Saturday, 12 March 2022

ရှေ့ဆက်ရန်မရှိ.....




 

ရှေ့ဆက်ရန်မရှိကို Zig ဆိုထားတာလေး You Tube မှာကြည့်မိတယ် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး MV လေးရိုက်ထားတာ Drummer Bon Bon လည်းပါတယ်....။ Zig ဆိုထားတဲ့ စတိုင်လ်နဲ့ အသံအနေအထား Alex နဲ့တော်တော်တူတယ်....။ အစက အဲသီချင်းကို Alex သီချင်းအဟောင်းထဲက ပြန်ဆိုတယ်လို့ ထင်မှတ်မှားမိတယ် ...။  ဒီသီချင်းကိုတော့ နားယဉ်နေတာကိုး ဟိုနားဒီနားကြားဖူးနေတဲ့သီချင်းလေးပေါ့....။ နောက်တော့မှ ထက်သီရိဆိုတဲ့ ချာတိတ်မလေးတစ်ယောက်ဆိုထားတဲ့သီချင်းမှန်းသိတော့တယ် ချစ်စရာလေးပါ ကောင်မလေးက....။ ကလေးသံလေးတောင်မပျောက်သေးသလိုပဲ....။ သီချင်းလေးက မြူးမြူးလေး စိတ်ညစ်စရာရှိတဲ့ချိန်ဆို အသံခပ်ကျယ်ကျယ်လေးဖွင့်ပြီး ဝုန်းဒိုင်းကျဲ ခုန်ပေါက်ကလို့ကောင်းမယ့်သီချင်းမျိုးလေး....။

ခုတလော Idea တွေခမ်း Mood တွေကန်းနေလို့ ဘာစာမှရေးမရ....။ သီချင်းတွေပဲလာတင်မိ....။
 












ဦးစောဖိုးခွားရဲ့သား ZIG








အိန်ဂျယ်ကိုမမြင်ဖူးကြဘူးဆိုလို့ ဒီလိုရုပ်မျိုးလေးပေါ့




Zig ရဲ့ ဘယ်လက်ဖမိုးပေါ်က ခြင်္သေ့တက်တူးကို သဘောကျမိ











________________________
Revolution will prevail
မိုးငွေ့


No comments: