Thursday, 26 March 2020

Moist Banana Cake.....





မုန့်ဖုတ်သင်တန်းတက်ထားခဲ့တာ သုံးနှစ်ကျော်နေပြီ ငှက်ပျောသီးကိတ်ကို ဒီလောက်ကောင်းအောင် တစ်ခါမှမဖုတ်ဖူးခဲ့ဘူး....။ လုပ်တိုင်းလည်း မျက်နှာပြင်ခြောက်သွားတာနဲ့ မုန့်သားမပွတာနဲ့ ပျက်စီးပေါင်းများခဲ့ပြီ...။ ခုတခေါက် You tube မှာ moist banana cake လို့ရှာလိုက်တော့ အဆင်ပြေတဲ့ Recipe တစ်ခုတွေ့သွားလို့ လက်တည့်စမ်းလိုက်တာ ဒီတခါ မုန့်က စိုစိုပွပွလေးနဲ့ အချိုအရသာကအစ အကုန်ကွက်တိဖြစ်နေတာတွေ့ရတာ...။ ဒါနဲ့ ဒီ recipe လေးကို မှတ်ထားရတယ်....။ စားကောင်းတယ်ဆိုလို့ တစ်ပတ်ထဲ နှစ်ခါလုပ်လိုက်ရတယ်...။ ပထမတစ်ခေါက်က မုန့်တစ်ခုစာကို နှစ်ခွက်ခွဲလိုက်လို့ မုန့်အသားထု နဲနဲပါးသွားတယ်...။ ဒုတိယတစ်ခါတော့ နှစ်ခုစာအပြည့်လုပ်လိုက်တယ်...။ recipe လေးရေးပေးမယ်နော်....။ 


၁. ငှက်ပျောသီးမှည့်မှည့် ၂ လုံး
၂. ကိတ်ဂျုံ သို့မဟုတ် အထွေထွေသုံး ဂျုံမှုန့် ၁ခွက်+ စားပွဲဇွန်း ၂ ဇွန်း
၃. သံပယိုရည် ၁/၂ လက်ဖက်ရည်ဇွန်း
၄. ဘေကင်ပေါင်ဒါ ၃/၄ လက်ဖက်ရည်ဇွန်း
၅. ဘေကင်ဆိုဒါ ၁/၂ လက်ဖက်ရည်ဇွန်း
၆. သစ်ဂျပိုးခေါက်မှုန့် ၁/၄ ဇွန်း (မထည့်လည်းရ)
၇. သကြား ခွက်တစ်ဝက်
၈. ကြက်ဉတစ်လုံး
၉. သစ်ခွရည် ၃စက်
၁၀. ဟင်းရွက်ဆီ ၆ စားပွဲဇွန်း
၁၁. နို့မလိုင် ၁/၄ ခွက် (ဒိန်ခဲထည့်လည်းရ)
နို့မလိုင်မရှိခဲ့ရင် နို့  ၁/၄ခွက်ထဲကို ဗနီဂါရည် ၁/၂ လက်ဖက်ရည်ဇွန်းရောပြီး သုံးလည်းရပါတယ်....။ 


