ခရမ်းသီးသုံးလုံးကို မီးသွေးမီးဖိုရှိရင် မီးဖုတ်ရပါမယ်... မရှိရင်တော့ Microwave ထဲကို လေးမိနစ်ထည့်လှည့် တစ်ဘက်ပြန်ပြောင်းပြီး နောက်လေးမိနစ်ထပ်လှည့်ပါ..။ နူးအိနေတဲ့ခရမ်းသီးတွေကို အခွံခွာ တောက်တောက် စင်းပါ....။ ကြက်ဥနှစ်လုံး ပိုထည့်ချင်ရင်သုံးလုံးထည့်လို့ရပါတယ်...။ ကြက်ဥတွေကို ဆားထည့် နာနာခေါက်ထား ပြီးရင် ခရမ်းသီးထည့်မွှေ ဆီပူုပူဒယ်မှာ ကြက်ဥ Omelette ကြော်သလိုပါပဲ....။ နူးနူးအိအိလေး ကြက်ဥနံ့မွှေးမွှေးလေးနဲ့ စားလို့သိပ်ကောင်းတယ်...။
မိုးငွေ့
5 comments:
ခရမ်းသီး မီးဖုတ်မီး သုတ်စားတာ များတယ်.. ကြက်ဥနဲ့ ပြန်ကြော်တာလည်း ကောင်းမယ့်ပုံပဲ..
ကြိုက်တယ်. မစားရတာလည်းကြာလှပြီ။
ခုဖတ်နေရင်းနဲ့ ဗိုက်ကလည်းဆာလိုက်တာ.
ချစ်တဲ့
သဒ္ဓါ
ခရမ်းသီးကြက်ဥကြော် ဓာတ်ပုံမြင်ယုံနဲ့တင် သရေယိုပါ၏။ နိုက်မြည်းလို့ရလျှင် ပိုကောင်းပါ၏။
ခရမ်းသီးဆိုရင် ထောင်းပဲစားစား၊ ဟင်းအနှစ်ပဲချက်စားစား၊ သုတ်ပဲစားစား.. အရမ်းကြိုက်တယ်...
ခုတစ်ခါ ခရမ်းသီးကြက်ဥကြော်ပေါ့နော်.. လုပ်စားကြည့်အုန်းမယ်း)
ဗိုက်တုန်း မမိုးငွေ့ဘလော့လည်မိတာ မှားပြီဗျာ
ဂလုဂလု
Post a Comment