ကျမစာတွေကို Update တင်တိုင်း ပုံမှန်လာဖတ်ပြီး ကျမနဲ့ အွန်လိုင်းမှာစကားပြောနေကျ စာဖတ်သူတစ်ယောက်ရှိတယ်...။ ကျမက စာအုပ်အသစ်တွေထွက်ရင် ဝယ်တတ်တော့ ဒီလဘာစာအုပ်တွေဝယ်ဖြစ်တယ် ဘယ်စာရေးဆရာရဲ့စာအုပ်တွေ ဒီစာရေးဆရာကိုတော့ ခုမှကြားဖူးတာ သူ့စာကို ခုမှစဖတ်မှာ ဒီစာရေးဆရာကတော့ ဘာသာပြန်ရေးတာမဆိုးဘူး စသဖြင့် ကျမတို့ စာအုပ်တွေအကြောင်း ပြောဖြစ်ကြတယ်...။ ဒါနဲ့ ခုတလော နာမည်ရနေတဲ့ စာရေးဆရာမတစ်ယောက်ရဲ့ စာအုပ်တွေကို သုံးလေးအုပ်ဝယ်ပြီးမှ ဆက်မဖတ်ဖြစ်တော့တဲ့အကြောင်း ကျမသူ့ကိုပြောပြတော့ သူက "အဲစာရေးဆရာမအရေးအသားတွေက ခင်ဗျားရေးတာလောက်တောင်မကောင်းပါဘူး"လို့ ကျမကိုဘက်လိုက်ပြောလိုက်တာလား...ကျမကတော့ ကိုယ့်ကို ချီးမွန်းရင် ဘယ်တော့မှ မြှောက်တက်တတ်တဲ့သူမဟုတ်ဘူးဆိုတာ သူသိလို့ပဲနေမှာပါ...။ တကယ်က အဲစာရေးဆရာမရဲ့စာတွေကကောင်းပါတယ် စိတ်ခွန်အားဖြစ်စာတွေ ဘဝအတွေ့အကြုံတွေ စာဖတ်သူတွေအတွက် ပညာယူစရာတွေ ဗဟုသုတတွေ အများကြီးပါတယ်...။ ကျမကသာ Personal စိတ်ခံစားမှုအရ မဖတ်ချင်တာပဲရှိတာ သူ့ဟာနဲ့သူကောင်းပါတယ် Facebook မှာဆိုလည်း အရမ်းနာမည်ကြီးနေတာပဲ...။
"နင်သိပါတယ် ငါက ဆရာလုပ်တဲ့စာတွေမကြိုက်ဘူးလေ" လို့ကျမပြန်ပြောလိုက်တယ်...။ "ပြီးတော့ ငါရေးတဲ့စာတွေက နုတယ် ချွဲတယ်လို့ နင်မခံစားရဘူးလား..."လို့ သူ့ကိုမေးတော့ သူက "ဟုတ်ပါ့ ဟုတ်ပါ့ ဖတ်ရင်း လူတစ်ယောက်ရဲ့ ဝိဉာဉ်ကိုပါမျောပါသွားအောင် ဖမ်းစားတတ်သေးတာ" တဲ့....။ ပြီးခါကျတော့ "ခင်ဗျားက စာအုပ်တွေဝယ်ဝယ်ပြီး ကုန်အောင်ဖတ်တာလဲမဟုတ်ဘူး" လို့ ကျမကို သူကဖြုန်းတယ်ဆိုပြီး အပြစ်တင်ပြောတတ်သေး...။ (အရင်လို စာအုပ်ဆိုင်က ငှားဖတ်လို့ရတဲ့ခေတ်မဟုတ်တော့လဲ...) "ဒါတော့ မတတ်နိုင် စာအုပ်တွေကောင်းမယ်ထင်တာ ဝယ်ဖတ်ချင်တာကိုက ငါ့အာသီတပဲလေ..." ကျမက စာအုပ်တွေဖတ်လို့ပြီးရင် သိမ်းမထားချင်တာကို စုထားပြီး စာကြည့်တိုက်တစ်ခုကိုလှူဖို့လုပ်ထားတယ်...။ ခက်တာက ကျမတို့နိုင်ငံက စာကြည့်တိုက်ဆိုတာ စာသွားဖတ်ရမယ်နေရာရယ်လို့ လူကြီးကစ ကလေးတွေပါ စိတ်မဝင်စားကြတာပဲ....။ တစ်နေ့နေ့တစ်ချိန်ချိန်တော့ စာကြည့်တိုက်ခေတ်ပြန်ရောက်ကောင်းပါရဲ့....။ ပြီးတော့ စာကြည့်တိုက်ပညာကို တက္ကသိုလ်ဘာသာရပ်မှာလည်း သူများနိုင်ငံတွေလို MLS (Master's in Library science)လိုမျိုး Career တစ်ခုအနေနဲ့ ဒီဂရီတွေဘာတွေပေးတဲ့ ပညာရပ်တစ်ခုအဖြစ်ထည့်သွင်းသင့်တယ်လို့ ယူဆမိတယ်...။ စာကြည့်တိုက်အကြောင်းပြောလို့ လွန်ခဲ့တဲ့(၂၁)နှစ်က BC မှာလုပ်ထားတဲ့ Member card လေးပြန်တွေ့လို့ ပြလိုက်ဦးမယ်...။
ကျမက စာရေးရင် ခံစားမှုရသအပိုင်းကိုရေးရတာ ဖြတ်သန်းလာခဲ့ဖူးတဲ့ ပျော်စရာကာလတွေကိုပြန်ရေးရတာကြိုက်တယ်....။ ဖတ်ရင်လည်း စာရေးဆရာတွေကိုယ်တိုင်ရဲ့ အဖြစ်အပျက်အတွေ့အကြုံတွေလိုမျိုးကိုဖတ်ရတာကြိုက်တယ်...။ Family Saga လိုစာအမျိုးစားပေါ့...။ တခါတလေ ကျမရေးဖြစ်တဲ့ ဝတ္ထုတို ဝတ္ထုရှည်တွေကျတော့ အများအားဖြင့် ကျမကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင် နားထောင်ခဲ့ဖူးတဲ့သီချင်းတွေနဲ့ အိပ်မက်တွေဆီကနေ အခြေခံလာတာများတယ်...။
Revolution will prevail
မိုးငွေ့
No comments:
Post a Comment