယ်...။ အခု ပိုကြောက်ဖို့ကောင်းတာက နိုင်ငံအရပ်ရပ်က ပြန်လာတဲ့သူတွေက အလကားဘာလာပြန်လုပ်တာလဲ မေးချင်တယ် ဟိုမှာ လက်မခံတော့လို့လား လက်ခံသေးတယ်ဆိုရင် ကိုယ်ရောက်နေတဲ့ နေရာမှာလုံခြုံစိတ်ချစွာနေထိုင်ကြပါ...။ ကိုယ့်တိုင်းပြည်ကို ဗိုင်းရပ်စ်တွေသယ်လာပြီး ဖြန့်ဖြူးကူးစက်စေတာကတော့ သိပ်မဟုတ်သေးဘူး...။ နည်းနည်းကောင်းသွားတာက ပြန်လာတဲ့သူတွေကို ၁၄ရက် စခန်းလေးဖွင့်ထားပေးတဲ့ ပရဟိတသမားတွေကို ကျေးဇူးတင်စရာပါပဲ...။ ပြီးတော ခုချိန်မှာ နယ်မှာနေတဲ့သူတွေ ပိုသတိထားရမှာက ပြည်တော်ပြန်တွေ ကိုယ့်ရပ်ကိုယ့်ရွာကို တစ်ယောက်ရောက်လာပြီဆိုတာနဲ့ ၁၄ ရက် ကရန်တင်းလုပ်ခိုင်းတာအကောင်းဆုံးနဲ့ safe အဖြစ်ဆုံးပဲ...။

ဘာတွေဆက်ဖြစ်ဉီးမလဲ ကြိုမသိနိုင်ပေမယ့် ခန့်မှန်းနိုင်နေတာမို့ အရင်ဉီးဆုံး ကိုယ့်ကိုယ်ကို ဂရုတစိုက်နေပါ ကိုယ်ခံအားကောင်းအောင်နေထိုင်စားသောက်ပါ အိပ်ရေးဝဝအိပ်ပါ....။ အတတ်နိုင်ဆုံး အပြင်မထွက်ပါနဲ့ ..အပြင်ထွက်ခဲ့ရင်လည်း ဘာကိုင်ကိုင် လက်ဆေးပါ လက်ဆေးပါ လက်ဆေးပါ....။ လက်ဆေးခြင်းဟာ more effective ဖြစ်ပါတယ်....။ တခုခုဖြစ်လာရင် ခေါင်းအေးအေးထားဆုံးဖြတ်ပါ...။ တစ်ယောက်ကို တစ်ယောက် သုံးပေအကွာမှာ Social distance နေကြပါလို့ မှာချင်ပါတယ်......။

Be Calm Down  .... Social Distance , self-quarantine and  Stay Safe...


မိုးငွေ့


No comments: