အဟဲ...စီအိုင်အေပစ်ပစ်က အာလူးကတ်သလိတ်ကြော်နည်းလေးရေးပေးပါဆိုလို့ ခေါင်းစဉ်က အဲလိုလေးဖြစ်သွားတာပါ....။ အစကတော့ ရိုးရိုးကြော်နေကျ အာလူးကတ်သလိတ်ကြော်နည်းလေးပဲ ကြော်မလို့ပါပဲ လုပ်ရင်းနဲ့ အရှေ့နဲ့အနောက်တိုင်း ရောသွားတယ်...။ ဒါပေမယ့် အရမ်းစားလို့ကောင်းတယ် ထောပတ်နဲ့ အီတလီဟင်းခတ်နံ့လေးမွှေးနေလို့လေ...။ တချို့ကျတော့ အာလူးနယ်တဲ့အထဲကို ကြက်သွန်တို့ မဆလာထည့်တာရှိတယ်...။ အဲဒါမျိုးကျတော့ အိန္ဒိယလူမျိုးတွေရောင်းတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ တွေ့ရတတ်တယ်...။
ပါဝင်ပစ္စည်းများ
၁)အာလူးအလုံးကြီး လေးလုံး
၂)ကြက်ဥအကာတစ်လုံးနဲ့ ဂျုံမှုန့်
၃)နံနံပင်နုတ်နုတ်စင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်း
၎)အီတလီဟင်းခတ်အမွှေး လက်ဖက်ရည်ဇွန်းတစ်ဇွန်း
၅)ထောပတ်တစ်စင်တီမီတာအရွယ်တစ်တုံး
၆)ဆားနဲနဲ
အာလူးကိုမပြုတ်ချင်ရင် မိုင်ခရိုဝေ့ထဲ ရှစ်မိနစ်လောက်ထည့်လှည့်ပါ...။ အအေးခံပြီး အခွံခွာ ဇလုံတစ်ခုထဲမှာ လက်နဲ့မချေချင်ရင် သစ်သားကျည်ပွေ့နဲ့ကျေအောင်ချေပြီးသွားရင် ဆား နံနံပင် အီတလီဟင်းခတ်မှုန့်နဲ့ ထောပတ်ထည့်ပြီး စေးလာတဲ့အထိချေပေးပါ...။ အာလူးအနေတော်လုံးလေးတွေလုံးပြီး ဂျုံမှုန့်ကပ် အပြားလေးဖြစ်အောင်ဖိပြီး ပန်းကန်ထဲခဏစီထည့်ထားပါ။ ကျွန်မက မနက်မိုးလင်းထကြော်ဖို့ ရေခဲသေတ္တာထဲထည့်သိမ်းမှာဆိုတာ့ တစ်ခါတည်း အဖုံးရှိတဲ့ ဗူးလေးထဲကိုထည့်လိုက်တယ်..။
ကြော်ခါနီးတော့ အာလူးတွေကို ကြက်ဥအကာထဲနှစ် ပေါင်မှုန့်ကြွပ်ကပ်ပြီး ဆီပူပူမှာ ရွှေဝါရောင်သန်းလာတဲ့အထိကြော်ပေးပြီး paper tower နဲ့စစ်လိုက်ရင်ရပြီ...။ ကြွပ်ကြွပ်ရွရွစားချင်ရင်တော့ ကြော်ပြီးတာနဲ့ တခါတည်း ပူပူနွေးနွေးစားတာပိုကောင်းတယ်။ အချဉ်နဲ့တို့စားချင်ရင်တော့ မကျည်းချဉ်ရည်မလုပ်ချင်ရင် အလွယ်တကူ ငရုတ်ဆီနဲ့စားလို့ရပါတယ်...။
ရုံးကိုဗူးနဲ့ထည့်ခဲ့တာ စားခါနီးတော့ပျော့နေပြီ ဒါပေမယ့်အရသာတော့သိပ်ကောင်းတယ် ထမင်းဆီဆမ်းပူပူလေးနဲ့စားတာ ဂွတ်၏...။

ဒီတစ်ပတ်က ဥပုသ်တနင်္ဂနွေကျတော့ သက်သတ်လွတ်က နှစ်ရက်ဆက်သွားတယ်...။ မနေ့ညတုန်းက အိမ်မှာသုပ်စားဖြစ်တဲ့ ပဲခြမ်းထမင်းသုပ်နဲ့ မှိုကြော်...။ ထမင်းပန်ကန်လုံးတစ်လုံးစာ ပဲခြမ်းကြော်(လက်ဖက်အကြော်) ထမင်းစားဇွန်းနှစ်ဇွန်း ဆီကျက်သုံးဇွန်း ငရုတ်သီးကြော်ကြိုက်သလောက် ဆားနဲနဲ နဲ့ သံပုရာသီးတစ်စိပ်ရဲ့တစ်ဝက်ညှစ်ထည့် အားရပါးရနယ်ပြီး ပုံစံခွက်လေးထဲထည့် ကိုယ်စားမယ့် ပန်းကန်ပေါ်ပြန်မှောက်ထည့် အိမ်မှာရှိတဲ့ အသီးအရွက်တွေနဲ့အလှဆင် အိုကေပြီ...။
မိုးငွေ့
15 comments:
စီအိုင်ဒီ အာလူးကတ်တလိတ်ကြော် ဆိုတော့ စီအိုင်ဒီ စုံထောက်တွေ ပါဝင်ခဲ့တဲ့ ကုမ္မာရီဂိုဏ်း အရှုပ်တော်ပုံရဲ့ အဆက်လို့ ထင်လိုက်တာဗျ...၊း) အာလူးကတ်တလိတ် ကြိုက်တယ်၊ မမိုးငွေ့ ရှင်းပြသလို လုပ်စား ကြည့်ဦးမယ်။
ဟားအာလူးကတ်သလိတ်အရမ်းကြိုက်တာ။မြင်နေရပီးစားလဲစားရဘူး။စိတ်ဆိုးတယ်။
ဟုတ်လား ညီမ အခုတောင် စားနေသေးတာ တစ်ခုကျန်သေးလို့ ကော်ဖီနဲ့မြည်းလိုက်တယ်...း)
စားကောင်းမယ့်ပုံလေးပဲ
အာလူးကြော်လေးစာချင်တယ်
ပို့ပေးပါနော်
ချစ်တဲ့ jasmine
အစ်မရေးထားတဲ့နည်းလေးက လွယ်တယ်နော်.. နောက်ဆိုရင် ကြော်စားကြည့်ရမယ် :)
စားချင်ပေမယ့်... လုပ်စားကြည့်ဖို့ တော့ တော်တော်လေး လက်ဝင်မယ်ထင်တယ်... ခုတလော ချက်ဖို့ ပြုတ်ဖို့ ပျင်းနေတယ်...
ကျန်တာလေးတောင် ကော်ဖီနဲ့ မြည်းသွားတယ်။သိပ်ဆိုးတာပဲမမ
စားချင်စရာလေး ..း)
စားချင်စရာလေး ...း)
အာလူးကတ်သလိတ်ကြော်ကို ကော်ဖီပူပူလေးနဲ့ မြည်းချင်လိုက်တာ
မကြီးမိုးငွေ့ရဲ့နည်းကိုလည်းမှတ်သွားတယ်..
ပဲခြမ်းထမင်းသုတ်နည်းလည်းမှတ်သွားတယ်
စီအိုင်အေ ပစ်ပစ်ပါ မကြီးမိုးငွေ့ရဲ့ စီအိုင်ဒီမဟုတ်ပါဘူး ဟီးးး
ဒုက္ခ ၊ ဒုက္ခ ၊ မချက်တတ်လို့ပါကွယ်။
စားချင်လိုက်တာ။
မျက်စိနဲ့ရှုစားသွားသည်။
ထမင်းပုံလေးရယ်... အာလူးကတ်တလစ်ထည့်ထားတဲ့ဗူးလေးရယ်က ကဗျာဆန်ဆန်လေးရယ်...း))
မိုင်ဖေးဘရိတ် ၀မ်း .... စားချင်လိုက်တာ .. ဂလု :D
Post a Comment