Thursday, 17 March 2022

BD.....





ဘဝက ဘာမှရေရေရာရာ ဖြစ်ဖြစ်မြောက်မြောက်မဖြစ်သေးဘဲ အသက်လေးဆယ့်ခုနှစ်နှစ်ထဲရောက်သွားခဲ့ပြီ.....။ မွေးနေ့ရောက်တိုင်း စိတ္တဇတစ်ခု အမြဲရှိတယ် မွေးနေ့သိတဲ့သူတွေ Wish လှမ်းလုပ်မှာကြောက်ပြီး ဖုန်းပိတ်ထားတဲ့ကိစ္စပဲ....။ နောက်ပိုင်းနှစ်တွေမှာ မပိတ်တော့ပေမယ့် အဲအတွေးက မွေးနေ့နီးလာတိုင်း ဝင်ဝင်လာစမြဲပဲ....။ ကလေးဘဝတုန်းက အဖွားက မွေးနေ့လုပ်ရင် ရုပ်ရှင်ထဲကလို လူဆိုးတွေသေနတ်နဲ့လာပစ်လိမ့်မယ် မွေးနေ့ကိတ်ကြီးရှေ့ထား ဖယောင်းတိုင်ထွန်းပြီး သီချင်းဆိုတာကလည်း ခရစ်ယာန်တွေလုပ်တာလို့ ဆိုက်ကိုသွင်းထားခဲ့တာ....။ ဒီတော့ အသက်ကြီးလာ တွေးတောစဉ်းစားတတ်လာသည့်တိုင် ဒီဂျင်းထည့်ခံထားရတာကို အမှန်မဟုတ်မှန်းသိနေပေမယ့် ရိုက်သွင်းခံထားရတဲ့အရာကရှိနေဆဲပဲ...။ မွေးနေ့ဆို သူငယ်ချင်းတွေ ဖုန်းဆက်ပြီး ဆုတောင်းပေးမှာကိုကြောက်တယ် မွေးနေ့မှာ ကိတ်မုန့်နဲ့ဖယောင်းတိုင်ထွန်း သီချင်းဆိုတဲ့ အစဉ်အလာကိုလက်မခံနိုင်ဘူး....။ တော်သေးတယ် မွေးနေ့မှာ မိဘမဲ့ကလေးတွေ ဘိုးဘွားရိပ်သာမှာထမင်းသွားကျွေးတာတွေကိုတော့ လုပ်ခဲ့ဖူးတယ်...။ အများအတွက်အကျိုးဖြစ်ထွန်းမှာတွေကို လုပ်ဖို့စိတ်ကူးရှိခဲ့တာလေးကိုပဲ ကိုယ့်ဘာသာတွေးပြီး ပီတိဖြစ် ကျေနပ်မိပါရဲ့....။ ရုံးကလုပ်ဖော်ကိုင်ဖက်အားလုံးကို နှစ်စဉ်ရွှေရင်အေးတိုက်တဲ့ အဆင်အလာလေးတော့လုပ်ဖြစ်ပါတယ်....။ ဒီနှစ်လဲ ရွှေရင်အေးပဲတိုက်ဖြစ်တယ်....။

ဒီနေ့မှာ မွေးနေ့ဆုတောင်းမေတ္တာပို့သပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်...။ အားလုံး ငြိမ်းချမ်းပျော်ရွှင်တဲ့အချိန် အမြန်ဆုံးရောက်ပါစေ.....။





မိုးရွှေရင်အေး မိသားစု ကနေ မှာတာပါ.... နှစ်တိုင်းရုံးကလူတွေကို တိုက်နေကျ အရမ်းကောင်း ချိုဆိမ့်မွှေး  အုန်းနို့ကလဲ မနက်ပို့ခါနီးမှ လတ်လတ်ဆပ်ဆပ်နဲ့ ရေခဲနဲ့သေချာလုပ်ပေးပါတယ်....။ လှိုင် ဘူတာရုံလမ်း ဖုန်းနံပါတ်၀၉၂၆၁၅၈၄၄၃၄ ကိုဆက်ပြီး မှာနိုင်သလို Face Book မှာ မိုးရွှေရင်အေး မိသားစုလို့ ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်....။







________________________
Revolution will prevail
မိုးငွေ့


No comments: