Wednesday, 12 January 2011

စတော်ဗယ်ရီဒိန်ချဉ်သုပ်...




ဗိုလ်ချုပ်ဈေး FMI ရှေ့က ၀ယ်ခဲ့တာ ငါးခြင်းကို နှစ်ထောင်တဲ့... အိမ်ရောက်တော့ အညှာလေးတွေခြွေ ရေအထပ်ထပ်ဆေးပြီး လက်ဖျော်လုပ်မလို့ပဲ စတော်ဗယ်ရီသီးလေးတွေက ခပ်မာမာလေးတွေဖြစ်နေတယ် ဗမာသီးမဟုတ်တော့ အနံ့လဲမမွှေးတဲ့အပြင် အိလဲမနေဘူး...။ ဒါနဲ့ ဓါးနဲ့ လေးစိပ်စိပ်ပြီး ဆလပ်သုပ်ပဲ လုပ်လိုက်တယ်...။ နို့ဆီကုန်နေတယ်တဲ့...။ ဒါဆို အသီးလေးတွေကို သကြားနဲ့နှပ်ပြီး ရေခဲသေတ္တာထဲ နာရီဝက်ထားတယ်...။ ဒိန်ချဉ်တစ်ဗူးတွေ့တယ်...။ အတော်ပဲ နို့ဆီမရှိတာနဲ့ အဲဒါနဲ့ပဲဖျော်လိုက်မယ်...။ သကြားနဲ့နှပ်ထားတဲ့အသီးထဲကို ဒိန်ချဉ်တစ်ဗူးထည့်ပြီး မွှေလိုက်တယ်...အဲဒါနဲ့ စတော်ဗယ်ရီလက်ဖျော်ကနေ စတော်ဗယ်ရီဒိန်ချဉ်သုပ်ဖြစ်သွားရော...ကဲ...။ မြည်းကြည့်လိုက်ဦးမယ်...။ ဟယ်...အရသာလေးက ကောင်းမှကောင်းပဲ....။ အသားအရေကောင်းအောင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးတွေများများ စားပေးကြပါလို့......။


မိုးငွေ့


3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

စားချင်တယ်
စတော်ဘယ်ရီကိုတော့ ဘယ်လိုလုပ်လုပ် ကြိုက်တယ်..
နည်းနည်းကျွေးနော်း)

SHWE ZIN U said...

မန္တလေး မှာလည်း စထောဘယ်ရီတွေ ပေါ်နေပြီ ဒါပေမဲ့ မစားရသေးဘူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သက်ဝေ said...

စကော့ဈေးမှာ ဝါးခြင်းလေးတွေနဲ့ ရောင်းတဲ့ ဗမာသီး သေးသေး မွှေးမွှေး နူးနူးညံ့ညံ့လေးတွေကို သတိရလိုက်တာ ညီမရယ်...း((