နင် ပျော်နေတယ်ဆိုတာ
ငါ နင့်မျက်နှာကိုမမြင်ရပေမယ့်
ခံစားသိနေတယ်......။
နင်ပျော်တော့ ငါလည်းပျော်တယ်..
နင့်ဆီိကို တခါတရံမှ ရောက်လာတတ်တဲ့
ပျော်ရွှင်မှုတွေကို... မျှဝေယူရမှာတောင်
နင့်အတွက် ငါကနှမြောပေးနေတာ....။
ဘာလို့...နင့်ဆီကို စိတ်ညစ်စရာတွေက
အတောင်ပံတပ်ပြီး ခဏခဏရောက်လာရသလဲ...
ဒါမှမဟုတ် နင်ကိုက စိတ်ညစ်တတ်လွန်းသူလား...။
နင့်မှာ နွေးထွေးတဲ့ ရင်ခွင်တစ်စုံရှိတယ်...
နင့်ကို ကာကွယ်အုပ်မိုးပေးမယ့် လက်တစ်စုံရှိတယ်...
အဲလို ချစ်ခင်ကြင်နာတဲ့ သူတစ်ယောက်ပိုင်ဆိုင်ထားတာ...
ကဲ ဒါဆိုဘာလိုသေးလဲ......။
နင်စိတ်ညစ်တဲ့အခါတိုင်း
နင့်ကိုချစ်တဲ့ သူတစ်ယောက်
နင့်ကိုအားပေးတတ်တဲ့ သူတစ်ယောက်
နင့်ကိုနှစ်သိမ့်ပေးတတ်တဲ့ သူတစ်ယောက်
အမြဲရှိနေတယ်ဆိုတာ အမှတ်ရပေးပါ.....။ (မိုးငွေ့)
သူငယ်ချင်းလေးတစ်ယောက်အတွက်...အမှတ်တရရေးပေးသော မတတ်တခေါက်ကဗျာလေးပါ...း)
3 comments:
ချစ်ကြီးလွန်းသူ တစ်ယောက်ကို ကဗျာထဲမှာမြင်လိုက်ရတယ်
ဘာလို့လဲဆိုတော့ ခံစားချက်မျက်မှန်နဲ့
ဖတ်ကြည့်လိုက်လို့လေ
ပုံ
မောင်မောင်ဘကြိုင်း)
အဲဒီသူငယ်ချင်းလေး အမြဲပျော်ပါစေ...
မတောက်တခေါက်ပေမဲ့ ဖတ်လို့ကောင်းတယ် မိုးရေ.
နင့်မှာ နွေးထွေးတဲ့ ရင်ခွင်တစ်စုံရှိတယ်...
နင့်ကို ကာကွယ်အုပ်မိုးပေးမယ့် လက်တစ်စုံရှိတယ်...
အဲလို ချစ်ခင်ကြင်နာတဲ့ သူတစ်ယောက်ပိုင်ဆိုင်ထားတာ...
ကဲ ဒါဆိုဘာလိုသေးလဲ....ဟုတ်တယ်နော်..ဘာမှမကို မလိုတော့ဘူးနော်...။
Post a Comment