Friday, 29 January 2010

ဆိပ်ကမ်းပွဲတော်

အမှတ်တရတွေ တအိအိပဲ့ဆင်း အရင်ကတည်းက မလင်းတဲ့ည ညဉ့်နက်လာခဲ့ အနက်ရောင်နောက်ခံကြယ်တချို့ အကန်းကိုမှဖျားယောင်းနေကြ ညသံစဉ်ထဲ ဆိပ်ကမ်းတစ်ခု ပေါလောမျောလို့ သူ့ရဲ့လမ်းကျဉ်းထက် ရယ်သံလွင်လွင်တွေလိုက်ကောက် စပါးပင်စိမ်းစိမ်းတွေက မြစ်ပြင်လေနဲ့တွဲက သူငယ်ချင်းရေ... လယ်ကြွက်ကင်ကလဲ မွှေးမြနေဆဲ.....။ GD(TG)

5 comments:

~ဏီလင်းညို~ said...

မမိုးရေ...
“စပါးပင်စိမ်းစိမ်းတွေက မြစ်ပြင်လေနဲ့တွဲက”... ဆိုတဲ့အဖွဲ့လေးကို အရမ်းနှစ်သက်မိသွားတယ်ဗျာ...။
ကဗျာလေး အရမ်းကောင်းတယ်...။
GD(TG) ဆိုတာ မမိုးပဲလားဟင်...စိတ်ဆိုးနဲ့နော်ဗျ..ဏီဏီ့ကို...၊ သိချင်လို့.....း)
(စကားမစပ် မန့်တဲ့နေရာက ဝေါ့ဗယ်ရီဖီကေးရှင်းကြီးကို အဆင်ပြေရင် ကော်မန့်ဆက်တင်ထဲမှာသွားဖြုတ်လိုက်ပါဦးနော်...။ ရောက်တဲ့ အိမ်တိုင်းဏီဏီ အဲ့သလိုလိုက်ပြောနေတာဗျ...သိလား...း))
ခင်မင်တဲ့
ဏီလင်းညို

SHWE ZIN U said...

သူငယ်ချင်းရေ...
လယ်ကြွက်ကင်ကလဲ မွှေးမြနေဆဲ.....။

စားချင်လာပြီနော်

ခင်တဲ့
ရွှေစင်ဦး

Cameron said...

GD(TG) ဆိုတာ အမသူငယ်ချင်းတစ်ယောက်ပါ..။
အမ ဒီလိုကဗျာကောင်းကောင်းရေးဖို့ အစွမ်းမရှိသေးပါဘူး...။ လယ်ကြွက်ကင်လေး စားကောင်းကြရဲ့လား...း)

ခင်မင်စွာဖြင့်
မိုးငွေ့

ညလင်းအိမ် said...

လယ်ကြွက်ကင်က ထန်းရည်နဲ့မှ ကောင်းတာ အစ်မရ...
ဟဲဟဲ.. ဇာတိတွေ ပေါ်ပြီ..

မိုးစက်အိမ် said...

လုပ်လိုက်တော့ လုပ်လိုက်တော့ လယ်ကြွက်ကင်နဲ့ ဆို
ဟိ တမျိုးမထင်ပါနဲ့ ဗျာ ရေနွေးကြမ်းလေးကောင်း
ကောင်းနဲ့ ဆိုလန်းတာပေါ့ဗျာ :D