အောက်မှာ ဒီနေ့ Randy တင်ထားတာလေးကြိုက်လို့ မျှဝေပါတယ်....။
@@@@@@@
💔 ဘဝမှာ လွဲသွားခဲ့တဲ့လူတွေ၊ လက်လွှတ်လိုက်ရတဲ့ အခွင့်အရေးတွေ၊ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်လိုက်ရတဲ့ အခါတွေ ဆိုတာ အများကြီးပါပဲ ....
ဒါတွေကို လွမ်းဆွတ်တမ်းတပြီး တသသဖြစ်နေရင်တော့ နောက်ထပ် ကိုယ့်အတွက် တကယ်ကောင်းတဲ့ လူတွေ၊ အခွင့်အရေးတွေ၊ ဖြစ်ချင်တာတွေကို ထပ်ပြီး လက်လွှတ် ဆုံးရှုံးရနိုင်ပါတယ် ....
တကယ်တော့ - If a train doesn’t stop at your station, then it’s not your train. ဆိုတဲ့အတိုင်း
💔 ဒီရထားက မင်းရဲ့ ဘူတာမှာ မရပ်ဘူးဆိုရင် မင်းစီးရမဲ့ ရထားမဟုတ်ပါဘူး - တဲ့ ...
ဒီတော့ လက်မလွှတ်ချင်လို့ ကိုယ်က မကြိုးစားရတော့ဘူးလား ဆိုတော့ အပြည့်အဝကြိုးစားရမဲ့ တာဝန်ရှိပါတယ်။ ဘယ်အရာမှတော့ လွယ်လင့်တကူ မရရှိတတ်ပါဘူး။ အချိန်အတိုင်းတာ တစ်ခုထိတော့ လိုတာပေါ့။
~ Myo Thiha Kyaw ~ Randy ~
ဒါမှလဲ လက်လွှတ်ခဲ့ရသည် ရှိသော် နောင်တ တရားက ကိုယ့် စီမှာ မကျန်ခဲ့ပဲ သတိပြန်ရလိုက်တိုင်း ကိုယ်ကြိုးစားခဲ့တာပဲ ဖြစ်မှ ဖြစ်မလာတာဆိုတဲ့ ကိုယ့်ကိုယ်ကို ကျေနပ်မှုကို ရမှာပါ။
♦️ ဒီလိုမဟုတ်ပဲ ကိုယ့်ကိုယ်ကို အပြစ်တင်နေပြီး လက်လွှတ်လိုက်ရတဲ့ အရာတွေကိုပဲ Focus လုပ်နေရင် နောက်ထပ် လာမဲ့ Opportunities အခွင့်လမ်းတွေကို မြင်မှာ မဟုတ်တော့သလို အဲ့ဒီအရာတွေ အတွက် ကြိုးစားဖို့ကိုလဲ မေ့ပျောက်ပြီး ဒီလိုပဲ သံသရာလည်နေမှာပါ။
ကျနော့ဘဝမှာလဲ ဖြစ်မလာတဲ့ အရာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကိုယ်မကြိုးစားလိုက်လို့ " တစ်မိနစ်နောက်ကျသွားပြီ ရထားကြီးထွက်လို့ သွားပြီ " ဆိုတဲ့ နောင်တမျိုးက မရှိသလောက် ရှားပါတယ်။
♦️ ဂျက်မားလို မရခဲ့တဲ့ အလုပ်တွေ၊ မဖြစ်ခဲ့တဲ့ အရာတွေအတွက် ကိုယ့်ကိုယ်ကို သိမ်ငယ်မနေပဲ သူကြိုးစားရမဲ့ အရာတွေကိုပဲ အာရုံစိုက်ခဲ့လို့ သူ့ဘဝအတွက် တကယ့် ရထားကြီး တစ်စင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။
ဗုဒ္ဓရဲ့ စကားနဲ့ ပြောရင်တော့ ကံမပါဘူး ... ရေစက်မရှိဘူး ... ပေါ့ ဒီလောက်ပါပဲ ...
❤️ Have a nice day … ❤️
🍀 Myo Thiha Kyaw ~ Randy 🍀
🔸 Life Coach & Spiritual Guide🔸
____________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment