Wednesday, 24 August 2022

ဒညင်းသီးငံပြာရည်ချက်…..


 

2020 June လ ကိုးဗစ်ပထမလှိုင်းနည်းနည်းပြန်ငြိမ်တဲ့အချိန်ပေါ့  Instagram မှာ ညီမလေးတစ်ယောက်ချက်ပြီးတင်ထားတာတွေ့လို့  သူ့ဆီကချက်နည်းလေးတောင်းပြီးပြန်ချက်စားဖြစ်ခဲ့ဖူးတဲ့ဟင်းပွဲတစ်ခွက်...။ အခု ဒညင်းသီးရာသီချိန်မှာ နာမည်ကြီးအွန်လိုင်းစားသောက်ကုန်ရောင်းကြတဲ့သူတွေက ဒီနှစ်မှာ ဒညင်းသီးငံပြာရည်ချက်ဟင်းကို တော်တော်များများချက်ရောင်းကြတာတွေ့ရတယ် ဈေးကလဲကြီးတာရော တစ်ပွဲ ၆၅၀၀/- ၈၀၀၀/- တွေ ဘုရားဘုရား......။ ကျမကတော့ ဈေးထဲက ပြုတ်ပြီးသားဒညင်းသီးဝယ်လိုက်တယ် တစ်ထောင်ဖိုး ငါးလုံးခြောက်လုံးရတယ်...။ အဲဒါလေးကို အညှာလေးလှီးထုတ် ဆန်လေးနဲနဲနဲ့ နောက်ထပ်ပြုတ်လိုက်တယ်...။ ရလာတဲ့ဒညင်းသီးကို နဲနဲပိုပြားအောင်ထုထားလိုက်တယ်...။ အနှစ်အတွက် ကြက်သွန်ဖြူနီထောင်းထားတာ ဆီသတ် မွှေးလာရင် ပုစွန်ခြောက်မှုန့်ထောင်းထားတာထည့် ငရုတ်သီးခွဲခြမ်းထည့် ငံပြာရည်ထည့် မကျည်းရည်မထည့်ချင် ရေနွေးထည့်ပြီး ထုထားတဲ့ဒညင်းသီးတွေထည့် ဆီပြန်ရင်ရပြီ...။ စားလို့ကောင်းတယ် အဝင်ထွက်တော့ အနံ့အသက်မကောင်းဘူးပေါ့...။ မြစ်ကြီးနားဒညင်းတွေဘာတွေရရင်တော့ ပိုကောင်းတယ်...စေးပြီး အနံ့လဲ သိပ်မပြင်းဘူး...။



___________________
Revolution will prevail
မိုးငွေ့

No comments: