ကမ္ဘာတစ်ဝှမ်းမှာ COVID 19 က ပျံ့နှံ့နေပြီ....။ မြန်မာပြည်နဲ့ လာအို နှစ်နိုင်ငံမှာပဲမတွေ့သေးဘူးဆိုတာ တွေးကြည့်ရင်မဖြစ်နိုင်သလို...ဖြစ်နိုင်တယ်လို့လဲပြောလို့ရတယ်....။ ဒီဗိုင်းရပ်စ်က ဖြစ်ပြီဆို ဘယ်လိုမှ လိမ်လို့ဖွက်ထားလို့ရတဲ့ အရာမဟုတ်ဘူး....။ တကယ်ကူးစက်မယ်ဆို ကျွန်မတို့ဆီမှာ တစ်နေ့တစ်နေ့လူတွေ ပျားပန်းခတ်သွားလာနေတာ အစုလိုက်အပြုံလိုက်ကူးစက်ပျံ့နှံ့ပြီး သေနှုန်းတောင် မြင့်တက်နေလောက်ပြီ...။ ခေတ်ကလည်း မီဒီယာခေတ်ဆိုတော့ တစ်ခုခုဆို လိုင်းပေါ်တန်းရောက်လာမှာပဲ...။
အင်း.... ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ အချိန်တော့ရောက်လာပြီ....။ ကိုယ့်မှာသားကောင်မရှိရင် ကိုယ်ကိုယ်တိုင် သားကောင်ဖြစ်မှာမလွဲပဲနော်....။ ရုံးတချို့ပိတ်နေပြီ.....။ တချို့ရုံးတွေ အိမ်မှာပဲ အွန်လိုင်းနဲ့အလုပ်လုပ်နေကြပြီ...။ ရှော့ပင်းမောတွေ ဈေးတွေမှာ အပူချိန်တိုင်းတာတာတွေ ပိုးသတ်ဆေးဖျန်းတာတွေဘာတွေလုပ်နေပြီ....။ ခုချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားမှုကိုလိုက်နာဖို့လိုတယ်....။ ပူပေါင်းပါဝင်ဖို့လိုတယ်....။ ကိုယ်ကိုယ်တိုင်လည်း ဂရုတစိုက်ရှိဖို့လိုပါတယ်...။ လူများတဲ့နေရာရှောင်... တခုခုကိုင်ပြီးတိုင်း စက္ကန့် ၂၀ လောက်လက်ဆေးပါ....။ လက်ဆေးခြင်းက COVID 19 အတွက် အထိရောက်ဆုံးပါပဲ....။ အကောင်းဆုံးက မဖြစ်မနေအပြင်ထွက်ရမယ့်လူကလွဲလို့ သက်ကြီးပိုင်းနဲ့ သက်ငယ်တွေကို အိမ်မှာပဲနေပါ အားရှိမယ့်အစားတွေကိုပဲ စားသောက်ပေးပါ...။ ခုခံအားကောင်းအောင် Immune ကောင်းအောင် ဗီတာမင်စီစားပေးပါ...။ ကျွန်မတို့ရုံးကတော့ ၂၀.၃.၂၀၂၀ ကစပြီး ရုံးချိန်ပြောင်းလိုက်ပါတယ် မနက် ၁၀ ကနေ ညနေ ၄ နာရီထိ အဓိကက ကားကြပ်တဲ့အချိန်ကို ရှောင်လိုက်တာပါပဲ...။ ရုံးကို ငါးမိနစ်လောက်ပဲလမ်းလျှောက်ရတဲ့ ကျွန်မအတွက်တော့ ... I can sleep till 9:30 AM YES!!!!!!!
သူများနိုင်ငံတွေမှာတော့ တစ်မြို့လုံး Lock down လုပ်ပစ်လိုက်တာတို့ ဘာတို့ လုပ်နေပြီ....။ သူများတွေက စည်းနဲ့ကမ်းနဲ့ အစိုးရက နှစ်ပတ်စာအစားအစာဝယ်ထား ပိတ်တော့မယ်လို့ကြေငြာလိုက်တာနဲ့....။ တကမ္ဘာစာလောက် အုံးအုံးကြွက်ကြွက် ဘယ်သူမှမဝယ်ကြဘူး....။ သူ့အချင့်ချိန်နဲ့သူပဲ ဝယ်ကြတယ်...။ အဲဒါလေးတော့ သဘောကျမိတယ်.....။
တွေးမိတာတစ်ခုက ကမ္ဘာကြီးဟာ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေကြတဲ့ မိသားစုတွေ မောင်နှမတွေကို တစ်စုတစ်စည်းထဲဖြစ်အောင်လုပ်ပေးနေသလားလို့ပါ....။ ခုဆို အိမ်မှာ မိသားစုစုံစုံလင်လင်နဲ့ ထမင်းလက်ဆုံစားနိုင်တဲ့ အချိန်ရောက်လာပြီ....။ အရင်က စကားပြောဖို့အောင် အချိန်မရတဲ့ အဖေနဲ့လည်း စကားကောင်းကောင်းထိုင်ပြောလို့ရပြီ အမေ့ကိုလည်း ဘာလေးစားချင်တယ်ဆိုပြီး တပျော်တပါး ချက်ပြုတ်စားသောက်လို့ရပြီ...။ မောင်နှမသားချင်းတွေလည်း ဆွေးနွေးတိုင်ပင်စရာတွေ အေးအေးဆေးဆေး နွေးနွေးထွေးထွေး တိုင်ပင်လို့ရပြီ...။ ကလေးငယ်လေးတွေရှိတဲ့ မိသားစုလည်း ကိုယ့်သားသမီးလေးတွေကို ကိုယ်ဖိရင်ဖိ ပြုစုယုယခွင့်ရပြီ....။ အဲလို အဆိုးထဲက အကောင်းလှည့်တွေးကြည့်တာပါ...။
အကယ်၍များ တစ်နေ့နေ့ ဆေးရှာတွေ့သွားခဲ့လို့ COVID 19 ကိုနှိမ်နင်းနိုင်ခဲ့တဲ့အချိန်မှာ မြန်မာပြည်ဟာဒီတိုင်းလေးပဲ အိန္ဒြေရရလေးရှိနေသေးရင် တစ်ကမ္ဘာလုံးက လူတွေကို ခေါင်းမော့ ရင်ကော့လို့ရပြီ...:)
ခုလောလောဆယ်တော့ ဘယ်လိုပဲဖြစ်ဖြစ် လက်ဆေးပါ လက်ဆေးပါ လက်ဆေးပါ လို့ပဲထပ်မှာချင်ပါတယ်...။
မိုးငွေ့
No comments:
Post a Comment