Sunday, 6 August 2023

First Love.....


 


ကျနော်က သီချင်းတွေကြိုက်တတ်တော့ သီချင်းပြိုင်ပွဲတွေကို တော်တော်များများကြည့်ဖြစ်တယ် အထူးသဖြင့် ထိုင်းသီချင်းပြိုင်ပွဲတွေပေါ့ သူတို့စကားနားလည်နေလို့ ကြည့်ဖြစ်တာလည်းပါတယ်...။ သူတို့ဆီမှာ အခုအရမ်း Hit ဖြစ်နေတာက The Wall Song နံရံခြားထားတဲ့ တစ်ဖက်က ကိုယ်နဲ့သီချင်းလာဆိုမယ့်သူကို ဘယ်သူဖြစ်မလဲဆိုပြီး မှန်းရတာမျိုးပေါ့ တကယ့်တော့ သူက ပြိုင်ပွဲတော့မဟုတ်ဘူး ဆုတွေဘာတွေမရဘူး ဖျော်ဖြေရေးသက်သက်ပါပဲ...။ သူတို့စလွှင့်တာ 2021 ကတည်းက Ep တစ်ရာကျော်နေပြီ..။ အပတ်စဉ် ကြာသပတေးညပိုင်း Work Point ကနေ လွှင့်ပေးပါတယ်..။ အခု Three Man Down နဲ့ Tilly Bird ကို လာပြီး စပရိုက်တိုက်တာက သူတို့အရမ်းကြိုက်ခဲ့တဲ့ R&B ဘိုးတော်ကြီးပေါ့...။ သီချင်းနာမည်က "အချစ်ဦး" တဲ့...။ အရင် Three Man Down က Krit ရဲ့ " မိုးရွာနေလား" ကို ကျနော် အက်ဆေးနဲ့တွဲပြီးတင်ဖူးခဲ့ပါတယ်...။









First Love ရဲ့ မူရင်းအဆိုရှင်က The Voice Thailand ရဲ့  Season 1 မှာ ဆုရထားတဲ့ ထိုင်းတောင်ပိုင်းသားလေး Nont Tanont ပဲဖြစ်ပါတယ်...။ ဒီသီချင်းက My Precious Series တွဲအတွက် ဆိုပေးထားတဲ့ ဇာတ်ဝင်တေးတစ်ပုဒ်လည်းဖြစ်တယ်...။ ပြီးတော့ The Mask Singer 12 ရဲ့ Final ပွဲမှာ ပြိုင်ပွဲဝင်ဟောင်းတွေနဲ့ ဒီနှစ် Champion ရတဲ့ အဆိုတော်နဲ့ တွဲပြီး အဖွဲ့လိုက်ဆိုထားတာလေးလည်း အရမ်းကောင်းတယ်...။ Champion ရသွားတဲ့ ထိုင်းအဆိုရှင်ကတော့ Slot Machine rock အဖွဲ့က Lead Vocal Karinyawat Durongjirakan "Fort" ဖြစ်ပါတယ်...။






"နင်နေကောင်းရဲ့လား...? လို့ ထပ်ခါ ထပ်ခါ ညည်းမိတယ်... ငါတို့ ချစ်နေတုန်းကလိုပဲ နင်အမြဲပြုံးနေနိုင်ပါစေ..." တဲ့...။ တော်ပြီ...ဘာသာမပြန်ပြတော့ဘူး မဟုတ်ရင် ကျနော် အက်ဆေးတစ်ပုဒ်ရေးချမိနေမှာစိုးလို့...။ ကျနော် ခုတလော နေ့တိုင်းနားထောင်ဖြစ်နေတဲ့ R&B အလွမ်းသီချင်းလေးတစ်ပုဒ်ပါပဲ...ဟုတ်..။




___________________
Revolution will prevail
မိုးငွေ့


No comments: