"ရိုးသားမှုများသို့" ဟာ ကိုမျိုးကျော့ရဲ့ ဒုတိယစီးရီးဖြစ်တဲ့ Virus 3 တိတ်ခွေထဲက တစ်ပုဒ်ပါ...။ အရင် သီချင်းပို့စ်တွေမှာ ပြောပြီးခဲ့တဲ့အတိုင်း ကိုမျိုးကျော့ သီချင်းတွေက ကျနော် တက္ကသိုလ်ကျောင်းတက်နေတဲ့ကာလမှာ အရမ်းခေတ်စားခဲ့ ပြီးတော့ Rap ဂီတကို မြန်မာသီချင်းပရိတ်သတ်တွေနဲ့ ပထမဆုံးမိတ်ဆက်ပေးခဲ့တဲ့သူ.... သူ့သီချင်းအတော်များများကိုနားထောင်ဖြစ်တယ် ကြိုက်လည်းကြိုက်တယ်....။ နှစ်ပေါင်းနှစ်ဆယ်ကျော်သည့်တိုင် မရိုးသေးဘဲ နားထောင်ကောင်းဆဲ...။
သီချင်းထဲကအတိုင်း ရိုးသားမှုတွေကို ပြန်ရချင်ပေမယ့် အချိန်တွေကိုနောက်ပြန်သွားလို့မရတော့ပါဘူး...။ ငယ်စဉ်က အသိဉာဏ်နည်းခဲ့တာတွေကို လွှတ်ချခဲ့ပြီး တွေးတောဆင်ခြင်တတ်တဲ့အချိန်မှာ လုပ်ချင်တာတွေ လုပ်စရာရှိတာတွေကို သိပ်မစဉ်းစားမတွေဝေဘဲ လုပ်ပါလို့တိုက်တွန်းချင်ပါတယ် ကျနော်တို့မှာ အချိန်တော်တော်နည်းနေပြီလေ....။
__________________
Revolution will preval
မိုးငွေ့
No comments:
Post a Comment