ပထမဆုံး Oven ကို ၁၇၀ ကြိုတင်အပူပေးထားပါ....။ မုန့်ဖုတ်မယ့်ခွက်တွေက တခါသုံးနဲ့ မကပ်တဲ့ခွက်တွေမရှိရင် ဒန်ခွက်ကိုဆီသုတ်ထားပါ parchment paper ခင်းထားပါ...။ ငှက်ပျောသီးကိုကျေအောင်ချေထားပေးပါ.....။ ဇလုံတစ်ခုထဲ ဂျုံနဲ့ဆိုဒါကို ဇကာစစ်ပြီး မွှေထားပါ...။ ငှက်ပျောသီးကျေသွားရင် သကြား ကြက်ဉ သစ်ခွရည် လီမွန်ရည်ထည့် ရောသမမွှေထားပါ...။ ဆီနဲ့နို့ကိုလည်း ခွက်တစ်ခုထဲရောထားပါ...။ ဇကားစစ်ထားတဲ့ ဂျုံမှုန့်ထဲကို ငှက်ပျောသီးအနှစ်ရည်လောင်းထည့်ပြီးမွှေပေးပါ...။ စီလီကွန်ယောင်းမအပြားနဲ့ Fold လုပ်တဲ့နည်းနဲ့မွှေပေးပါ...။ နောက်ဆုံး ဆီနဲ့နို့ထည့်ပြီး သမရင် မုန့်ဖုတ်ခွက်ထဲလောင်းထည့်ပြီး မီးအပူချိန် ၁၇၀ ဆို အချိန် ၅၅ မိနစ်လောက်ဖုတ်ပါ....။ ကိုယ်သုံးတဲ့ မီးဖိုပေါ်မူတည်ပြီး အပူချိန်အတိုးအလျော့လုပ်လို့ရပါတယ်...။ ကျွန်မ မီးဖိုက ပန်ကာမပါပါဘူး ဒါကြောင့် ၁၇၀ လောက်နဲ့ပဲ အချိန်ကြာကြာနဲ့ဖုတ်တာ မုန့်သားအပွအကျက်ညီပြီး မျက်နှာပြင်လည်း အပူချိန်မများတော့ မခြောက်တော့ဘူး...။ အရမ်းစားကောင်းတာမို့ COVID 19  Self quarantine လုပ်နေတဲ့သူတွေရော Official quarantine လုပ်နေတဲ့သူတွေပါ အိမ်မှာ နေ့ခင်းစာကော်ဖီနဲ့ဖြစ်ဖြစ် လက်ဖက်ရည်ကြမ်းနဲ့ဖြစ်ဖြစ် စားလို့ရအောင် စမ်းလုပ်ကြည့်ကြပါလို့....။


2 overripe banana
1/2 tsp lemon juice 
1 cup and + 2 tbs all purpose flour 1 cup and + 2 tbs
3/4 tsp baking powder
1/2 tsp baking soda
1/4 tsp cinnamon
1 egg
1/2 cup sugar
3 drop vanilla essence
6 Tbs oil
1/4 cup butter milk (Home made butter milk 1/4 cup milk + 1/2 tsp vinegar mix and keep aside 10 mins)


First of all thanks and credit to InspiredLivingWithRahi (from You Tube) and my cousin who pregnant for over 5 months appetite home bake banana cake. Pre heat oven 170 C and grease the cake pan. Mash ripe bananas and mixed with lemon juice. Sieved all dry ingredients and set a side. In another large bowl beat the egg and sugar together until the color lighten and combine with mash banana. Put the  oil and vanilla essence and mix. Then fold the dry ingredient until combine. Do not over mix. Pour in the prepare batter in the pan. Tap 2 to 3 times to let off air bubbles. Bake in preheated oven at 170C for 55 mins until a wooden skewer inserted come out clean. Due to your oven you can adjust the temperature and times. 






ဒီငှက်ပျောသီးမုန့်လုပ်ဖြစ်သွားရတဲ့ အကြောင်းအရင်းက ကိုယ်ဝန် ငါးလလောက်ရှိနေတဲ့ ညီမဝမ်းကွဲတစ်ယောက်က ငှက်ပျောကိတ်အာသီသဖြစ်နေလို့ You Tube မှာ Recipe တွေမွှေနှောက်ရှာပြီး လုပ်ပေးလိုက်ရခြင်းပါလို့....။ ရလဒ်ကောင်းကတော့ ကိုယ့်အတွက် ငှက်ပျောသီးကိတ်လုပ်နည်းအသစ်လေးတစ်ခု သိလိုက်ရခြင်းပါ...။



ဒီနှစ်လုံးက ဒုတိယအကြိမ်အော်ဒါလေး


COVID 19 ကာလလေးမှာ  လက်မကြာခဏဆေးပေးပါ...။ ကိုယ်ခံအားမကျအောင် အားရှိတဲ့အစားအစာတွေစားပေးပါ...။ လူများတဲ့နေရာတွေရှောင်ကျဉ်ပါ....။ အခုက တီဗီမှာ အွန်လိုင်းမှာ တချိန်လုံး သတိပေးစာတွေ ကြော‌ငြာတွေ ခဏခဏလာနေတော့ အထွေအထူးမမှာတော့ဘူးနော်....။ ကိုယ့်ကိုယ့်ကို ဂရုစိုက်တတ်ဖို့ လိုက်နာတတ်ဖို့ပါပဲ...။ အားလုံး ကတ်ရောဂါကင်းဝေး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ.....။


မိုးငွေ့

No comments: