ဒုတိယရက်မှာတော့ ပြင်ဦးလွင် ဒိုးပင်ပရဟိတကျောင်းကို ဆယ်နာရီခွဲအရောက်သွားခဲ့တယ် ..။ မနေ့တုန်းက ဆန်အိတ်ကို ဆယ်နာရီခွဲတိတိလာပို့ပေးနော် ဂျပန်ချိန်လို့သေချာပြောခဲ့တာ.. .ကျောင်းရောက်တော့ ဆန်အိတ်ထိုင်စောင့်တာ ဆယ့်တစ်ခွဲသွားတယ်..အဲလို အချိန်တွေတိကျကြတာ...။
ဘုန်းဘုန်းကတော့ စုစုပေါင်း ကလေးအယောက် ထောင့်ခြောက်ရာကျော်ရှိတယ်ပြောတယ်...။ အလှူပစ္စည်းကို ဘုန်းဘုန်းမိုက်နဲ့အော်ခါနီးတော့ ကလေးတွေတပြုံကြီးရောက်လာကြတယ်...။ အယောက်တစ်ထောင့်ခြောက်ရာကျော်ဆိုတာ ဘုန်းကြီးမိဘမဲ့ကလေးတွေကို ပရဟိတလုပ်လာတဲ့ 35နှစ်သက်တမ်းတလျှောက်က ဦးရေဖြစ်ပါလိမ့်မယ်...။ အခုဘုရားဆုတောင်းဖို့ အလှူရှင်တွေကိုမေတ္တာဝေပေးဖို့ရောက်လာကြတဲ့ကလေးတွေက အယောက် သုံးရာကျော်လောက်ပဲ (ကိုရင်လေးတွေအပါအ၀င်) တွေ့ရတယ်..။ အကြီးတချို့တွေက ကျောင်းတက် အလုပ်သွားသူသွားနေကြတယ် လို့တော့ပြောတယ်..။
ကလေးတွေအတွက် အနွေးထည် အထည်230 ...။ သပိတ်တွေက သူများလာလှူသွားတာတွေပါ...။ တခြားလိုအပ်တာလေးတွေကိုထပ်လှူဖို့ ဘုန်းကြီးကိုလျှောက်ပါသေးတယ်...။ ပညာရေး ကျန်းမာရေး စသဖြင့်ပေါ့...။ ပညာရေးအတွက်လိုအပ်တဲ့ စာရေးကိရယာအားလုံးကို ဂျပန် NGO တစ်ခုက အမြဲလှူထားပါတယ်တဲ့...။ ကျန်းမာရေးအတွက်ကတော့ မန္တလေးက အဖွဲ့အစည်းတစ်ခု တစ်လကိုနှစ်ကြိမ် ဆရာဝန် 7 ယောက်လွှတ်ပေးပါတယ်တဲ့...။
ကလေးအများစုက ပအို့ဝ် ပလောင်တွေများတယ်... မြန်မာကလေးက အယောက် 60 ပဲပါတယ်တဲ့...။
ကလေးတွေရဲ့ ထမင်းစားဆောင်
ထမင်းစားတော့ ကလေးဦးရေများလို့ စတီးဇလုံအကြီးကြီးတစ်ခုထဲကိုထည့်ပြီး ငါးယောက်တစ်ဇလုံ စုစားကြရတယ်...။ အဲဒီ ဇလုံနဲ့စားတဲ့ကိစ္စကို ကိုယ်တိုင်မမြင်ဖူးခင်ကတည်းကကြားပြီးသား... ပုံစံခွက်ထမင်းပန်းကန်မ၀ယ်နိုင်လို့ လို့ပဲထင်ခဲ့တာ...။ ဘုန်းဘုန်းကိုလျှောက်ကြည့်တော့မှ ကလေးအရေတွက်ကများပြီး ဝေယျာဝိစ္စလုပ်ပေးမယ့်သူက မနိုင်လို့ ခုလိုစားလိုက်ရတာပါတဲ့လေ...။ တစ်ရက်ကို ဆန်ဆယ်အိတ်ကုန်ပါတယ်...။ ကျွန်မတို့ရောက်ပြီး တခြားဆန်လာလှူတွေကလည်း ရောက်လာကြသေးတယ် ...။
