Wednesday, 17 March 2010

အဖြူရောင်နတ်သမီးရဲ့ မိုးငွေ့အတွက် “ပန်းရောင်မွေးနေ့လက်ဆောင်”

“မဆွဲဘဲရလာတဲ့ ပန်းချီတစ်ချပ်မှာမဆိုးဘဲ ရဲတဲ့နှုတ်ခမ်းနဲ့မပြင်ဘဲ လှတဲ့နတ်သမီးရေ..... ပျော်ရွှင်သောမွေးနေ့တိုင်းကိုဖြတ်ကျော်လို့ ချစ်တဲ့သူနဲ့အမြန်ဆုံး လက်တွဲနိုင်ပါစေနော်”....(မိုးငွေ့) ဆိုပြီး...ကျမရဲ့မွေးနေ့မှာ နတ်သမီးအင်္ကျီလေးနဲ့ ကဗျာလေးကို လက်ဆောင်ပေးခဲ့ဖူးတဲ့ သူငယ်ချင်း မမိုးရဲ့ (17.03.2010 )မှာ ကျရောက်မဲ့ မွေးနေ့ပွဲလေးကို ရောက်လာခဲ့ပါပြီ...။ မမိုးရဲ့မွေးနေ့အမှီ မြန်မာပြည်ကို ပြန်ဖို့စီစဉ်ထားခဲ့ပေမယ့် ဆိုက်ပရပ်စ်နိုင်ငံကိုပြန်ဝင်ခွင့် Visa အခက်အခဲကြောင့် မြန်မာပြည်မှာကျင်းပမယ့် မမိုးရဲ့မွေးနေ့ပွဲလေးကို မတက်ရောက်နိုင်ခဲ့ပေမယ့် ချစ်သူငယ်ချင်းလေး မမိုးအတွက် ဒီနေရာကနေပဲ မွေးနေ့ပွဲလေးကျင်းပပေးလိုက်တယ်နော်... Happy Birthday ပါ....မမိုး..ရေ... ချစ်သူငယ်ချင်းလေး မမိုးအတွက် ကျမနှစ်သက်တဲ့ “ပန်းရောင်”ကိုရွေးပြီး “ပန်းရောင်မွေးနေ့ပွဲလေး”ကို စီစဉ်ထားပါတယ်...တည်ခင်းဧည့်ခံမယ့် အစားအသောက်များကိုလည်း အတတ်နိုင်ဆုံး ပန်းရောင်လေးများ ဖြစ်အောင် စီစဉ်ထားပါတယ်..(ဆိုးဆေးလုံးဝမပါပါ).။
အထူးအစီအစဉ်အနေနဲ့ မမိုးရဲ့ပန်းရောင်မွေးနေ့ပွဲလေးကို တက်ရောက်လာသူများထဲမှ ပန်းရောင်ပါဝင်သော အဝတ်တန်ဆာ ဝတ်ဆင်ထားသူများကို အမှတ်တရ“ပန်းရောင် လက်ဆောင်” ချီးမြှင့်ပေးမှာဖြစ်ပါတယ်..။ပန်းရောင်အဝတ်အစားဝတ်လာသူများအနေဖြင့် အိမ်အပြန်လက်ဆောင်“ပန်းရောင် လက်ဆောင်လက်ဆောင်”လေးများကို ယူသွားကြပါရန်နှင့် တည်ခင်းထားသော စားသောက်ဖွယ်ရာများကို တပျော်တပါး စားသောက်ရင်း မမိုး(မိုးငွေ့)ရဲ့ မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာ ဆင်နွှဲကြပါစို့...
မမိုးအတွက် ပန်းစည်း နှင့်ကဗျာ လက်ဆောင်... HAPPY BIRTHDAY ပါ.....မမိုး ရေ...
ပန်းရောင်ဝတ်စုံ ဝတ်ဆင်လာသူများအတွက်..အိမ်အပြန်လက်ဆောင် ခုလို မွေးနေ့ပွဲလေးကို တခမ်းတနားလေး စီစဉ်ပေးတဲ့ နတ်သမီးလေးကို အထူးကျေးဇူးတင်ပါတယ်

4 comments:

Khyl said...

ဟိုဘက်မှာ စားလို့မ၀လို့ ဒီဘက်မှာပါလာစားတယ်....း))

သက်တန့်ချို said...

ပန်းရောင်မွေးနေ့လေး လာရောက်ဆင်နွှဲသွားပါတယ်ခင်ဗျာ။

အဖြူရောင်နတ်သမီး said...

ဟိ...
ပျော်လို့...
မမိုးနဲ့အတူ...သူငယ်ချင်းတွေကို ဧည့်ခံရလို့.....
HAPPY BIRTHDAY ပါ...မမိုးရေ...

8Yar said...

Happy Birthday!! အစ်မမိုးငွေ့ရေ။ ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေခင်ဗျာ။