Monday, 10 June 2013

မိုးထဲလေထဲ.....





မိုးထဲလေထဲ ထီးလဲမဆောင်းပဲနဲ့ မိန်းကလေးဘယ်သွားမလို့လဲကွယ်.. ဦးထီးနဲ့အေးသီခိုင်(မီမီဝင်းဖေ)သီချင်းလေးကို သတိရမိသွားတယ် မိုးတွေလေတွေကိုမြင်တော့လေ.....။

ဒီနေရာလေးကို ဘယ်လိုဆွဲဆောင်မှုအာရုံမျိုးနဲ့ ကိုယ်ရောက်နေခဲ့သလဲ ကိုယ်မသိချင်တော့....။

ဟိုးးးး ကန်ရေပြင်အလည်က အစိမ်းရင့်ရင့်ကျွန်းစုလေးတွေ မိုးသဲသဲကြောင့် အစိမ်းဖျော့ရောင်မှုံမှိုင်းလို့ ခပ်ရေးရေးသာရှိတော့တယ်....။

တည်ငြိမ်တဲ့ကန်ရေပြင်ကျယ်ကြီးဟာ ကိုယ့်ကို ကိုယ်စားပြုတယ်ဆိုရင် ရေပြင်ကြီးကို ဘောင်ဘင်ရိုက်ခတ်သွားနိုင်အောင်စွမ်းတဲ့ မိုးစက်မိုးပေါက်ရိုင်းလေးတွေက မင်းပေါ့ ဟုတ်လား အိန်ဂျယ်..။

အနက်ခံမှာ ငွေမှင်ရောင်နှင်းဆီပွင့်တွေနဲ့ ဖဲထီးက ကိုယ့်ကိုယ်အပေါ်ပိုင်းကိုသာ မိုးလုံစေခဲ့တာ...။ မိုးပြာရောင်ဂျင်းပင်တွေက ဒူးနားလောက်ထိစိုနေပြီ...။ ဒီနေ့မင်းသိပ်ကြိုက်တဲ့ အဖြူဆွတ်ဆွတ် အင်္ကျီလေး ကိုယ်ဝတ်ထားတယ်....။

မိုးသည်းရတဲ့ကြား လေတွေကလည်း ပြင်းလိုက်တာကွယ်.....။
လေနဲ့အတူပါလာတဲ့ မိုးစက်မှုန်မွှားတွေက အညှိုးနဲ့များကိုယ့်မျက်နှာဆီကို ခုန်ပေါက်လာကြသလား...။

လှေတစ်စင်းတွေ့တယ်......။
မင်းဆီကို ကိုယ်လှော်ခဲ့ရမလား......။

ဟိုးး မှုန်မှိုင်းအုံ့ဆိုင်းနေတဲ့ တောအုပ်တွေကြားမှာ မင်းရှိနေမလား...။ ကိုယ့်ကို ကော်ဖီပူပူတစ်ခွက်နဲ့ မင်းစောင့်နေမလား...။

ကိုယ့်နှုတ်ခမ်းတစ်စုံလည်း ပြာနှမ်းသွားကြပြီ...။
မိုးစက်ရိုင်းလေးတွေကြောင့် တစ်ကိုယ်လုံးလည်း ချမ်းအေးခိုက်တုန်နေပေမယ့် ခံစားမှုတွေကတော့ လတ်ဆတ်နွေးထွေးဆဲပါ....။


မိုးငွေ့

6 comments:

မိုးနတ်ကြယ်စင် said...

မိုးထဲ လေထဲ လာခံစားသွားတယ်နော် မ :)
မ ဗျာ...မကြင်နာတတ်ဘူးးးးးးးး ဒီမှာ ချမ်းရတဲ့အထဲ
ကော်ဖီလေးတစ်ခွက်တောင် ဖျော်တိုက်ဖော်မရဘူးးးး
ဟွန့် :PPPPPPPPPPPPPPPP

ဘယ်တော့မှရိုးမသွားတဲ့
အမြဲတမ်း ခံစားမှုတစ်ခုခုကိုပေးစွမ်းနိုင်တဲ့
နှစ်သက်ရပါသော အိန်ဂျယ်စာစုများးးးးးးးးးး :)
i like it xo xo much !!!!!

ချစ်တဲ့...မိုးနတ်

Yoemyaykya said...

အယ်အယ် အိန်ဂျယ်ဆီက ဖုန်းဝင်လာတယ်တဲ့။ မမတစ်ယောက်တော့ အရမ်းပျော်နေမှာပဲ။ မမကိုယ်တိုင်လှေလှော်နေရင် နည်းနည်းနောက်ကျနေမှာမို့ ဘလော်ဂါတွေပါ လှေကို ၀ိုင်းတွန်းပေးမယ်။ ဘယ်လိုလဲမမ။ သဘောတူရင် အီကြာကွေးပုပုကြော်ကျွေး။

လင်းခေတ်ဒီနို said...

ကဗျာ နုနုလေး ကြားထဲမှာ ကျွန်တော် ဖြေးညှင်းစွာ လွင့်မျော သွားခဲ့ . . . . . ကော်ဖီခွက်ကလေး ကိုင်ပြီ . . . လှပတဲ့ ရှုခင်းလေး တစ်ခုကို ငေးမေားနေရတဲ့ မနက်ခင်း တစ်ခုကို ရောက်သွား . . . မြက်ခင်းလွင်ပြင်ကြီးနဲ့ တောအုပ်အစပ်လေး တစ်ခုနားကို ရောက်သွား . .
လွင့်ပျံ တိုက်ခတ်လာတဲ့ လေညှင်းလေးတွေထဲက တိမ်လေးတွေ ပြေးလွှား ဆော့ကစား နေတဲ့ မနက်ခင်းသစ် . . . .

အရာရာ . . . အရာရာဟာ ကဗျာထဲမှာ ကျွန်တော် နစ်မျှောနေခဲ့တဲ့ အချိန် . . .

နှစ်သက်စွာ ရင်ဖြင့် ခံစား စီးမျောခဲ့တယ် မမီး

ခင်မင်စွာဖြင့်
ဗညား

နွေတေးရှင် (မင်းဧရာ) said...

သွားလိုက်ပါ လှေခတ်ပြီးတော့
အေးဖြော့ဖြာ့ နှုတ်ခမ်း သူ့အနမ်းနဲ့နွေးပါစေ။

အပေါ်ကတစ်ယောက်ကိုလည်း
အီကြာကွေးပုပုလေး ကြွေးလိုက်ပါလေး)။

Kaung Htet Htun said...

လာရောက်ဖတ်ရှုသွားပါတယ်။ “နည်းပညာရပ်ဝန်းစုံ”
www.kogyikaunghtet.blogspot.com ကဖြစ်ပါတယ်။ ကြိုက်လို့ လင့်ခ်လည်း ချိတ်သွားပါတယ်နော်။ ကျွန်တော့်ဆီလည်း လာရောက် လည်ပတ်လှည့်ပါဦး။ Bye Bye

Cameron said...

ချစ်စရာကဗျာကလေးတွေနဲ့လာမန့်တဲ့ မောင်လေး ဗညားနဲ့ ကိုမင်းဧရာတို့ကိုကျေးဇူးတင်ပါတယ်..။ အိန်ဂျယ့်ကိုအားပေးတဲ့ စာဖတ်သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်..။