သရက်ချဉ်သုပ်ကို မိုးပြဲဒယ်ထဲထည့်သုပ်ထားတာ
မစားခင်အဲလို ထမင်းဇလုံတွေကိုသေချာတန်းစီထားသေးတယ်
ဒါက အာလူးနဲ့အသားဟင်းကိုအရည်ကျဲလေးချက်ထားတာ
ထမင်းမစားခင် ဘုရားရှိခိုးကြသေးတယ်...။ သူတို့လေးတွေ အဲလို တစ်ဇလုံထဲ စုပြီးစားတာမြင်တော့ စိတ်မကောင်းဘူး...။ တကယ်ဆို ပုံစံခွက်ပန်းကန်လေးတွေတစ်ယောက်တစ်ချပ်နဲ့စားလို့ရနိုင်လျက်သားနဲ့ ဒီလောက်များတဲ့ကလေးတွေကို manage လုပ်ဖို့က system ကျဖို့တော့အများကြီးလိုသေးတယ်...။ ဥပမာ အမှိုက်ပစ်တာကအစပေါ့ အဲလို စည်းကမ်းလေးကို အစလုပ်ပေးဖို့သင့်တယ်..။ ခုတော့ ဘုန်းဘုန်းတစ်ပါးတည်း ဦးစီးဦးဆောင်လုပ်နေရတော့ မနိုင်ဘူးပေါ့...။
ဦးလေးတစ်ယောက်ကပြောတယ် အဲလိုထမင်းစားတာမြင်တော့ လူတွေက တိရိစ္ဆာန်တွေနဲ့တူသွားတယ်တဲ့..။ ကလေးတွေထမင်းစားတုန်း အဲစကားကိုပြန်ကြားယောင်မိလို့ မျက်ရည်တောင်ဝဲမိတယ်...။
ကလေးတွေများသလို ခွေးကလည်းပေါတယ်... သူတို့ရဲ့စားကြွင်းစားကျန်ကို အဲလိုလာစောင့်နေကြတာ..။
အနီရောင်မုန်လာဥဖြူ ဆူကာညွန့်
ဒိုးပင်ကျောင်းကအပြန် နှီးဘုရားဝင်ဖူးဖြစ်တယ်... ။ ဘုရားခြေရင်းက ဈေးတန်းကို အဲလိုတွေလျှောက်ရိုက်ခဲ့တယ်...။
ရွှေဖရုံသီး
အောဂဲနစ်ပန်းမုန်လာ
နှီးဘုရားအ၀င်မှာ ဗီနိုင်းကပ်ကြော်ငြာထားတဲ့ ဒိုးပင်မိဘမဲ့ကျောင်းက ဘုန်းဘုန်း
ပြင်ဦးလွင်က တစ်ဆူတည်းသော နှီးဘုရား
နှီးနဲ့ယက်ထားတဲ့ သပိတ်
ဘုရားပေါ်ကနေမြင်ရတဲ့ ကျောက်တောင်
ထောပတ်သီးတွေတစ်လုံးတစ်ရာတဲ့ အလုံးသုံးဆယ်ဝယ်ခဲ့သေးတယ်
နေ့လည်စာကို ချစ်တီးထမင်းစားကြတယ် ဈေးကြီးတယ် ဆိတ်သားနှစ်ပွဲ ကြက်နှစ်ပွဲ ငါးတစ်ပွဲနဲ့ အသုပ်တစ်ပွဲရယ် အသီးဖျော်ရည်ငါးခွက်စုစုပေါင်း နှစ်သောင်းတစ်ထောင်ကျတယ်...။
ချစ်ဆွေဖိနပ်ဆိုင်တဲ့ လူကိုကြိတ်ကြိတ်တိုးနေတာပဲ အလကားပေးတဲ့အတိုင်း တရုတ်ကလာတဲ့ဖိနပ်တွေ မျိုးစုံရှိတယ် နာမည်ကြီးဖိနပ်တွေကို အတုလုပ်ထားတာလည်းရှိတယ်။ အကြိုက်မတွေ့လို့ တစ်ရံမှမ၀ယ်ခဲ့ဘူး...။
