ရှမ်းပြည်ကလာတဲ့ ရွှေဖရုံသီးခပ်စေးစေးတစ်လုံးကိုရွေးဝယ်ပါ...။ ရွှေဖရုံသီးကို အခွံခွာ ရေစင်အောင်ဆေးပြီး အတုံးခပ်ကြီးကြီးတုံးထား..။ ထန်းလျက်ကို အိုးလေးနဲ့ ကျိုပြီးပြန်စစ်ရင်ပိုကောင်းပါမယ် မဟုတ်ရင် အမှိုက်တွေ သလဲတွေ ပါတတ်လို့...။ ခြောက်သွေ့သန့်ရှင်းတဲ့ အိုးတစ်လုံးထဲကို ရွှေဖရုံသီးအတုံးတွေစီထည့် ခပ်ပျစ်ပျစ်ကျိုထားတဲ့ ထန်းလျက်လောင်းထည့်ပြီး မီးနည်းနည်းနဲ့ နှပ်ထားပါ...။ ရွှေဖရုံသီးနူးရင် အိုးချလို့ရပါပြီ...။ ရှမ်းပြည်မှာတော့ ထမင်းစားပြီးရင် အချိုပွဲအဖြစ်စားသုံးလေ့ရှိပါတယ်...။ ဟိုမှာတော့ ထန်းလျက်အစား ကြံသကာကိုသုံးပါတယ်...။ ရွှေဖရုံသီးကလဲ သန့်တော့ အခွံသင်စရာမလိုပါဘူး အခွံနဲ့ပဲချက်ပါတယ်...။ အရသာလေးက ချိုပြီးဆိမ့်တယ် စေးလဲစေးတော့ သိပ်စားကောင်းပါတယ်...။
မိုးကုတ်က လက်ဆောင်ရထားတာ ....။ မပြုတ်ခင်က ပုံကိုမရိုက်ထားလိုက်မိဘူး...။ ကြက်သွန်ဖြူမွှာလေးတွေ လိုပဲ....။ မြေကြီးထဲက တူးယူရတဲ့ ဥတစ်မျိုးပဲ...။ အရသာကဆိမ့်တယ်...။ ပိန္နဲသီးစေ့ပြုတ် အရသာမျိုးနဲ့ ခပ်ဆင်ဆင်ပဲ...။ ရေဆူဆူမှာ သကြားခဲ(ဒိုဘာလာသကြား) ထည့်ပြုတ်တယ်... သကြားပျော်သွားရင် ရေစင်စင်ဆေးထားတဲ့ ထပ်တစ်ရာပွင့်ကိုထည့်ပြုတ်...။ ဆယ်မိနစ်ပဲပြုတ်ရင် နူးပြီ....။ အဖတ်လေးဆယ်စားလိုက် အရေလေးသောက်လိုက်နဲ့ ချိုဆိမ့်အရသာလေး...။ သကြားခဲက ရိုးရိုးသကြားလိုအချိုမကဲဘူး ...အချိုရှောင်တဲ့ သူတွေအတွက်ကောင်းတယ်..။ အပူလဲကျစေပါတယ်...။
မိုးငွေ့
4 comments:
ရွှေဖရုံသီးတော့စားဘူး..
ထပ်တစ်ရာပွင့်ပြုတ်တော့ ကြိုက်တယ်
စားသွားတယ်နော် မမိုးရေ...
ဒီမှာ ရွှေဖရုံသီးရော ထန်းညက်ရော ရတယ်... လွယ်လည်း လွယ်တော့ လုပ်စားကြည့်ဦးမယ်.... ကျေးဇူး ညီမမိုး...:)
ထပ်တစ်ရာပွင့်ပြုတ် လေးတော့စားချင်တယ်ညီမ ရေ
ဖရုံသီးကြိုက်တယ်.. ခပ်ရှည်ရှည်လှီး အခွံပါထည့်ပြုတ်ပြီး သကြားဖြူးစားတယ်..
တချို့ဖရုံသီးက အချိုထည့်မစားရအောင် ချိုတယ်...
မစားရတာကြာပြီ... ငတ်လိုက်တာ.. :)
Post a Comment