ပြီးခဲ့တဲ့ မေ(၁)ရက်နေ့…မင်းမွေးနေ့ ဘာတွေလုပ်ဖြစ်သေးလဲ အိန်ဂျယ်….။ ကိုယ့်မှာတော့ ဟိုး အဝေးတစ်နေရာကနေ မင်းမွေးနေ့လေးကို wish လေးလုပ်ဖို့တောင် အခွင့်မသာခဲ့ပါဘူး…။ ဒါပေမယ့် ကိုယ် မင်းမွေးနေ့ကလေးကို စိတ်ထဲ ရင်ထဲ အမှတ်ရရလေးရှိနေခဲ့ပါတယ်…။ ပြီးတော့ မင်းဆီကို ဖုန်းနဲ့ရော ဖဘမက်ဆေ့နဲ့ရော ဘာမှမပို့တော့ဘူးလို့ ဆုံးဖြတ်ထားခဲ့ပြီးသားလေ…..။ ဒါပေမယ့် ဒီနေရာလေးမှာတော့ မင်းအတွက် မွေးနေ့ဆုတောင်းစာလေးရေးပေးလို့ ရသေးတယ်မဟုတ်လား အိန်ဂျယ်…။ မေတစ်ရက်နေ့ အလုပ်သမားနေ့မှာ မွေးလို့ သူများအလုပ်သမားပဲ အမြဲလုပ်ရတော့မလားမသိဘူး လို့ မင်းရွှတ်နောက်ပြောခဲ့ဖူးတာကို ကိုယ်အမှတ်ရနေသေးတယ်…။ မေဆိုတာ နှစ်တစ်နှစ်ထဲက သိပ်လှတဲ့လတွေထဲက တစ်လအပါအဝင်လေ…။ မေလကိုကိုယ်နှစ်သက်တယ်… ကိုယ်ချစ်တဲ့မင်းက မေလမှာမွေးလို့လဲ ကိုယ်ဂုဏ်ယူမိတယ်သိလား..။
ဘယ်လိုပဲဖြစ်ဖြစ်ပါ…..
မွေးနေ့မှစပြီး သက်ရှည်ကျန်းမာစွာနဲ့ စိတ်လက်ချမ်းသာစွာ ဘဝလမ်းကို ချစ်သောသူများနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ပါစေ… လိုအင်ဆန္ဒအားလုံးပြည့်ဝစွာရပါစေ ဘုရားသခင်ရဲ့ ထာဝရသားတော်ဖြစ်ပါစေလို့...ကိုယ်ဆုမွန်တောင်းပေးပါတယ်….။
မိုးငွေ့
1 comment:
မေ ၁ ရက်မှာမွေးနေ့ကျတဲ့သူလဲသိရှိပြီးပျော်ရွှင်ပါစေ
Post a Comment