Wednesday, 13 February 2019

နွေဦး(၉).....




နွေဦးတစ်ခါရောက်ခဲ့ပြန်ပြီ အိန်ဂျယ်......

ကမ်းခြေကို ဒီလိုထိုင်မကြည့်ရတာဘယ်လောက်ကြာခဲ့ပြီလဲ...
မင်းနဲ့မဆုံဖြစ်တော့တာလဲ ဘယ်လောက်ကြာခဲ့ပြီလဲ....(ဘယ်တော့မှဆုံဖြစ်မှာမဟုတ်ပေမယ့် မျှော်လင့်ချက်မှိန်မှိန်လေးက ကိုယ့်ကိုတွန်းအားပေးနေသေးတယ်....)

တစ်နှစ်တစ်ခေါက်နွေဦးကိုရေးခဲ့တာ (၉)ပုဒ်ရှိသွားပြီဆိုပေမယ့် မနေ့တစ်နေ့ကလို ခံစားမိနေတုန်းပဲ....။

ဒီနွေဦးမှာ ကိုယ်ပင်လယ်ကမ်းခြေတစ်ခုကိုတော့ ရောက်သွားဖို့ရှိတယ်....။ ဒါပေမယ့် ကိုယ်တို့ဆုံခဲ့ကြတဲ့ ကမ်းခြေတော့မဟုတ်ဘူး...။ ဘာပဲဖြစ်ဖြစ် ကမ်းခြေနဲ့နွေဦးဇာတ်လမ်းဟာ ခွဲလို့ရတဲ့အရာမှမဟုတ်ဘဲ....။ နေဝင်ချိန်ဆည်းဆာတွေ.....
လေထဲလွင့်ပျံလာမယ့် ဂီတသံချိုချိုတွေ....
သဲသောင်ပြင်ဖွေးဖွေးတွေဟာ လှိုင်းလုံးတစ်ခုလို ကိုယ့်ရင့်ကို အမှတ်ရမှုတွေနဲ့ရိုက်ခတ်ကြဦးမှာအသေအချာပဲ....။

သစ်ရွက်ခြောက်မီးရှို့နံ့တွေ....
ဉဩငှက်တွန်မြည်သံတွေ....
အသစ်ပွင့်လန်းတော့မယ် ပန်းပုရစ်ဖူးလေးတွေ...
မနက်ခင်းရဲ့ နေခြည်နုနုတွေ...

အားလုံးဟာ တစ်နှစ်တစ်ခါ ပုံမှန်လည်ပတ် နွေဦးကို နိုးထဖို့ရောက်လာတတ်ကြတယ်...။ အဲဒီအခါ ကိုယ့်နှလုံးသားက နွေးဦးအသစ်တစ်ပုဒ်ကို ဖန်ဆင်းဖို့ ဖြစ်လာရပြန်တယ်...။ ဒီလိုနဲ့ နွေဦးဟာ ကိုယ်နဲ့အတူ နှစ်စဉ်လိုက်ပါစီးမျောနေတုန်ပေါ့....။

အိန်ဂျယ်လည်း တစ်နှစ်တစ်ခေါက်တော့ နွေဦးဆီကိုရောက်လာလိမ့်မယ်လို့ ကိုယ်ယုံကြည်ပါတယ်...။









မိုးငွေ့

No comments: