ကိုယ်ဟာ…ပန်းကလေးတစ်ပွင့်ဆိုကြပါစို့….။
စမ်းရေစီးမှာ ဆယ်သူမဲ့မျောချင်တိုင်းမျောနေတဲ့ ပန်းကလေးတစ်ပွင့်ပေါ့…..။ တစ်ခါတစ်လေ…ကမ်းကပ်ချင်ကပ်မယ် ရေစီးနဲ့အတူ ထပ်ပြီးမျောချင်မျောနေဦးမယ်ပေါ့..။
တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျယ်ပြောလှတဲ့ ကိုယ်ချစ်သော ပင်လယ်ပြာပြာထဲကိုရောက်ရနိုးနိုးပေါ့လေ……။
တခါတရံ ပူပြင်းတဲ့နေရောင်အောက်…....
တခါတရံမိုးသက်လေပြင်းအောက်…......
တခါတရံ အေးစက်မှောင်မိုက်သောညအောက်……………
တခါတရံ တိတ်ဆိတ်တဲ့ ပြာလဲ့လဲ့လရောင်အောက်…......
မင်းကတော့ ဘယ်ဆီမှာ…လွင့်ဝဲလို့…နေသလဲ ကိုယ်မသိနိုင်ပါဘူး…….။
နေ့စဉ်ဘဝအမောထဲ အားတင်းလို့ ရုန်းကန်နေရသလား……….. ?
စိတ်ပျက်စရာတွေကို တခုခုနဲ့အစားထိုးပြီး မေ့လျော့ချင်ယောင်ဆောင်နေရသလား……?
တခါတခါ အဝေးတနေရာက မင်းကို တိတ်ဆိတ်စွာလွမ်းနေတတ်သော မိန်းမတစ်ယောက်ကို စက္ကန့်ပိုင်းကလေးဖြစ်ဖြစ် မင်းသတိရနေတတ်သလား………….?
ကန်ရေပြင်တစ်ခုလို မင်းရဲ့ အဖြူရောင်စကားလုံးတွေဖြန့်ကျဲထားရာ နေရာကို အကြာကြီးငေးမောကြည့်နေမိတယ်……။
သံစဉ်တွေက ဆူညံတိုးတိတ်စွာ တိုးဝင်လာကြပြန်တယ်…..။
နာကျင်မှုအစုအဝေးတစ်ခုကို ရင်ဝယ်ပိုက်လို့ မျောလွင့်နေရတာ…
တကယ်တော့ ထွက်ပေါက်တစ်ခုလည်း မဟုတ်ခဲ့ပါဘူး….။
မိုးငွေ့
8 comments:
:( :( :(
နာကျင်မှုအစုအဝေးတစ်ခုကို ရင်မှာပိုက်ရင်း လွင့်မျောပန်းတစ်ပွင့်အကြောင်း ဖတ်သွားတယ် မိုးငွေ့ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အိန်ဂျယ်စာစုတွေက ကိုယ့်ခံစားချက်တွေနဲ့  တိုက်ဆိုင်တယ်...Template သစ်လေးက လန်းတယ်...း)
အိမ်အသစ်လေးက ပန်းရောင်အေးအေးလေး လှတယ် မမိုးငွေ့။ စာသားတွေလည်း အရမ်းရင်ထဲထိတယ်။ (တခါတခါ အဝေးတနေရာက မင်းကို တိတ်ဆိတ်စွာလွမ်းနေတတ်သော မိန်းမတစ်ယောက်ကို စက္ကန့်ပိုင်းကလေးဖြစ်ဖြစ် မင်းသတိရနေတတ်သလား………….?) အရမ်းတိုက်ဆိုင်လွန်းနေတယ်:) အားပေးလျှက်နော်

tattoo ဆိုတာတော့ ဘယ်လို ဖျက်ဖျက် ဖျက်လို့ မရဘူးထင်တယ်နော်..။
Post a Comment