အဒေါ်ရဲ့ ကော်ဖီခြံကိုလည်းရောက်ဖြစ်ခဲ့တယ်... ကော်ဖီစေ့ပင်တွေက ခုမှစစိုက်တုန်းမို့
မဟာအံ့ထူးကံသာဘုရား
မဟာအံ့ထူးကံသာဘုရားရင်ပြင်ပေါ်က မသိုးသင်္ကန်းယက်ဖို့ စင်ထားတဲ့ ယက်ကန်းစင်တွေ
ဘုရားမုဒ်ဝမှာရောင်းတဲ့ ကောက်ညှင်းကျည်တောက် အချို အဆိမ့်
ညနေလေးခွဲလောက်ကျတော့ ပန်းတော်ဝင်ဆိုတဲ့ကော်ဖီဆိုင်မှာ ကော်ကော်ဝင်သောက်ကြတယ်
Iris Caramel အချိုများတယ် မိုးငွေ့ကြိုက်တဲ့ ကော်ဖီခါးခါးလဲဟုတ်ဖူးး
ကော်ဖီထိုင်သောက်တဲ့နားက ကြာကန်လေး
ကော်ဖီသောက်ပြီးတော့ အနွေးထည်ဆိုင်ဆက်သွားကြတယ် လက်ဆောင်လေးဘာလေးဝယ်ဖို့အတွက်ပါ
ပုလဲဖြူအနွေးထည်ဆိုင်က မြန်မာဗီဒီယိုကားတွေမှာပါနေကျဆိုင်လေးပါ...လူတွေများအလကားပေးတဲ့အတိုင်း ကြိတ်ကြိတ်ကိုတိုးလို့... အဲလိုတိုးတဲ့အထဲကိုယ်တွေလည်းပါတယ်လေ..း)
မေမြို့ရဲ့တန်ဆောင်မုန်းလပြည့်မတိုင်ခင်ည
ပြင်ဦးလွင်မှာ ဒီနေရာလေးကိုအကြိုက်ဆုံးပဲ... wood land တဲ့ ဆိုင်နာမည်လေးက..။ European စားသောက်ဆိုင်လေးပါ... ။ ကိုယ်တွေသွားတော့ နေရာတောင်မရှိဘူး စားပွဲဝိုင်းတွေက reserve တွေချည်းပဲ..။ သဘောကျဆုံးက unplugged ပါလို့ပဲ...။
ဘယ်ဝိုင်းမှမအားဘူးဆိုလို့ ဒီဘားမှာပဲထိုင်ဖို့ဆုံးဖြတ်လိုက်တယ်... မိုက်တယ်မလား ကော့တေးလေးသောက်ကြမယ်လေ...။ အန်ပလပ်ဝိုင်းက အဲဒီဘားဘေးမှာပဲ...။ ကောက်တေးလ်ကို အဲလောက်ကြီးမကြိုက်ဘူး ဂျင်တို့ မာတီးနီးတို့နဲ့ဖျော်တဲ့ ချိုခါးပူအရသာကိုမကြိုက်တာ... ဒါပေမယ့်လည်း သောက်ဖူးသည်ရှိအောင် သောက်ကြည့်ခဲ့ပါတယ်...။ ဘားမှာထိုင်ပြီးမှာနေတုန်းရှိသေး ဘေးတစ်ဖက်က၀ိုင်းအားသွားလို့ ပြောင်းလိုက်ကြတယ်..။
မျှော်လင့်ထားတာကတော့ အဒဲလ်တို့ မရိုင်ယာကယ်ရီတို့ ဘီယွန်စေးတို့ရဲ့ သီချင်းအနှေးတွေကိုများ ဆိုမလားပေါ့...။ ဟိ..ကိုယ်နားထောင်ချင်တာတွေပဲပြောနေသလို.. အဲဒီဦးထုပ်စောင်းထားတဲ့အဆိုတော်က ကိုညီထွဋ်သီချင်းပဲ ဆိုပါတယ် နောက်တစ်ယောက်က ဘန်နီဖြိုး နောက်တစ်ယောက်က စိုင်းထီးဆိုင်...။ ကဲသူတို့ဝိုင်းမှာ အဆိုတော်သုံးယောက်ပဲရှိတယ်...။
