Wednesday, 19 January 2011

ပုဇွန်ဆီပြန်ဟင်းနဲ့ မရမ်းသီးသုပ်




ပုဇွန်ကို အမြီးဆိတ်ခေါင်းဆိတ် ရေစင်စင်ဆေးပြီး ဆား နနွင်းနဲ့ နယ်ထားမယ်...။ ကြက်သွန်ဖြူနီ အနှစ်ထောင်းပြီး ဆီသတ်...၀ါညိုရောင်သန်းလာရင် ခရမ်းချဉ်သီး ကြိတ်ထားတာထည့် ခရမ်းချဉ်သီးအရည်ခြောက်ရင် ပုဇွန်ထည့် ငံပြာရည်လေးနည်းနည်းထည့် အပေါ့အငံမြည်းပြီး ပုဇွန်ကွေးရင် ရပြီ...။





မရမ်းသီး ကြက်သွန်နီနဲ့ ဂေါ်ဖီတွေကို ပါးပါးလှီးပြီး ထည့်ထားတဲ့ ဇလုံထဲကို မြေဆံလှော်ထောင်း ပုဇွန်ခြောက်ထောင်းနဲ့ ငရုတ်သီးအကျက်မှုန့် ငံပြာရည်ထည့်ပြီး သမအောင်နယ်ပေးလိုက်...အိုကေသွားပြီ ငါးပိနဲ့ ဆီချက်လုံးဝမသုံးထားပါဘူး... ဒါပေမယ့် သိပ်စားကောင်းပါတယ်...။

ဒီဟင်းနှစ်မျိုးစလုံး မိုးငွေ့လက်ရာမဟုတ်ပါဘူး...။ သူငယ်ချင်းရဲ့ တူလေးမိန်းမ ဟင်းချက်သင်နေတုန်း ၀င်ရိုက်ထားတာ...။ အရသာလေးမြည်းကြည့်တော့ မဆိုးဘူး ဒီကလေးမလေး အစပ်အဟတ်တော်တယ်...။ မရမ်းသီးသုပ်ကတော့ သဌေးသုပ် ပုဇွန်ခြောက်သုပ်နဲ့ နင်လား ငါလားပဲ...။


မိုးငွေ့

2 comments:

မိုးယံ said...

မရမ်းသီးသုတ် သွားရည်ကျသွားဂျောင်း

ကြယ်ရောင်မှတ်စု said...

မရောက်တာအတော်ကြာ...ကြုံတုန်းလေး အားပါးတရ စားသောက် သွားရည်ကျသွားပါကြောင်း အစ်မမိုးရေ... :)

ခင်တဲ့(ဖိုးကြယ်)