Tuesday, 7 January 2014

စာမျက်နှာတစ်ဆယ့်လေး.....




မင်းကိုလွမ်းတိုင်း ကိုယ်မင်းကိုသွားချောင်းကြည့်ခွင့်ရှိသေးတာပဲ......။ ဘယ်တော့မှ ကိုယ့်ကို ဖရန်းပြန်မလုပ်တော့တဲ့ စာမျက်နှာတစ်ခုကို ကိုယ်အပြန်ပြန်အလှန်လှန်သွားကြည့်နိုင်နေသေးတာ ဘုရားပေးတဲ့ဆုတစ်ခုလို့မှတ်ယူပါ့မယ်....။

မျက်နှာကြည်ကြည်တစ်ခု မျက်ခုံးနက်နက်တွေ မျက်တောင်တိုတိုလေးတွေ နှာတံချွန်ချွန်နဲ့ ထူထဲတဲ့ နှုတ်ခမ်းတစ်စုံကိုမြင်လိုက်ရတဲ့အခါတိုင်း ကိုယ့်မျက်ဝန်းက မျက်ရည်တွေဘာကြောင့်ပိုးပိုးပေါက်ပေါက်ကျလာရသလဲ....။
ဝမ်းသာတယ် မင်းကို ကြည်ကြည်လင်လင် ပျော်ပျော်ရွှင်ရွှင်နဲ့မြင်လိုက်ရလို့....။ ဝမ်းလည်းနည်းတယ်..ဘယ်တော့မှ ကိုယ့်ကိုလက်မခံတော့တဲ့ စာမျက်နှာတစ်ခုကို တိတ်တိတ်ကလေးပဲကြည့်ခွင့်ရလို့...။

ကိုလေးက စာမျက်နှာဆယ့်ငါးဆို ကိုယ်ကဆယ့်လေးကိုရွေးမယ်.....။ ပြီးခဲ့တဲ့ နိုဝင်ဘာဆယ့်လေးရက်က မင်းနဲ့ကိုယ်နောက်ဆုံးဆုံခဲ့ကြတာ တစ်နှစ်ပြည့်တဲ့ရက်....။ မင်းမှတ်မိဦးမယ်ထင်ပါတယ်...အိန်ဂျယ်...။
အဲနေ့ညက ဒေါသခိုးတွေနဲ့မင်းမျက်လုံးတွေကို ကိုယ်နောက်ဆုံးမြင်လိုက်ရတဲ့နေ့ပေါ့.....။ အဲနေ့ကစပြီး ကိုယ့်အနားကနေ သစ်ရွက်တစ်ခုလို လွှင့်ပါးသွားလိုက်တာ ဒီနေ့ထိပေါ့.....။

ဘယ်တော့မှမရိုးနိုင်သော တမ်းတခြင်းများစွာနဲ့ “မင်းဘယ်ဆီမှာလဲ အိန်ဂျယ်......”


မိုးငွေ့

5 comments:

Unknown said...

ဘယ်များရောက်နေသလဲ အိန်ဂျယ်ရယ်.....

သဒ္ဓါလှိုင်း said...

အိန်ဂျယ် ဖတ်တိုင်း နင့်နင့်နဲနဲ ခံစားရတယ်..
လွမ်းသလို ဆွေးသလိုပါပဲ.
မင်္ဂလာရှိသော နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေ..
ချစ်ခင်စွာ
သဒ္ဓါ

rose of sharon said...

အိန်ဂျယ်ဖတ်ရင်းအတူလိုက်လွမ်းမိတယ်....

Yoemyaykya said...

မမရယ် ကျနော်လဲ ဘယ်တော့မှ ဖရန့်ပြန်လက်မခံမယ့်သူရှိတယ်။ ကျနော်လဲ တိတ်တိတ်လေးချောင်းရတယ်။ ခုထိ အပြစ်တစ်ခုဟာ တောင်းပန်လို့ မကျေအေးနိုင်သေးဘူးလေ

နွေတေးရှင် (မင်းဧရာ) said...

လွင့်ပြယ်မသွားသောဆေးသားနဲ့
ခါးခဲ့ပါသော ရင်ခွင် ။