shyly temple တဲ့ စာလုံးပေါင်းမှားကောင်းမှားလိမ့်မယ် သေချာမမှတ်ခဲ့ရလို့
Old Fashion တဲ့ သူက ၀ီစကီနဲ့ဖျော်တာ ခွက်ထဲမှာ ချယ်ရီသီးလေးတွေ့လို့ပြောပြဦးမယ်..။ ချယ်ရီသီးကိုပါးစပ်ထဲထည့် အသီးကိုမျိုချပြီးကျန်တဲ့အညှာကို လျှာနဲ့ရအောင်ထုံးနိုင်ရင် good kisser တဲ့..။ မလုပ်ဖူးသေးတဲ့ ယောက်ျားကလေးများ စမ်းလုပ်ကြည့်ချင်ရင်ပြောပြလိုက်ပါတယ်...။ ကိုယ်တိုင်လည်းကြားဖူးတာပါ စမ်းမလုပ်ကြည့်ဖူးပါဘူး ချယ်ရီသီးကိုလည်းမကြိုက်လို့လေ...:P ဟိ ကလေးတွေကို မဟုတ်တာသင်ပေးသလိုများဖြစ်သွားပြီလား...။
ယိုးဒယားငါးခူမွကြော်သုပ်
ကြက်ကြွတ်ကြော်နဲ့ ၀က်သုံးထပ်သားပေါင်း
စားသောက်နေတုန်းမှပဲ မြူတွေအရမ်းကျလာတယ် မှုန်ရီဝါးဝေနေတာတွေ့လား
အားနာတယ် ဓါတ်ပုံတွေကို ကောင်းကောင်းမရိုက်တတ်လို့ မြင်ကွင်းက မလှမပဖြစ်နေတယ်
ထင်းရှူးပင်လေးနဲ့မြက်ခင်းစိမ်းစိမ်းလေးနဲ့ မြူတွေကျလာတာ အေးစိမ့်နေရော သိပ်နေလို့ကောင်းတယ်
ကိုယ်တို့ထို်င်တဲ့ဝိုင်းနောက်ကျောက သစ်ရွက်ကြားကသာနေတဲ့လ
Day 3 ကိုမျှော်ပေးဦးနော်...း)
မိုးငွေ့
3 comments:
မမိုးရဲ့ ခရီးလေး သာယာပါစေနော်.
ပုံလေးတွေ တွေ့ရတာ ကြည်နူးမိပါတယ်.
ချစ်ခင်စွာ
သဒ္ဓါ
သနားစရာကောင်းတဲ့ ကလေးတွေ၊ လှပတဲ့ ရှုခင်းတွေ၊ စားချင်စရာ သောက်ချင်စရာကောင်းတဲ့ အစားအသောက်တွေ၊ ထိုင်ချင်စရာ ကောင်းတဲ့ စားသောက်ဆိုင်လေးနဲ့ ကြည်နူးစရာကောင်းတဲ့ မြူခိုးဝေဝေ ညချမ်းလေး… ပို့စ်တစ်ပုဒ်ထဲမှာ ရသတွေ အားလုံး စုံသွားခဲ့တယ် ညီမရေ…၊း)
မဖတ်ရသေးတဲ့ အပိုင်း ၁ ကိုလည်း တပါတည်း ပေါင်းဖတ်သွား သလို အပိုင်း ၃ ကိုလည်း စောင့်နေမယ်နော်…။
မကြီး
ကလေးတွေထမင်းစားတဲ့ပုံတွေ့တော့
စိတ်မကောင်းလိုက်တာ အမရာ..
ပြင်ဦးလွင်ညကတော့တကယ်ကို မိန်းမော
စရာကောင်းတယ်နော် ..
Post a Comment