Tuesday, 3 June 2014

လိမ္မော်ထောပတ်ကိတ်.....

 
 orange butter cake


ထောပတ် 250g
သကြား 200g
ကြက်ဥ 4 လုံး
သစ်ခွဆီ 1 tsp
ဂျုံနု 250g
မုန့်ဖုတ်ဆိုဒါ 1 tsp
လိမ္မော်ခွံ 1 tsp
လိမ္မော်ရည် 5 Tbsp

စတီး သို့မဟုတ် ကြွေဇလုံတစ်ခုထဲကို ထောပတ်နဲ့သကြားထည့်ပြီး လျှပ်စစ်မွှေစက် low speed နဲ့ အဖြူရောင် ခရမ်ဖြစ်လာတဲ့အထိမွှေပေးပါ...။ ပြီးတာနဲ့ ကြက်ဥထည့်ပြီး သမအောင်ဆက်မွှေပေးပါ..။ သမသွားတာနဲ့ သစ်ခွဆီထည့်ပါ..။ ဇကာစစ်ထားတဲ့ ဂျုံနဲ့ဆိုဒါကို သုံးပုံခွဲပြီး တစ်ပုံဆီ ထည့်မွှေပေးပါ..။ မွှေစက်ကို အနှေးဆုံးနှုန်းမှာထားပြီးမွှေပါ...။ ဂျုံအားလုံး ထည့်မွှေပြီးရင် ခြစ်ထားတဲ့လိမ္မော်ခွံနဲ့ လိမ္မော်ရည်ထည့်မွှေပါ...။ အားလုံးသမသွားပြီ ဆိုတာနဲ့ ထောပတ်သုတ်ထားတဲ့ မုန့်ဖုတ်ခွက်ထဲကိုထည့်ပြီး 180C ကြိုတင်အပူပေးထားတဲ့ မုန့်ဖုတ်စက်ထဲကို 45 မိနစ် ဖုတ်ပါ...။ မုန့်ကျက်မကျက်ကို သွားကြားထိုးတံလေးနဲ့ ထိုးကြည့်ပြီး မုန့်သားတွေကပ်မပါလာရင် ရပါပြီ...။


ဒီပို့စ်ဟာ ကျွန်မ မုန့်ဖုတ်နည်း ပထမဦးဆုံးတင်တဲ့ ပို့စ်ဖြစ်ပါတယ်...။ အရှေ့ပိုင်းတွေမှာ ရိုးရိုးထောပတ်ကိတ် သီးစုံထောပတ်ကိတ်တွေကို အစမ်းဖုတ်ခဲ့ဖူးပါတယ်...။ မီးအချိန်အဆတွေ သေချာနားလည်ဖို့လိုတယ်ဆိုတာကို မုန့်တွေ ခဏခဏဖုတ်ကျင့်မှပဲ နားလည်သွားပါတယ်...။ စာအုပ်တွေထဲက  စီနီယာ အစ်မတွေ ညီမတွေ ဆီကနေ လေ့လာမှတ်သားပြီး လုပ်ကြည့်တာပါ...။ ဒါတောင်မှ အိုဗာဘိတ်ဖြစ်သွားပြီး မုန့်သားနဲနဲမာသွားပါသေးတယ်...။ နောက်များမှာ တခြားမုန့်လုပ်ဖြစ်ခဲ့ရင်လည်း တင်ပါဦးမယ်...။

သစ်သီးအစိုနဲ့လုပ်တဲ့သစ်သီးထောပတ်ကိတ် စတော်ဗယ်ရီနဲ့ငှက်ပျောထည့်ထားပါတယ်

 
ထောပတ်သီး အသားနဲ့လုပ်ထားတဲ့ Avocado pound cake

မိုးငွေ့

No comments: