Friday, 25 February 2011

သွားမယ်စားမယ်....

စကားဖြူပန်းရောင်းတဲ့ ကလေးတွေ


အပေါ်ပုံက ညီမတစ်ဝမ်းကွဲမင်္ဂလာဆောင်မှာဝတ်ဖို့ ချိတ်ထမီရှာပုံတော်ထွက်တုန်းက ရွှေဂုန်တိုင်မီးပွိုင့်နားမှာ စကားဖြူပန်းရောင်းတဲ့ ကလေးလေးတွေ ချစ်စရာကောင်းလို့ ပန်းဝယ်ပြီး ဓါတ်ပုံရိုက်ခဲ့တာပြီးတော့ စကားဖြူ ၃၂၇ပင်နဲ့ ဆရာမဂျူးရဲ့ ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့သည်ကို သွားသတိရမိတယ် ဒါဘာစကားဖြူများ ဖြစ်မလဲလို့.... အိုကေ သိတဲ့သူတွေ ကော်မန့်မှာရေးပေးသွားကြပါ မုန့်ပြန်ဝယ်ကျွေးပါ့မယ်...။



*******************************


အဲနေ့က ကိုယ်နဲ့သိပ်ခင်တဲ့ ကိုယ့်ဘလော့ဂကိုလဲအားပေးနေကျအစ်မတစ်ယောက်နဲ့ ရုံးအပြန် မြေနီကုန်း စီးတီးမတ်မှာချိန်းပြီး အစ်မရေပေါ့ပေါ့ပါးပါး လမ်းဘေးစာပဲသွားစားရအောင်ဆိုပြီး မြေနီကုန်းမီးပွိုင့်နားက အင်းလေးအစားစာလေးသွားစားကြတာ....။ အောက်ကပုံတွေကတော့ မမိုးငွေ့တို့ ကြိတ်လိုက်ကြတဲ့ စားဖွယ်စုံတွေပေါ့... ကြည့်ပြီး သရေမယိုကြနဲ့နော်...။ ပုံတွေက ဖုန်းနဲ့ရိုက်ထားလို့ အနည်းငယ် စောင်းငမ်းငမ်းရှိမည်...။ ကြိုပြီးဝန်ခံထားတာ...။ စားသောက်ပြီး အစ်မက အိမ်ဝေးလို့ပြန်ပြီ....။ အနော်ကတော့ ဒဂုန်စင်တာကို ဆက်ပြီး တစ်ယောက်တည်း ရှော့ပင်ထွက်ပစ်လိုက်တယ်...။


မြေနီကုန်းမီးပွိုင့်နားက အယ်မိုးဆိုတဲ့ အင်းဆိုင်က ၀က်သားချဉ်ထမင်း ၀က်သားချဉ်ဆိုပေမယ့် တကယ်တော့ ထမင်းကိုဝက်သွေးနဲ့နယ်ပြီးပြန်ပေါင်းထားတာဖက်နဲ့ ...အဲနေ့ကစားတာ တော်တော်ငံနေလို့ ဟင်းခါးများများသောက်လိုက်ရတယ်...ငရုတ်သီးကြော်ရှူးရှူးရှဲရှဲနဲ့ ဂျူးမြစ်လေးကိုက်လိုကနဲ့ ကောင်းမှကောင်းပဲ


တိုဖူးနွေး ဆန်ဖွယ်နဲ့ လိုက်လာတဲ့ အစ်မမှာတာ...ငရုတ်သီးကြော်ရောင်ရဲရဲနဲ့စားချင်စရာပဲ


ဟင်းထုပ်နဲ့တွဲပြီးသောက်ရတဲ့ ဟင်းခါး ဆန်လှော်ဟင်းရည်လေးပါ သောက်လို့သိပ်ကောင်းတ
ယ်....


အယ်မိုးဆိုင်ဘေးက ၀က်သားတုတ်ထိုး အဲဒါနှစ်ထောင်ဖိုးတဲ့ဗျား... တစ်ခုနှစ်ရာကျပ်ကျပါသည်....အချဉ်ကတော့ ဆိုးဆေးပါမယ့်ပုံပဲ...အင်းးးး


ဒဂုံစင်တာဖက်ရှင်ကော်နာက၀ယ်တာ ယုန်နှစ်မွေးတာဆိုတော့ ယုန်ကလေးကိုချစ်လို့ဝယ်လိုက်တာ ၅၅၀၀ကျပ်တဲ့


ဒီယုန်ကလေးကပိုချစ်ဖို့ကောင်းတာ


ဒါကနောက်လမန်းကညီမတစ်ဝမ်းကွဲမင်္ဂလာဆောင်ကျဝတ်ဖို့ဝယ်ခဲ့တာ ဖန်စီလေး သပြေသီးမှည့်ရောင်ကျောက်နဲ့လုပ်ထားတာ ကိုယ်ဝတ်မယ့်ဝတ်စုံနဲ့အရောင်တူအောင်လို့နောက်မှ ဓါတ်ပုံရိုက်ပြီး ဖဘမှာလာကြည့်လှည့်ကြပေါ့း)
အိမ်ထဲစီးဖိနပ်ကလေး ယုန်ကလေး ၃၈၀၀ကျပ်






ဖန်စီနားဆွဲလေးတွေက တစ်ရံကို ၁၂၀၀ကျပ်ပါ
ကဲ....မိုးငွေ့ရဲ့ သွားမယ်စားမယ်ဆိုတဲ့အစီအစဉ်မှာ သွားရတာလဲခြေညောင်းပြီ စားရတာလဲ ဗိုက်ပြည့်ပြီ... လာအားပေးတဲ့ သူငယ်ချင်းတွေကိုနှုတ်ဆက်ပါတယ် တာ့တာ ...ဘိုင့်ဘိုင်....fly kiss....


မိုးငွေ့

5 comments:

မြူးမြူး said...

မင်ဂါဆောင်မှာ ၀တ်မယ့်ဟာလေး သဘောကျတယ်..း)

ချစ်ကြည်အေး said...

ဒီကလေးမ သွားမယ် စားမယ် ဆိုတာချည်းပဲ.... ဟဟဟဟ ဝက်သားဒုတ်ထိုး မစားခဲ့ရ...လွမ်း၏ :)

Unknown said...

မကြီးတို့ပဲ စားနေကြတယ်.....
ကျွန်တော်တို့ အဖွဲ့ကိုလဲ မကျွေးဘူး....
:)

ချောငယ် said...

မမီး မင်ဂါဆောင်ရင် ၀တ်ဖို့ သမီးဝယ်ထားတဲ့ဖန်စီနဲ့ အင်္ကျီလေးတွေ ဘယ်တော့ဝတ်ရမှာလဲဟင်... ဂွပ် ဂွပ် :P :D

အဖြူရောင်နတ်သမီး said...

ပလပ်..ပလပ်...
ရှလွတ်...ရှလွတ်...
ဂလု..ဂလု...