မိုးငွေ့ ဒီနေ့တော့ စကော့ဈေးကို မြန်မာပြည်အဝေးရောက်သူငယ်ချင်းတွေ အားလုံးအတွက် မုန့်ကျွေးချင်လို့ကိုထွက်ခဲ့တာ...။ ဈေးရှေ့ရောက်တော့ မုန့်သည်တွေက တန်းစီလို့...။ ကျမမုန့်တွေကို ဓါတ်ပုံရိုက်ချင်လို့ ဈေးသည်တွေဆီက တစ်သည်ကို ငါးရာဖိုးဝယ်လိုက်တယ်...။ ပုံတွေကို အင်တာနက်ပေါ်တင်မယ်ပြောတော့ အဒေါ်ကြီးတစ်ယောက်ကလှမ်းပြောပါတယ် တံခါးပိတ်ထားတာလေးပါ ပါအောင်ရိုက်ပေးပါတဲ့...။ စိန့်မေရီဘုရားကျောင်းရှေ့ အုတ်တံတိုင်းမှာ ဈေးဝင်တဲ့ဘေးပေါက်လေးကို ဈေးလူကြီးတွေကပိတ်ထားတော့ ဈေးလာဝယ်တဲ့ ဧည့်သည်တချို့က အဲဒီဘက်ကို တကူးတက ထွက်မ၀ယ်တော့ သိပ်မရောင်းရတော့ဘူးပေါ့..။
သူငယ်ချင်းတို့ မုန့်စားပြီး အအီပြေအောင် ဇီးယိုလေးပါပါသေးတယ်ဗျာ...။ ငါးဖယ်အစာသွတ်ကို ငရုတ်သီးစိမ်းများများနဲ့စားပြီး စပ်ရင် ငှက်ပျော်ပေါင်းရှိသေးတယ်နော်....။ အဲ အားလုံးစားပြီးရင်တော့ အိမ်အတွက် ဟင်းရွက်ကလေးတွေဝယ်ပြန်ကြဦးနော်...။ အစိမ်းများများစား ဒါမှ ကျန်မာရေးနဲ့ညီညွှတ်မှာ...။ ဟင်းရွက်စိမ်းလတ်လတ်ဆတ်ဆတ်တွေကိုပြောတာနော်...။ ကျမတို့ငယ်ငယ်ကဆိုရင် ရန်ကုန်မှာ ဒီလို ဟင်းရွက်လတ်လတ်ဆတ်ဆတ်က စားရခဲတယ်...။ တောင်ကြီးတို့ မေမြို့တို့ဘက်က ပို့မှစားရတာလေ...။ လမ်းခရီးကဝေးတော့ ရန်ကုန်ရောက်ရင်ပဲ အရွက်တွေက မလတ်တော့ဘူး...။ ခုတော့ ထောက်ကြံ့ဘက်ကစိုက်ခင်းတွေ ပဲခူးဘက်မှာလဲစိုက်ခင်းတွေပေါများလာတော့ ဟင်းသီးဟင်းရွက်တွေဆိုရင် လတ်ဆတ်တာလေးစားနိုင်ကြပြီ...။
ရေမုန်ညင်းရွက်ဆိုရင် သိပ်ပြီးတောင်ကြားဖူး မြင်ဖူးကြမှာမဟုတ်ဘူး...။ သူ့အရသာက မုန်ညင်းဖူးလိုပါပဲ ...။ ဟင်းရည်ထဲခတ်သောက်တာကောင်းတယ်...။ ကြော်စားလို့လဲရပါတယ်..။ ရွှေပဲညွှန့်ကတော့ ကျမတို့ရှမ်းပြည်မှာဆို ရှမ်းခေါက်ဆွဲထဲထည့်စားကြတယ် ကောင်းမှကောင်းပဲ...။ ရန်ကုန်မှာတော့ ဟော့ပေါ့ဆိုင်တွေမှာသုံးတာများတယ်..။ ရှမ်းပြည်အခေါ်စူကာညွှန့် ရန်ကုန်အခေါ် ဂေါ်ရခါးညွှန့် ကိုတော့ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးနဲ့အရေရွှဲရွှဲလေး ကြော်စားရင် သိပ်ကောင်းပါတယ်..။ ကိုက်လန်ကတော့ ခရုဆီနဲ့ကြော် ကိုက်လန်ရိုးတွေများ နုဖတ်နေတာ လွှင့်ပစ်စရာကိုမရှိတာ..။
ကျမ အထူးဧည့်ခံချင်တာကတော့ ဒီဘလောက်လေးကိုလုပ်ပေးခဲ့တဲ့ မုန့်အိုးလေးကိုသိပ်ကြိုက်တဲ့ ရုရှားကမောင်လေးခေါင်၊ မလေးရောက်နေတဲ့ နာလန်ထခါစဏီဏီ၊ စကာင်္ပူမှာ အိမ်ပြောင်းခါစ ခေါက်ဆွဲပဲပြုတ်စားနေရတဲ့ မောင်လေးကိုတူး...၊ မြန်မာပြည်ပြန်လာပြီး မြန်မာစာတွေကို တ၀ကြီးစားမယ်လို့ပြောပြီး ခုထိပြန်မလာရသေးတဲ့ အဖြူရောင်နတ်သမီး၊ နတ်ဆိုးကြီး အစ်ကိုဗညား ၊ ဘလောက်မှာ တစ်နှစ်ကျော်လောက်ပျောက်နေတဲ့ ညီမလေးခေါင်ခေါင်၊ အစ်မပန်ဒိုရာ တို့အတွက်နဲ့ ကျန်တဲ့ ကျမ မသိဘဲ ကျမစာတွေကိုလာလာဖတ်တတ်တဲ့ အဝေးရောက်သူငယ်ချင်းများ အားလုံးအတွက် ရည်ရွယ်ပါတယ်...။
မိုးငွေ့
7 comments:
မမိုးကြီး...
