Friday, 8 November 2013

တနင်္ဂနွေအကြိုလက်ဆောင်.....


ရော့ ... အိန်ဂျယ်.. ယူသွား.... ကိုယ့်ရဲ့ တနင်္ဂနွေအကြိုလက်ဆောင်



တခါတခါကိုယ့်ဘေးမှာ ဘယ်သူမှမရှိ(မင်းမရှိတော့ဘူး)ဘူးဆိုတာ သေချာစေခဲ့တဲ့အချိန်ကျရင် သိမ်ငယ်မှုတွေက ကြမ်းရှစွာ အလိုလို စီးမျောဝင်လာကြတယ်…။ တကယ်တော့ မင်းဟာ ကိုယ့်နှလုံးသားတစ်ခုတည်းအတွက်မဟုတ်ဘဲ ကိုယ့်စိတ်အတွက်ပါ အင်အားတစ်ခုဖြစ်စေတယ်…။ အတွေးလေးတစ်ခုတည်းနဲ့ပါ…။

ဆောင်းရနံ့တွေခပ်ငွေ့ငွေ့လေး ဝင်ရောက်လာခဲ့ပြီဖြစ်ပေမယ့် အထီးကျန်မှုရဲ့ အပူရှိန်တွေက နေမင်းနဲ့အပြိုင်ရှိလှတယ်…။ 

မင်းအကြောင်းအက်ဆေးလေးတွေကို မင်းတော့မသိဘူး… တိုးတိုးတိတ်တိတ်လာဖတ်တတ်တဲ့ သူတချို့တောင်မှကိုယ့်ကို ဂရုဏာတက်သူတက်… မင်းပါတဲ့ အက်ဆေးတွေကို စွဲလန်းသူကစွဲလန်းနဲ့ ရှိနေကြလေရဲ့…။ ကိုယ့်ကိုလည်း တော်တော်လွမ်းတတ်သူပဲလို့ သနားဂရုဏာတက်ရာက ချစ်ခင်သက်ဝင်သူလည်းရှိရဲ့…။ သူတို့လည်းဖတ်ရင်း ဖတ်ရင်းနဲ့ အိန်ဂျယ်ဟာ တကယ်အပြင်မှာ ရှိသလားလို့ သိချင်စိတ်တွေပြင်းပြနေလေရဲ့….။

ဘုရားသခင် ဖန်ဆင်းပေးတဲ့ ပန်းသီးလေးတစ်လုံးကို စားသုံးပြီးတဲ့နောက်….ကိုယ့်ရဲ့ အိန်ဂျယ်ဟာ ဘယ်သူဘယ်ဝါဖြစ်ပါတယ်လို့ အားလုံးမြင်အောင် ကိုယ်ပြသပိုင်ခွင့်မရှိတော့ပါဘူး…။ ကိုယ်ဖွင့်ကြည့်လိုက်မိတဲ့ ပန်ဒိုရာသေတ္တာလေးထဲမှာ ဘာရှိလည်းလို့ ပြန်ပြောပြလို့မရသလိုမျိုးပေါ့….။ 

တကယ်တမ်းနေစိမ့်နိုင်လွန်းသူက ကိုယ်မဟုတ်ပါဘူး… မင်းရယ်ပါ…အိန်ဂျယ်………။
စာမျက်နှာပေါင်းမြောက်များစွာ စကားလုံးပေါင်းများစွာသော မျက်ရည်တွေနဲ့ ငိုပြနေတာတောင်မှ စာနာသောအားဖြင့် တခါကလေးမျှတောင် လာမနှုတ်ဆက်ခဲ့ဖူးဘူးနော်….။ ထားပါလေ…ကိုယ့်ကို ရက်စက်တတ်သော တကိုယ်ကောင်းဆန်သော မာနကြီးသော… မိန်းမတစ်ယောက်လို့မြင်တာ မင်းတစ်ယောက်တည်းမှမဟုတ်ဘဲ…။

ကိုယ်ဖြတ်ကျော်ရဦးမှာပါ…… ဟုတ်တယ် ရှည်လျားသော ခရီးအရှည်ကြီးဆီသို့ ကိုယ်အထီးကျန်စွာ တစ်ယောက်တည်း ရှေ့ဆက်ရဦးမှာပါ…။ 



မိုးငွေ့



1 comment:

သိ င်္ဂါ ရ said...

တစ်ယောက်တည်း ... နေ့တွေ ...

တစ်ယောက်တည်း ... ညတွေ ...

[ ကို ညီထွဋ် ... သီချင်းစာသားများ ... အမှတ်ရမိ ]