Wednesday, 26 January 2011

ပြည်ကြီးငါးခြောက်Soup




ဗီယက်နမ်က လက်ဆောင်ရထားတဲ့ ပြည်ကြီငါးခြောက်ကိုရေဆေးပြီး ဓါးနဲ့ အချောင်းလိုက်လေးလှီးပါ...။ ကြက်ပြုတ်ရေဆူဆူအိုးမှာ ပြည်ကြီးငါးထည့်ပြုတ် မုန်လာဥနီအတုံးလေးတွေကိုပါ ထည့်ပြုတ်... ငါးမိနစ်လောက်နေရင် ပြောင်းမှုန်နဲ့ငရုတ်ကောင်းကို ရေဖျော်ထားတာထည့် ကြက်ဥခေါက်ပြီး ဖြေးဖြေးလောင်းထည့် နောက်ဆုံးအိုးချခါနီးမှာ ပဲပင်ပေါက်နဲ့ ပန်းစိမ်းကိုထည့်ပါ...။ သောက်ခါနီး နံနံပင်လေးခတ် ပူပူလေးသောက်ရင်ပိုကောင်းပါတယ်...။


မိုးငွေ့


6 comments:

သဒ္ဓါလှိုင်း said...

မမိုးရေ.
ရာသီဥတုကအေးအေးလေးနဲ့ စွပ်ပြုတ်လေး
သောက်သွားပြီ..။
ချစ်တဲ့
သဒ္ဓါ

SHWE ZIN U said...

ညီမ သဒ္ဒါရေ

ပြည်ကြီးငါးစွပ် လည်း မသောက်ဘူးသေးဘူး အဲဒါလည်း လုပ်စားကြည့်မယ်
စားချင်စရာလေး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ညိမ်းနိုင် said...

ဗီယက်နမ်က လက်ဆောင်ရထားတာမဟုတ်ပဲ....၊မြောက်
ကိုရီးယားက ဝယ်လာတဲ့ ပြည်ကြီးငါးနဲ့ရော ချက်လို့မရ
ဘူလားဗျ....:) စတာနော်...။
ကြားတောင်မကြားဖူးဘူး ပြည်ကြီးငါးကို စွပ်လုပ်သောက်
ရတယ်ဆိုတာ....၊သောက်ချင်စရာပဲ...၊ဝီလေးနဲ့ဆို လိုက်
မယ့်ပုံ........:)

ချမ်းလင်းနေ said...

သောက် ကောင်းလိုက်မည့်ဖြစ်ခြင်း။ သရေယိုသွားပါ၏။ ဂလု.....

အဖြူရောင်နတ်သမီး said...

စားချင်တယ်..စားချင်တယ်...

starlay said...

အိမ်မှာလည်း မမ ထည့်ပေးလိုက်တဲ့ ပြည်ကြီးငါးအခြောက်ထုပ်လေး ရောက်နေတာ၊ လုပ်မစားတတ်တာနဲ့ ဒီအတိုင်းထား ထားတာ၊ ခုတော့ အမ မိုးငွေ့ ပို့စ်လေးကြောင့် အဆင်ပြေသွားပြီ၊ ကျေးဇူး အမ :)