လုံးဝမကောင်းဘူး.....း((
ပုံတွေကိုကြည့်ပြီး သေချင်စိတ်တောင်ပေါက်သွားတယ်...။ စားချင်လွန်းလို့ကိုးးးး
ဒီမှာတော့ ကြုံရာဆွဲနေရတာ..ဏီဏီတို့များ ဒါတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကို သနားမိရတာ...အခါခါ...း((
အကုန်လုံးကိုကြိုက်တာ....။
ပဲမြစ်ပြုတ်တွေဆိုရင် မစားရတာ... ခြောက်နှစ်တောင် အတော်ကျော်ခဲ့ပြီဂျာ.........ဟွင့်..ဟွင့်....(ငိုသံ)
မမိုးကြီးကို လုံးမမနာလိုဘူးးးးးးးးးးးးး
(အကျယ်ကြီး အော်သွားဒါ....း)
ခင်မင်တဲ့
ဏီလင်းညို
ဟား ဟား...အဲလိုများအော်ပါ့မလားလို့ စိတ်ပူလိုက်ရတာ...ရန်ကုန်ပြန်လာရင် အ၀၀ယ်ကျွေးမယ်..ခုတော့...ခုတော့..အဟင့်..ရွှတ်..အဲ ငါးဖယ်အစာသွတ်က ငရုတ်သီးစိမ်းများသွားလို့ထင်ပါ့...။ အော်..ကိုတူးကိုလဲ လက်တို့လိုက်ပါဦး..။
ခင်မင်စွာဖြင့်
မိုးငွေ့
အမ အဲဒိထဲကအစာတွေရန်ကုန်ပြန်ရောက်၇င်တရက်ထဲနဲ့အကုန်စားပြစ်မယ်ကျေဇူးပါဘဲနော်၊အားလုံးကိုမစားရတာ၂၂နှစ်ရှိပြီ။ဒီနှစ်ပြန်ရင်တော့အ၀စားပြစ်ရမယ်။
ဟုတ်တယ် အစ်မမိုး မကောင်းဘူး ... ခုဒုက္ခရောက်နေပြီ .. စားချင်ပြီး မစားရတာလေ ...
နောက်ပြီး အစ်မလုပ်တာ ကျွန်တော် ခေါက်ဆွဲပြုပ်စားနေရတာကို လူတွေသိကုန်ပြီနော် ...
အမယ်ရေး... အဲဒီမမိုးဆိုသူကြီးက ရက်စက်လိုက်တာတော်......
ရက်စက်လိုက်တာ..မမိုးရယ်...
အရှင်လတ်လတ်..အသေသတ်လိုက်တာပေါ့လေ...
ဟင်းဟင်း...သွားရည်တွေတကယ်ကျလာပြီ..
ငှက်ပျောသီးပေါင်း၊ မုန့်လင်မယား၊ ငါးဖယ်အစာသွပ်၊စူကာညွန့်ကြော်၊ တို့စရာ၊ရွှေထမင်း...ဟင်း..ဟင်းးဟင်း...
ပြန်လာတော့မှာ..နီးနေပြီ...အကုန်လိုက်ကျွေး...ဒါပဲ...
စားချင်ထှာ
ပုံ
ငတ်ြီကီးကျ.
Post a Comment