Wednesday, 27 January 2010

ပင်လယ်ကိုဖြတ်၍

နွေနေပူကျဲ ဥသြသံမစဲ လွမ်းမြဲလွမ်းသည် ကျမ...မောင့်ကိုလွမ်းပါသည်။ မိုးဖြူသဲသဲ (မိုးရေထဲ) လမ်းလျှောက်လဲ လွမ်းမြဲလွမ်းသည် ကျမ...မောင့်ကိုလွမ်းပါသည်။ မြူနှင်းမစဲ ချမ်းခိုက်လဲ လွမ်းမြဲလွမ်းသည် ကျမ...မောင့်ကိုလွမ်းပါသည်။ ဒီလိုနဲ့... သုံးရာသီစက်ဝန်း ကုန်ဆုံးသွားလဲ လွမ်းမြဲလွမ်းသည် ကျမ...မောင့်ကိုလွမ်းပါသည်။ ပင်လယ်ကိုဖြတ်၍ လွမ်းငွေ့ဝေေ၀ မောင့်ဌာနေဆီ မျှော်မှန်းရီ လွမ်းမြဲလွမ်းသည် ကျမ...မောင့်ကိုလွမ်းပါသည်။
မိုးငွေ့ (Valentine အမီပြန်ရောက်လာမယ့် ချစ်သူအတွက် အမှတ်တရ...ပြီးတော့ ကျမရဲ့ပထမဦးဆုံးအချစ်ကဗျာလေး)

5 comments:

အဖြူရောင်နတ်သမီး said...

အားပေးသွားတယ်...မမိုးရေ...

~ဏီလင်းညို~ said...

မမိုးရေ...
အရမ်းမလွမ်းနဲ့လေ....။
ပြန်လာတော့မယ့်ဟာကိုနော့...း)
ဗယ်လင်တိုင်းနေ့မှာတွေ့ရင်ပျော်ကြပါစေနော်...။
ဏီဏီသေချာဆုတောင်းပေးသွားတယ်...။
ခင်မင်တဲ့
ဏီလင်းညို

ပန်းခင်းလေး said...

အလွမ်းရိုးထဲကနေ
အမြန်ကျော်ဖြတ်နိုင်ပါစေ . . .

ခင်မင်စွာနဲ့ 

ပန်းခင်းလေး

ညလင်းအိမ် said...

ဗယ်လင်တိုင်းဒေးမှာ ပျော်ပါစေပါ...
ဆုတောင်းပေးပါတယ်...

Flower said...

ချစ်စရာ ကဗျာလေးကို လာဖတ်ပါတယ်..
ချစ်သူကို လွမ်းတဲ့အလွမ်းဟာ ဘယ်ချိန်ဘယ်ကာလရယ်လို့ ခွဲခြားပြစရာမရှိအောင် အချိန်ပြည့်လွမ်းနေတာလေးကို နှစ်သက်စဖွယ် ရေးထားတာ တကယ်ကို နှစ်သက်မိပါတယ်..
ပြည့်စုံသောချစ်ခြင်းတစ်စုံဖြစ်လာပါစေ..