ဒီပုံက သူများဆီကသွား မ လာတာ
ခေါင်းစဉ်ကို ကြီးကြီးကျယ်ကျယ် တိမ်တွေနေတဲ့အရပ်ဆီလို့ ပေးထားပေမယ့် တကယ်တမ်း တိမ်ပင်လယ်ပုံတွေကို တစ်ပုံမှမရခဲ့လို့ စာလာဖတ်သူတွေကို အားနာမိတယ်...။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ ချင်းပြည်နယ် နတ်မတောင်အတွေ့အကြုံလေးကိုတော့ ဖတ်ချင်သေးတယ်မဟုတ်လား ....။
Ok, Let's go...
ထုံးစံအတိုင်း Package နဲ့ခရီးသွားဖို့ကတော့ ကျွန်မညီမလေး ခေါင်ခေါင်ရဲ့ Company ဖြစ်တဲ့ Tango Tour and Travel နဲ့ပဲသွားတယ်...။ ကိုယ့်ညီမဆိုတော့ ကိုယ်သွားချင်တဲ့ခရီးစဉ် ဘယ်ချိန်သွားသွား လှမ်းပြောလိုက်ရုံပဲ အဆင်ပြေတယ်...။ ကားနဲ့လေယာဉ်ခရီးစဉ်နှစ်မျိုးရှိတာ ကျွန်မတို့က လေယာဉ်နဲ့သွားဖို့ရွေးလိုက်တယ် ...အမေပါတော့ ကားစီးရသက်သာအောင်လို့...။ တကယ်သွားရမယ့် မြို့က ချင်းပြည်နယ် ကန်ပက်လက်မြို့...။ ကန်ပက်လက်က မကွေးတိုင်းအစပ်နဲ့ သိပ်မဝေးတော့ဘူး...။ လေယာဉ်ကတော့ အနီးစပ်ဆုံး ညောင်ဦးလေဆိပ်မှာဆင်းတယ်...။ လေဆိပ်ကနေ အန်စာတုံးကားနဲ့ လာကြိုတယ်...။ ကျွန်မတို့ လေယာဉ်စီးတဲ့ခရီးသည် ကိုးယောက်ကို ဂိုက်တစ်ယောက်က ဦးဆောင်ပေးပါတယ်...။ ဂိုက်ကလည်း ညီမလေးခေါင်ရဲ့ မောင်အရင်းဆိုတော့ ကိုယ့်မောင်လေးပဲပေါ့...။
Me and My Youngest Sis
My Essential
ညောင်ဦးလေဆိပ်ကတဆင့် မန္တလေးတိုင်းရဲ့အနောက်စွန်းဖြစ်တဲ့ စဥ့်ကူးမြို့ကနေ ချောက်မြို့ ဧရာဝတီမြစ်ကူးတံတားဖြစ်တဲ့ အနော်ရထာတံတားဖြတ်ပြီး စလေမြို့ကိုအရင်သွားပါတယ် ...။ ကန်ပက်လက်ကိုသွားတဲ့ လမ်းနဲ့တော့မကြုံပေမယ့် ခရီးစဉ်ထဲမှာပါတာမို့ စလေကို ဘုရားဖူးဖို့ အရင်ပို့ပေးပါတယ်...။
ကားမှန်က အဲလိုကြည်လင်တော့ ပုံက ဒီလိုလေးဖြစ်
စလေမြို့ ဧရာဝတီမြစ်ကမ်းနား ရခိုင်မုနိဘုရားနားက ရှုခင်း
ရခိုင်မုနိဘုရား
စလေရုပ်စုံကျောင်း
စလေမြို့က နှီးဘုရား
စလေမှာပဲ နေ့လည်စာစားပြီး ကန်ပန်လက်မြို့ကို သွားပါတယ်
ကိုယ်ဟာ ခုချိန်ထိ ဖိနပ်ကြိုးကိုကောင်းကောင်းမချည်တတ်သေးတဲ့သူပါ
ချည်ပေးတတ်သူရှိရင် welcome ပါလို့း)
မိုးငွေ့
1 comment:
လူပုံလည်းသိပ်မပါဖူး
မတွေ့တာကြာပြီ
နေကောင်းကျန်းမာပါစေ
Post a Comment