ဟိုး...မှာတွေ့လား အိန်ဂျယ်.... နွေဦးကိုကြိုဆိုမယ့် ရောင်ခြည်တွေသန်းလာနေပြီ....
ဆယ်ခုမြှောက်နွေဦးဆိုပေမယ့် ကိုယ့်အတွက်တော့ အမြဲတမ်း လန်းဆန်းလတ်ဆတ်နေဆဲ
ခံစားမှုအသစ်တစ်ခု.....။
နွေဦးရဲ့ နွေးထွေးတဲ့ နေခြည်နဲ့ လေပြေနုတို့က မပြောင်းမလဲ ရှိနေဆဲပဲလေ....
အိန်ဂျယ်သာ ကိုယ့်အပေါ်ခံစားမှုတွေ ပြောင်းလဲချင်ပြောင်းလဲသွားမယ် ကိုယ့်ရဲ့နွေဦးအပေါ်ထားတဲ့ သစ္စာနဲ့ သံယောဇဉ် အိန်ဂျယ့်အပေါ်ထားတဲ့ ချစ်ခြင်းတွေဟာ ကျောက်စိုင်တွေလိုပဲ ခိုင်မာမြဲမြံကြတယ်...။
လူတစ်ယောက်ရဲ့ မှုန်မွှားတဲ့ ခံစားမှု တစ်ခုသက်သက်ကို ကမ္ဘာတည်သရွေ့လို့ ကြီးကျယ် ခမ်းနားစွာ ကိုယ်မဖွင့်ဆိုချင်ပါဘူး....။
ဒါပေမယ့် ရှိနေတယ် .... အိန်ဂျယ်ဆိုတာ ရှိနေတယ်... ခံစားမှုသေးသေးတစ်ခု ရှိနေသေးတယ်ဆိုတာ နွေဦးက နှစ်စဉ်သက်သေပြနေတာပါ....။
နွေဦး(၁)
နွေဦး(၂)
နွေဦး(၃)
နွေဦး(၄)
နွေဦး(၅)
နွေဦး(၆)
နွေဦး(၇)
နွေဦး(၈)
နွေဦး(၉)
မိုးငွေ့
No comments:
Post a Comment